ပိုမိုလှပလာသည့် ယူနန်

2021-01-20 18:06:29 |သတင်းအရင်းအမြစ် 云南日报

၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးရှီကျင့်ဖျင်သည် ယူနန်သို့ လေ့လာရေးခရီးစဉ် ရောက်ရှိလာခဲ့သည်။ ယူနန်အား “ဂေဟယဉ်ကျေးမှုတည်ဆောက်ရေး၏ ရှေ့တန်းတပ်သားအဖြစ် ကြိုးပမ်းလုပ်ဆောင်” ဟူသည့် မဟာဗျူဟာရည်မှန်းချက်ကို အဆိုပြုတင်ပြခဲ့ ပါသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် အထွေထွေအတွင်းရေးမှူးရှီကျင့်ဖျင်သည် ယူနန်သို့ လေ့လာရေးခရီးစဉ် ထပ်မံရောက်ရှိလာခဲ့သည်။ ယူနန်မှ တရုတ်နိုင်ငံဂေဟ ယဉ်ကျေးမှု တည်ဆောက်ရေး၏ ရှေ့တန်းတပ်သား လုပ်ဆောင်မှုအပေါ်တွင် ဆန်းသစ်သော တိုးတက်မှုများ စဉ်ဆက်မပြတ်ရရှိအောင် ကြိုးပမ်းလုပ်ဆောင်ရန် တောင်းဆိုခဲ့ပါသည်။

(၆)နှစ်တာကာလအတွင်း ယူနန်၏ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးလုပ်ငန်း သည် မကြုံစဖူးသော အောင်မြင်မှုရလဒ်သစ်များ ရရှိခဲ့ပါသည်။

 

ဂေဟပတ်ဝန်းကျင် ဆက်လက်ကောင်းမွန်လာပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု ပိုမိုနက်ရှိုင်းလာကာ အလှပဆုံးပြည်နယ်တည်ဆောက်ရေးကို ဘက်စုံဖွင့်လှစ်လုပ် ဆောင်လျက်ရှိနေပါသည်။

ဆောင်းရာသီအချိန်အခါတွင် ယူနန်၏မိုးကောင်းကင်ပြာတိမ်ဖြူဖြူနှင့် ပူနွေးသော နေရောင်ခြည်အောက်၌ ကုန်းမြင့်အင်းအိုင်(၉)ခု၏ ကြည်လင်သောရေသည် တောက်ပသောပုလဲလုံးကလေးကဲ့သို့ ထွန်းလင်းနေပါသည်။

တျမ်းအင်းကန်တော်ကြီးနံဘေးတွင် ခရီးသည်များစုဝေးနေကြကာ နှုတ်ခမ်းနီ စင်ရော်ငှက်များ ပျံသန်းနေကြပါသည်။ တျမ်းအင်းကန်တော်ကြီး၏ ရေအရည် အသွေး ပိုမိုကောင်းမွန်တည်ငြိမ်လာသည်နှင့်အတူ ရာချီသောတောရိုင်းငှက် မျိုးနွယ်စိတ်များသည် တျမ်းအင်းကန်တော်ကြီးသို့ ပြန်လည် ရောက်ရှိလာကြ ပါတော့သည်။

အော်ဟိုင်ကန်တော်ကြီး၏ ရေအ‌ရည်အသွေးကောင်းမွန်တည်ငြိမ်လာပြီး တျမ်းအင်းကန်တော်ကြီး၏ ရေအရည်အသွေးသည် နှစ်(၃၀)အတွင်း အကောင်း ဆုံးအဆင့်‌သို့ ရောက်ရှိလာပါသည်။ ယူနန်၏ အင်းအိုင်ထိန်းသိမ်းရေးအတွေ့ အကြုံသည် တစ်နိုင်ငံလုံးတွင် ကျယ်ပြန့်စွာ ဖလှယ်လျက်ရှိနေပါသည်။

အစိမ်းရောင်သည် ယူနန်၏အမြင်သာဆုံးသော အရောင်ဖြစ်လာသည်။ ကောင်းမွန် အောင်ဆက်လက်ပြုပြင်ပြောင်းလဲနေသည့် ဂေဟပတ်ဝန်းကျင် အရည်အသွေး သည် ယူနန်စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အရှိန် အဟုန်ဖြင့် မြှင့်တင်ပေးနေပါသည်။

“တိရစ္ဆာန်နှင့်သစ်ပင်များနိုင်ငံ”ဖြစ်သော ယူနန်သည် နှစ်ပေါင်းများစွာတွင် ဇီဝမျိုးစုံမျိုးကွဲကာကွယ်ထိန်းသိမ်းမှုအပိုင်းတွင် နက်ရှိုင်းခြင်းနှင့် အကျိုးဖြစ်ထွန်း သော စူးစမ်းလေ့လာမှုကို လုပ်ဆောင်နိုင်ခဲ့သည်။ ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်း သည် တစ်နိုင်ငံလုံး၏ရှေ့တန်းတင်နေရာတွင် ရှိနေပါသည်။

သစ်တောဧရိယာ၊ သစ်တောစုဆောင်းမှုထုထည်၊ လွှမ်းခြုံမှု စသည့်ကိန်းဂဏန်း များသည် ကြီးမားသောတိုးတက်မှုများရှိနေပြီး မြေစိုဂေဟစနစ်၊ မြက်ခင်းဂေဟ စနစ်များအား ဆက်လက်ကောင်းမွန်အောင် လုပ်ဆောင်လာကာ ပျက်စီးသော ဂေဟစနစ်များ ပြုပြင်ပြောင်းလဲမှုများရရှိလာခဲ့သည်။ ကျောက်တောင်သဲကန္တာရာ ပုံစံ၊ ရေမြေတိုက်စားပျက်စီးမှုဧရိယာလည်း တစ်နှစ်ပြီးတစ်နှစ်လျော့နည်းလာပါ သည်။

ပြည်နယ်တစ်ခုလုံးရှိ (၉၀%)သော ပုံမှန်‌ဂေဟစနစ်သည် ထိရောက်သော ကာကွယ်မှုရရှိပြီး တန်ဖိုးကြီးမျိုးသုဉ်းအန္တရာယ်ရှိ မျိုးစိတ်များနှင့် မျိုးသုဉ်းရန် အန္တရာယ်ရှိမျိုးစိတ်များ ပြန်လည်မွေးဖွားရှင်သန်လာစေပါသည်။

(图片: 浦美玲   陈飞  张彤   李继明   杨质高  彭建生  杨峥)