တရုတ်-မြန်မာ နယ်စပ်ဒေသတွင် လုပ်ကိုင်သော စာပို့သမားသုံးဦး

2021-03-26 18:18:22 |သတင်းအရင်းအမြစ် 德宏团结报

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တောင်တန်းများ၌ နေထိုင်သော ပြည်သူ ပြည်သားများသည် တောတောင်အထပ်ထပ် ဖြတ်ကျော်သွားလာကြရပါသည်။ ခေတ်သည် အလျင်အမြန် ပြောင်းလဲ လျက်ရှိသော်လည်း စာပို့သမားများသည် တောင်တန်းဒေသနေပြည်သူများနှင့် ပြင်ပတို့ အကြား ချိတ်ဆက်သော လမ်းကြောင်းတစ်ကြောင်းဖြစ်နေသေးသည်။ ပြင်ပရှိ ရွှေ့ပြောင်းအလုပ်သမား များ၏ ပို့ငွေ၊ ဝေးလံသော ပြင်ပနေရာတွင် အိမ်ထောင်ကျသောသမီးတို့မှ ပေးပို့လာသည့် စာများ … နှစ်ပေါင်း ၄၀ ကျော်အတွင်း မျိုးဆက်အဆက်ဆက် ဆက်ခံလာသော စာပို့သမား တို့သည် ယူနန်ပြည်နယ် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ ကျုံစန်ကျေးရွာ ၃၂.၅ ကီလိုမီတာရှည်လျားသော နယ်နိမိတ်အတွင်း ပြေးလွှားပို့ဆောင်ကြပြီး စောင့်ရှောက်မှုနှင့် မျှော်လင့်ချက်များစွာဆောင်ကြဥ်းပေးလာကြပါသည်။

ဟူကောချမ်းသည် မန်စီမြို့ ကျုံစန်ကျေးရွာ၏ ပထမဆုံးမျိုးဆက် စာပို့သမားဖြစ်ပါသည်။ ၁၉၇၀ ခုနှစ်ပိုင်းတွင် သူသည် ဒေသတွင်း တစ်ဦးတည်းသော စာပို့သမားဖြစ်ခဲ့ပါသည်။ ထိုစဉ်က တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တောင်တန်းများအကြား နေ့စဥ်နေ့တိုင်း လမ်းလျှောက် ဖြတ်ကျော်သွားလာခဲ့ပြီး တစ်ခါတရံ ပို့ဆောင်ရေးလမ်းခရီးစဥ်မှာ သုံး-လေးရက် ကြာတတ် သည်။ ၎င်းအလုပ် လုပ်နေသည်မှာ နှစ်ပေါင်း ၃၀ ပြည့်ခဲ့ပြီဖြစ်သည်။ ထိုသတင်း အချက်အလက်များ နောက်ကျသော ခေတ်တွင် စာပို့သမားများ၏ စာပို့ခြင်းအလုပ်သည် လူအများက လေးစားအားကျသော အလုပ်အကိုင်ဖြစ်ပါသည်။ ဒေသခံပြည်သူတို့သည် စာပို့သမားများ၏ ပစ္စည်းလာရောက် ပို့ဆောင်မည်ကို မျှော်လင့်နေတတ်ပါသည်။ ကြေးနန်း၊ စာနှင့်ငွေပို့လွှာသာမက တောင်တန်းဒေသ၏ ပြင်ပနေရာနှင့် ချိတ်ဆက်နိုင်ရန်အတွက်ပါ မျှော်လင့်ကြပါသည်။

 

ဟူကျန်းသည် ဟူကောချမ်း၏ သားဖြစ်ပြီး ဒုတိယမျိုးဆက် စာပို့သမား ဖြစ်ပါသည်။ အသက် ၁၈ နှစ်တွင် သူသည် ဖခင်၏ အလုပ်အကိုင်ကို ဆက်ခံလုပ်ကိုင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ၄၃ နှစ် ပြည့်ပြီဖြစ်သည့် ဟူကျန်းက စာပို့သမားအနေနှင့် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်နေဆဲဖြစ်ပါသည်။ ၂၅ နှစ်တာကာလအတွင်း ဟူကျန်းသည် စက်ဘီးဖြင့် အရှည်ကီလိုမီတာ ၂ သိန်းကျော် သွားလာပို့ဆောင်ခဲ့ပါသည်။

ခိုင်တာ့ယိုသည် မန်စီမြို့ ကျုံစန်ကျေးရွာ၏ ဒုတိယမျိုးဆက် စာပို့သမား ဖြစ်ပါသည်။ တစ်ပတ်လျှင် သုံးရက် မော်တော်ဆိုင်ကယ်နှင့် ၁၀၀ ကီလိုမီတာရှည်လျားသော တောင်တန်းဒေသလမ်းကြောင်းတွင် သွားလာပို့ဆောင်လျက်ရှိနေပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ခိုင်တာ့ယိုသည် တရုတ်-မြန်မာ နယ်စပ်ဒေသတွင် တည်ရှိသော ကျုံစန်ကျေးရွာစာပို့တိုက်နှင့် ကန်ထရိုက် စာချုပ်ချုပ်ဆိုခဲ့သည်။ သူသည် စာပို့သမား သာမက လည်ပတ်သူလည်းဖြစ်လာပါသည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုလွတ်မြောက်သည့်အချိန်မှစပြီး သူ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်လာပါသည်။ သူသည် ကျေးရွာနှင့် ဆက်ဆံမှု ပိုမို များပြားလာပါသည်။ သူ့ကို“တာ့ယို”ဟု ဒေသခံရွာသူရွာသားတို့က ချစ်ခင်ရင်းနှီးစွာ ခေါ်ဝေါ်ကြပါသည်။ “တာ့ယို ရှိရင်၊ အကုန်လုံး ရှိတယ်”ဟု လူတိုင်းက ပြောဆိုကြပါသည်။