ယခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် “ယူနန်ကို လည်ပတ်ခြင်းမှတစ်တင့် ချမ်းမြေ့သာယာသော ဘဝကို လေ့လာခြင်း” အထူးမီဒီယာအဖွဲ့သည် ယူနန်ပြည်နယ် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာ ကူးသန်း ရောင်းဝယ်ရေး အနုညာတစီရင်ခြင်းဝန်ဆောင်မှုစင်တာ (အောက်တွင် “ဝန်ဆောင်မှုစင်တာ”ဟု ရေးသား မည်) သို့ သွားရောက် သတင်းရယူခဲ့ပါသည်။
ဝန်ဆောင်မှုစင်တာသည် တရုတ်(ယူနန်)လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန်-ကူမင်းဇုန်တွင် တည်ရှိသည်။ “အရင်က ကျွန်တော်တို့စင်တာထဲက မွမ်းမံသင်တန်းခန်းမ၊ ရုံးခန်း စတာတွေပဲရှိတယ်။ စက်တင်ဘာလ လကုန်မှာ ဒစ်ဂျစ်တယ်ဒေတာတရားရုံး၊ ဧည့်ခန်း၊ ဖျန်ဖြေခန်း စတာတွေကို တည် ဆောက်ပြီးစီးခဲ့ပြီး တရားရုံး၊ ဥပဒေရုံး၊ ခုံသမာမိဖြင့် စီရင်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဖျန်ဖြေခြင်း စတဲ့ရုံး ခန်းတွေက တပေါင်းတစည်းတည်း ဖြစ်လာပါတယ်” ဟု အဆိုပါဝန်ဆောင်မှုစင်တာ၏ ဝန်ထမ်း တစ်ဦးက ပြောသည်။
ဝန်ဆောင်မှုစင်တာသည် ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည်၌ ပထမဆုံး တည်ဆောက်ခဲ့ပြီး စူပါမားကတ် ပုံစံဖြစ်သော အပြည်ပြည်ဆိုင်ရာအငြင်းပွားမှုများ ဖြေရှင်းပေးသောပလက်ဖောင်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။
ကျင့်ဟွေ့ကျွင်းသည် တရုတ်အနုညာတစီရင်ခြင်းဥပဒေသုတေသနအသင်းရှိ အနုညာတစီရင် ခြင်းနှင့် ဖျန်ဖြေခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကော်မတီ၏ ဒုတိယအတွင်းရေးမှူး ဖြစ်သည်။ ယခုနှစ် ၆ လပိုင်းတွင် သူသည် ပေကျင်းမှ ကူမင်းသို့ ရောက်ခဲ့ပြီး ဝန်ဆောင်မှုစင်တာအတွင်း အခြေချရုံးစိုက်ခဲ့ သည်။
“ပြည်သူပြည်သားတွေက အမှုအခင်းထဲမှာ တရားဥပဒေရဲ့ မျှတမှု၊ တန်းတူညီမျှမှုကို ခံစားနိုင် ခြင်းဟာ ကျွန်တော်တို့ရဲ့ပန်းတိုင် ဖြစ်ပါတယ်။ ကြိုးစားလုပ်ဆောင်နေပါတယ်။ အဲဒါကလည်း ချမ်းမြေ့ သာယာတဲ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” ဟု ကျင့်ဟွေ့ကျွင်းက ပြောသည်။ သူသည် တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန် -ကူမင်းဇုန်တွင် အမြဲတမ်းအခြေချရုံးစိုက်ကာ တရုတ် ကုမ္ပဏီလုပ်ငန်းများ ပြည်ပသို့ ရင်းနှီးမြှုပ်နှံခြင်း၊ နိုင်ငံခြားလုပ်ငန်းများက တရုတ်သို့ လာရောက်ရင်းနှီး မြှုပ်နှံခြင်း၊ နိုင်ငံခြားသားဝန်ထမ်းများအခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း စသည့်ကဏ္ဍတွင် ဥပဒေ ဆိုင်ရာ သက်သာချောင်ချိသော ပရဟိတဝန်ဆောင်မှုများကို လမ်းဖွင့်ပေးခဲ့သည်။
ဝန်ဆောင်မှုစင်တာအတွင်း ကျင့်ဟွေ့ကျွင်းကဲ့သို့ တရုတ်ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်းကျိုး စသည့် မြို့ကြီးပြကြီးမှ လာရောက်သော ဥပဒေကျွမ်းကျင်ပညာရှင် အများအပြားရှိသေးသည်။ ကွမ်ကျိုးမှ ရှေ့နေချိန်ရှောင်ဟွားသည်လည်း ၎င်းတို့အနက်တစ်ဦးဖြစ်သည်။
ချိန်ရှောင်ဟွားသည် ကျုံးကြည့် ပဋိပက္ခနှင့်အငြင်းပွားမှု ဖြေရှင်းရေးဌာန၏ အများပြည်သူဥပဒေ ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်။ ပရဟိတအဖွဲ့အစည်းတစ်ခုအနေဖြင့် သူမတာဝန်ထမ်းဆောင်သည့်ဌာနအတွက် အဓိကအလုပ်သည် တရားရုံး၏ ဖိအားဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ပေးရန် ဖြစ်သည်။ စီးပွားရေးအငြင်းပွားမှုများကို တတ်နိုင်သလောက် တရားရုံးမတင်မီ အမြန်ဆုံး ဖြေရှင်းပေးနေသည်။
သတင်းအရ၊ ဝန်ဆောင်မှုစင်တာသည် ၂၀၁၇ ခုနှစ် စတင်တည်ထောင်ကတည်းက မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အိန္ဒိယ စသည့်နိုင်ငံများမှ ကုန်သည်များအတွက် စီးပွားရေးအငြင်းပွားမှုကို ဖြေရှင်းပေးခဲ့သကဲ့သို့ မြန်မာ၊ သီရိလင်္ကာ၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်ဟောင်ကောင်၊ တရုတ်မာကာအို စသည့်နိုင်ငံနှင့်ဒေသတွင်း နိုင်ငံတကာစီးပွားရေးအငြင်းပွားမှုများ ဖြေရှင်းရေး ဝန်ဆောင်မှုစခန်း ၈ ခု တည်ဆောက်ခဲ့ပါသည်။ နိုင်ငံအသီးသီးမှ တရားဥပဒေကျွမ်းကျင်ပညာရှင် ၁၀၀ ကျော်အား စင်တာအတွင်း ကျွမ်းကျင်ပညာရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားပါသည်။
“လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန်ရဲ့ ပြုပြင်ပြောင်းလဲခြင်းနဲ့ တီထွင်ဆန်းသစ် ဖွံ့ဖြိုးခြင်းနဲ့ အညီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ကဏ္ဍမှာ အငြင်းပွားမှု တွေ ဆက်ပြီး တိုးများနိုင်ပါတယ်။ ဒါကြောင့်မို့ စီးပွားရေးနဲ့ကုန်သွယ်ရေး ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ် ခြင်းဆိုင်ရာ ဝန်ဆောင်မှုကလည်း အလုပ်အကိုင်အခွင့်အလမ်း အများကြီးရှိလာနိုင်တယ်။ ပိုမို ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းဟာလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် ချမ်းမြေ့သာယာခြင်းကိုဖြစ်စေတယ် မဟုတ်လား” ဟု ချိန်ရှောင်ဟွားက ပြောသည်။( Yunnan Gateway)