ဆင်များအား နေ့စဉ်ကျန်းမာရေးစစ်ဆေးပေး

2021-03-10 12:56:30 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ အာရှဆင်များ မွေးမြူရေးနှင့်ကယ်ဆယ်ရေးစခန်းတွင် ဆင်များ သီးသန့်စောင့်ရှောက်မွေးမြူရေးဝန်ထမ်းများသည် နေ့စဥ်နေ့တိုင်း ဆင်များအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်သည်။ ဆင်များ၏ ရင်ဘတ်နှင့်ဝမ်းဗိုက်လုံးပတ်တို့၏အရွယ်အစား၊ ခန္ဓာကိုယ်အပူချိန်နှင့် ကိုယ်အလေးချိန်ကို တိုင်းတာပေးသကဲ့သို့ သွား ကျန်းမာရေး အခြေအနေကိုလည်း စစ်ဆေးပေးပါသည်။ ထို့ပြင် ကယ်ဆယ်ပေးထားသည့် ဆင်များအတွက် သတ်မှတ်ထားသည့် အချိန်အတိုင်း ပြည့်စုံစွာ ကျန်းမာရေးစစ်ဆေးပေးပါသည်။

အာရှဆင်များသည် တရုတ်နိုင်ငံ၏ ပထမအဆင့် နိုင်ငံတော်ကာကွယ်ရေးတိရစ္ဆာန်စာရင်းတွင် ပါဝင်ပြီး ယခုအချိန်တွင် တရုတ်ပြည်တွင်း၌ အကောင်ရေ ၃၀၀ ကျော်သာရှိကာ ယူနန်ပြည်နယ် စစ်ဆောင်ပန်းနား၊ ဖူအလ်နှင့် လင်ချန်းစသည့်ဒေသများတွင် နေထိုင်ကျက်စားကြပါသည်။ (သတင်းအရင်းအမြစ် - ဆင်ဟွာသတင်းဌာန။ ဘာသာပြန် - Yunnan gateway)