တရုတ်နိုင်ငံဒေသများစွာတွင် ဆွန်ယက်ဆင် (Sun Yat-sen) ကွယ်လွန်ခြင်း ၉၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

2021-03-15 16:15:19 |သတင်းအရင်းအမြစ် 综合自中新网、央视等

မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုံးစသည့်ဒေသမှ နယ်ပယ်အသီးသီး၏ ပုဂ္ဂိုလ်များသည် မစ္စတာဆွန်ယက်ဆင် (Sun Yat-sen) ကွယ်လွန်ခြင်း ၉၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့ကြသည်။

ဆွန်ယက်ဆင်သည် ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မွေးဖွားပြီး ၁၉၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ သူသည် တရုတ်နိုင်ငံ၏ ကြီးမြတ်သော အမျိုးသားသူရဲကောင်း ဖြစ်ပါသည်။ သူသည် ရှင့်ဟိုက်တော်လှန်ရေးကို ဦးဆောင်ပြီး တရုတ်နိုင်ငံ၏နောက်ဆုံးမင်းဆက် မန်ချူးမင်းဆက်အား တွန်းလှန်ကာ ပဒေသရာဇ်မင်းဆက်စနစ်ကို နိဂုံးချုပ်စေခဲ့သည်။ သူသည် တရုတ်နိုင်ငံကို သမ္မတနိုင်ငံအုပ်ချုပ်ရေးခေတ်ကာလသို့ ဝင်ရောက်စေခဲ့ပြီး အချိန်ကာလများစွာအတွင်း နိုင်ငံရေးရပ်တည်ချက်မတူညီသော တရုတ်လူမျိုးတို့က သူ့ကို နိုင်ငံတော်၏ဖခင်ဟု ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ကြသည်။( သတင်းအရင်းအမြစ်၊ CHINANEWS.COM ၊ CCTV စသည့်သတင်းဌာနမှ ကောက်နုတ်တင်ပြသည်။ ဘာသာပြန်၊ Yunnan gateway)