သွေးချိုပမာဏတိုင်းတာနိုင်သော ခေတ်မီစမတ်မျက်ကပ်မှန်

2021-02-23 18:19:05 |သတင်းအရင်းအမြစ် 新华网

အင်္ဂလန်၊ အမေရိကန်နှင့် တရုတ်နိုင်ငံမှ သုတေသနပညာရှင်များ တီထွင်သော ခေတ်မီ စမတ် မျက်ကပ်မှန်သည် အမြင်အာရုံကို ပြုပြင်ပေးနိုင်သည့်အပြင် သွေးချိုပမာဏ၊ နှလုံးရောဂါနှင့် လေဖြတ်ရောဂါများကိုပါ တိုင်းတာပေးနိုင်သည်ဟု မကြာသေးမီက ထုတ်ဝေသည့် အင်္ဂလန်“Daily mail” သတင်းအရ သိရသည်။

သတင်းအရ အဆိုပါမျက်မှန်သည်“စမတ်”မျက်ကပ်မှန် တီထွင်မှုများမှ အောင်မြင်မှုရလဒ်တစ် ရပ်ဖြစ်ပြီး သွေးချိုပမာဏ တိုင်းတာနိုင်သည်။ တပ်ဆင်သူအဖို့ မျက်တောင်ခပ်ရုံဖြင့် မှန်ဘီ လူးအနီးအဝေး အတိုးအလျော့ လုပ်ပေးနိုင်သည်။ အဆိုပါ မျက်ကပ်မှန်၏အားသာချက်တစ်ခုမှာ မျက်ကပ်မှန်တွင် ဇယားကွက်အာရုံခံအလွှာ ပါဝင်ပြီး အလင်းရောင်၊ အပူချိန်နှင့် မျက်ရည်အတွင်းမှ ဂလူးကို့စ်အဆင့်ကို တိုင်းတာနိုင်သည်။

သုတေသနအဖွဲ့၏အဆိုအရ ဂလူးကို့စ်အဆင့်ကိုတိုင်းတာခြင်းဖြင့် သွေးချိုရောဂါစစ်ဆေးပေး နိုင်သည့်အပြင် သွေးချိုအတက်အကျနှင့် နီးကပ်စွာဆက်နွယ်သော လေဖြတ်ရောဂါနှင့် နှလုံး ရောဂါဖြစ်ပွားနှုန်းကိုပါ စောင့်ကြည့် စစ်ဆေးပေးနိုင်သည်ဟုသိရသည်။ (သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan Gateway)