မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနကို တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့ပေးမှုဖြင့် စတင်တည်ဆောက်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နေပြည်တော်မြို့၌ ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။
အဆိုပါစီမံကိန်းသည် နေပြည်တော်၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးနှင့် နီးကပ်စွာတည်ရှိနေပါသည်။ စီမံကိန်း၏ တည်ဆောက်ရေးတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအဆောက်အအုံ၊ လေ့ကျင့်ရေးအဆောက်အအုံ၊ ရုံးကိစ္စစီမံခန့်ခွဲမှု အဆောက်အအုံနှင့် စမ်းသပ်ခန်း၊ အခြားပူးတွဲအဆောက်အအုံများ ပါဝင်ပါသည်။ ထို့ပြင်၊ တရုတ် ဘက်သည် ၂ နှစ်ကြာ ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို ဆောင်ရွက်ပြီး မြန်မာ ဘက်အတွက် ဆေးဘက်ဆိုင်ရာပညာရှင်များ မွမ်းမံသင်တန်း ကျင်းပမည်ဖြစ်သည်။