စက်တင်ဘာလ ၂၆ ရက်နေ့တွင် “ပြာလဲ့လဲ့ရေကန်၊ စိမ်းလန်းသောမြို့ပြ” တရုတ်နိုင်ငံ မီဒီယာများ၏ ၂၀၂၀ ပြည့်နှစ် ချိန်ကျမ်းမြို့ခရီးစဉ် ဖွင့်ပွဲအခမ်းအနားကို ချိန်ကျမ်းမြို့၌ ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။
ယခုအကြိမ်အစီအစဉ်သည် ၃ ရက်ကြာ ကျင်းပခဲ့သည်ဖြစ်ပြီး ပြည်သူ့နေ့စဉ်သတင်းစာ၊ ကွမ်မြင် နေ့စဉ်သတင်းစာ၊ ဆင်ဟွာသတင်းကွန်ရက် စသည့် တရုတ်နိုင်ငံတော်အဆင့် မီဒီယာ ၇ ခု၊ ကျက်ကျန်း နေ့စဉ်သတင်းစာ၊ ပေကျင်းနေ့စဉ်သတင်းစာ၊ ဆင်ဟွာနေ့စဉ်သတင်းစာ စသည့် ပြည်နယ်အဆင့် မီဒီယာလုပ်ငန်း ၂၀ ခု၊ ယူနန်နေ့စဉ်သတင်းစာ၊ ယူနန်အသံလွှင့်နှင့်ရုပ်မြင်သံကြားဌာန၊ ကူမင်းနေ့စဉ် သတင်းစာ စသည့် ယူနန်ပြည်နယ်မှ သတင်းစာလုပ်ငန်း ၁၁ ခု စုစုပေါင်းမီဒီယာ ၅၁ ခုမှ သတင်းထောက် များသည် ချိန်ကျမ်းမြို့ သို့ သွားရောက်လေ့လာခဲ့ကြပြီး ဇီဝသဘာဝကာကွယ်ထိန်းသိမ်းရေး၊ စီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့အား တွေ့ဆုံမေးမြန်းခဲ့ကြပါသည်။
ချိန်ကျမ်းမြို့သည် ထူးခြားသောသယံဇာတပေါကြွယ်ပြီး တရုတ်ပြည်တွင် ရေသိုလှောင်နိုင်စွမ်း အကြီးမားဆုံးသော ရေနက်ရေချိုရေကန် ဟူရှန်းရေကန်ကြီး ရှိပါသည်။ ထို့ပြင် တရုတ်နိုင်ငံအတွင်း ပထမဆုံးသော ကမ္ဘာ့အဆင့် ကျောက်ဖြစ်ရုပ်ကြွင်းအမွေအနှစ်ဖြစ်သည့် မောက်ထျန်းရှန်းတောင် သည်လည်း ချိန်ချမ်းမြို့တွင်တည်ရှိသည်။
ယခုနှစ်ပိုင်းတွင် ချိန်ကျမ်းမြို့သည် ဇီဝသဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်ထုတ်လုပ်ငန်း အဆင့်မြင့်တင်ခြင်း၊ လူနေမှုစီမံအုပ်ချုပ်ခြင်း စသည့် နယ်ပယ်တွင် အောင်မြင်မှုရလဒ်များစွာကို ရရှိခဲ့သည်။ မှတ်သားထိုက်သည့် အချက်တစ်ချက်မှာ ချိန်ကျမ်းမြို့သည် ဟူရှန်ရေကန်ကြီး၏ ရေကို ပထမအဆင့် အမြဲတမ်းတည်ရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ မောက်ထျန်းရှန်းတောင်နှင့် ဟူရှန်းရေကန်ကြီးကို အခြေပြုပြီး ဇီဝ သဘာဝပတ်ဝန်းကျင်ကောင်းမွန်သော မြို့ပြကို တည်ဆောက်ကာ မြို့ပြဖွံ့ဖြိုးတိုးတက်ရန် တံခါးဖွင့် မူဝါဒကိုလည်း ကျင့်သုံးဆောင်ရွက်နေသည့်အပြင် ခရီးသွားလာရေးဖြင့် မြို့ပြ၏စီးပွားရေးကို ဖြစ်ထွန်းစေလျက်ရှိသည်။