ယူနန်- -တိုင်းရင်းသားမျိုးနွယ်စု(၂၆)ခု၊ “ကျွန်တော်တို့အားလုံးသည် မိသားစုဝင်များဖြစ်ပါသည်”

2021-01-19 10:46:47 |သတင်းအရင်းအမြစ် 云南日报

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်သည် ယူနန်ပြည်နယ်သို့ လေ့လာရေးခရီးရောက်ရှိစဉ်က ယူနန်၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် “ခြေတလှမ်းသာလွန်ခြင်း”၊ “ရပ်တည်ချက်သုံးရပ်”၊ “အင်အားစိုက်ထုတ်မှုငါးရပ်” စသည့်ရည်မှန်းချက်များကို ထုတ်ဖော်တောင်းဆိုခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်သည် ယူနန်ပြည်နယ် လေ့လာရေးခရီးထပ်မံလာရောက်ချိန်တွင် တရုတ်နိုင်ငံတိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး စံပြဇုန်တည်ဆောက်ရေး၊ ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေးတွင် ရှေ့တန်းက ရပ်တည်ရေး၊ တောင်အာရှ အရှေ့တောင်အာရှမျက်နှာပြုသော အကျိုးပြုစင်တာ စသည့်ကဏ္ဍတို့တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် ယူနန်ကို ကြိုးပမ်း လုပ်ဆောင်စေလိုပြီး တရုတ်အိပ်မက်ယူနန်အပိုင်းကို ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားပါသည်။

အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်။

“ခြေတလှမ်းသာလွန်ခြင်း” - ဖွံ့ဖြိုးတိုးတက်မှုများကို ကျော်လွှားအကောင်အထည်ဖော်‌ဆောင် နိုင်သော လမ်းကြောင်းတစ်ခုကို ကြိုးပမ်းလျှောက်လှမ်းခြင်း။

“ရပ်တည်ချက်သုံးရပ်” - တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး စံပြဇုန် တစ်ခု ဖြစ်ရန် ရပ်တည်ကြိုးပမ်းရေး၊ ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်ရေးတွင် ရှေ့တန်းက ရပ်တည်ရေးနှင့် တောင်အာရှ အရှေ့တောင်အာရှမျက်နှာပြုသော အကျိုးပြုစင်တာ ဖြစ်ပေါ်လာ အောင် ရပ်တည်ကြိုးပမ်း ဆောင်ရွက်ရေး။

“အင်အားစိုက်ထုတ်မှုငါးရပ်” - စီးပွားရေးတည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အားသွန် ခွန်စိုက် ထိန်းသိမ်းခြင်း၊ ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းများ တည်ဆောက်ရေးကို အားသွန်ခွန်စိုက် တိုက်တွန်းခြင်း၊ သဘာဝပတ်ဝန်းကျင်‌ ဂေဟစနစ် ကာကွယ်ထိန်းသိမ်းမှုကို အားသွန်ခွန်စိုက် တွန်းအားပေးခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်စေခြင်း၊ ပါတီအဖွဲ့အစည်း၏ အကျိုး သက်ရောက်မှုကို အားသွန် ခွန်စိုက်အာရုံစိုက်စေခြင်း။

အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က ယူနန်ပြည်နယ်သို့‌ လေ့လာရေးခရီးစဉ် လာရောက် ရှိစဉ်က ပြောကြားခဲ့သော မိန့်ခွန်းများသည် ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ဆောင်ရေးတွင် အခြေခံကျသည့် လိုက်နာကျင့်သုံးနေသောအဓိကမူဝါဒ ဖြစ်ပါသည်။

ယူနန်ပြည်နယ်ပါတီကော်မတီ၊ ပြည်နယ်အစိုးရတို့သည် ပြည်နယ်တခုလုံးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု အသီးသီး၏ ဝန်ထမ်းများကို စည်းရုံးကာ အထက်မိန့်ဆို မှာကြားချက် များကို မလွဲမသွေမှတ်သားလိုက်နာကြရန် လမ်းညွှန်ထားပါသည်။ တက်ကြွသော ဝန်ဆောင်မှု များ‌ပေးခြင်းနှင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးဗျူဟာအတိုင်း အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုများကို ကျော်လွှားအကောင်အထည် ဖော်‌ဆောင်နိုင်သော လမ်းကြောင်းတစ်ခု ကို ကြိုးပမ်းလျှောက်လှမ်းနေကြပါသည်။

ယူနန်ပြည်နယ်ပါတီကော်မတီ၊ ပြည်နယ်အစိုးရ၏ ဦးဆောင်မှုအောက်တွင် ယူနန်ပြည်နယ် တိုင်းရင်းသားလူမျိုးများနှင့် တိုင်းရင်းသားများနေထိုင်သည့်ဒေသများ၏ စီးပွားရေးနှင့် လူမူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသွင်ပြင်လက္ခဏာများ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာပါသည်။

ယူနန်ပြည်နယ်တိုင်းရင်းသားလုပ်ငန်းအကျိုးဖြစ်ထွန်းမှုများအကြောင်း-

၀၁
တိုင်းရင်းသားဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိန်းဂဏန်း။

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပြည်နယ်တစ်ခုလုံးရှိ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ တစ်နှစ်တာ ပျမ်းမျှထုတ်လုပ်မှုစွမ်းရည်သည် (၉.၅%) တိုးမြင့်လာသည်ကို တွေ့ရ သည်။ စီးပွားရေး၊ လူမူရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကစံညွှန်းကိန်းသည် နှစ်စဉ်တိုးမြင့်မှုပမာဏ က ပြည်နယ်တစ်ခုလုံး၏ ပျမ်းမျှပမာဏထက် မြင့်နေခြင်းဖြစ်သည်။

ပြည်နယ်တစ်ခုလုံးအတွင်းတွင် ဆင်းရဲနွမ်းပါးသောခရိုင်(၈၈)ခု၊ ဆင်းရဲနွမ်းပါးသူဦးရေ (၅.၅၆၀၆)သန်းကို ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ “အခြေခံလူတန်းစားအဖွဲ့အစည်း (primitive society)မှ ခေတ်သစ်ကာလသို့ တိုက်ရိုက်ဖြတ်သန်းတိုင်းသည့် ရင်းသား” (၁၁)စုနှင့် လူဦးရေနည်းသော တိုင်းရင်းသားမျိုးနွယ်စုအား ဆင်းရဲနွမ်းပါးမှုလျော့ချ ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

၀၂
စံပြတည်ဆောက်ခြင်း။

ယခုလက်ရှိအချိန်ထိ ပြည်နယ်တစ်ခုလုံးအတွင်းတွင် ပြည်နယ်ခွဲ(မြို့) (၆)ခုနှင့် ဌာန(၅၉)ခု တို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ခြင်း စံပြပြည်နယ်ခွဲ(မြို့)နှင့် စံပြဌာနအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ ဌာန(၁၀)ခုသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ ပညာရေး အခြေခံစခန်းအဖြစ် သတ်မှတ်ခြင်းခံရပါသည်။

၀၃


နယ်စပ်စည်ပင်သာယာရေး ပြည်သူကြွယ်ဝချမ်းသာရေး

၂၀၁၃ ခုနှစ်မှစတင်ပြီး သုံးကြိမ်ခွဲလုပ်ဆောင်သည့် စံပြဇုန်တည်ဆောက်ရေး “ခရိုင်ဆယ်ချီ၊ ရပ်ရွာရာချီ၊ ကျေးရွာထောင်ချီ၊ အိမ်ထောင်စုသောင်းချီ” စံပြတည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ခဲ့သည်။ ယခုအချိန်အထိ ရင်းနှီးမြှပ်နှံငွေ တရုတ်ယွမ် (၃၀၃၉၈) သန်းကို ထည့်သွင်းခဲ့ပြီးဖြစ်သည်။ စံပြခရိုင်(၃၆)ခု၊ စံပြရပ်ရွာ(၂၆၄)ခု၊ စံပြကျေးရွာ (၃၇၁၁)ခု ကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ်မှစတင်ပြီး နှစ်ကြိမ်ခွဲလုပ်ဆောင်သည့် “နယ်စပ်စည်ပင်သာယာရေး ပြည်သူကြွယ်ဝ ချမ်းသာရေးစီမံကိန်း နယ်စပ်ဒေသနေပြည်သူလူထု ထုတ်လုပ်မှုစွမ်းရည်နှင့် နေထိုင်မှု အခြေအနေအဆင့်မြင့်တင်ရေး သုံးနှစ်စီမံကိန်း” ကို အကောင်အထည် ဖော်ဆောင်နေပြီ ဖြစ်သည်။

၂၀၂၀ ခုနှစ်မှစတင်ပြီး နယ်စပ်ဒေသများတွင် သာယာဝပြောသော စံပြကျေးရွာ (၃၀)ကို ဦးစွာတည်ဆောက်ခဲ့သည်။ ကျေးရွာတစ်ခုစီအတွက် တရုတ်ယွမ်(၁၀)သန်း အသုံးပြုသွားသည် ဖြစ်သည်။

“တစ်ဆယ့်လေးကြိမ်‌‌မြောက်ငါးနှစ်တာစီမံကိန်းကာလ” တွင် နယ်စပ်ဒေသရှိ (၃၇၃)ခုသော အုပ်ချုပ်မှုကျေးရွာအားလုံးကို အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်သော ခေတ်မီသော သာယာဝပြောသော နယ်စပ်စံပြကျေးရွာအဖြစ် တည်ဆောက်သွားရန်စီမံထားပါသည်။

၀၄
လမ်းပန်းဆက်သွယ်ရေး။

ယခုအချိန်ထိ တိုင်းရင်းသားဒေသများတွင် ဖွင့်လှစ်အသုံးပြုနေသော လေဆိပ်ပေါင်း(၁၀)ခု ရှိပါသည်။ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ(၄)ခုသည် “မြန်နှုန်းမြင့်ရထားခေတ် ကာလ” သို့ လျှောက်လှမ်းနေပြီ ဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပထမဆုံး ရှမ်ဟဲ-ကူမင်း-ကွေ့ရန် ခရီးသည်တင် မြန်နှုန်းမြင့်ရထား၊ ယူနန်- ကွမ်းရှီသံလမ်း၏ ကူမင်း-ပိုင်စက် ကူမင်း-ပိုင်ရှက်လမ်းပိုင်း မြန်နှုန်း မြင့်ရထား စတင် ခုတ်မောင်းပြီ ဖြစ်သည်။ အဆိုပါလမ်းပိုင်းတွင် ဝံစန်ကျွမ် ၊ မြောင်တိုင်းရင်း သား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲကို ဖြတ်သန်းရပါသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ကူမင်း-ချူရှံ-တာလီ ရထားသံလမ်းကို စတင်အသုံးပြုပြီး မီးရထားများ ပြေးဆွဲလျက်ရှိသည်။ ချူရုံ ရီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ တာလီ ပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် “မြန်နှုန်းမြင့်ရထားခေတ် ကာလ”သို့ တရားဝင်လျှောက်လှမ်းလာခဲ့ပြီဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့တွင် ကူမင်းမှဟုန်ဟော ဟာနီ၊ ရီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မုံကျိမြို့တွင် မြန်နှုန်းမြင့်ရထားတွဲကို ပထမဆုံးစတင် မောင်းနှင်ခဲ့ပါသည်။