【CPC 100】 ချိန်ချွင်းကျောင်း ။ ။ တော်လှန်ရေးဘိုးဘေး လီရှင်းက ကျွန်မရှေ့ဆက်ဖို့ ဦးဆောင်

2021-05-13 13:49:23 |သတင်းအရင်းအမြစ် 云南日报

(လီရှင်း၏ရုပ်ပုံ တွေ့ရစဥ်)

လီရှင်းသည် ယူနန်လုံလင်သားဖြစ်သည်။ သူသည် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ယူနန်ပါတီအသင်း၏ တည်ထောင်သူ၊ အစောပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည်။ (၁၉၂၉)ခုနှစ်တွင် မုန်ကျီ၌ ကျဆုံးခဲ့သည်။ လီရှင်း၏ အတွေးအခေါ်များကို ဆက်ခံရန်အတွက် ယူနန်ပြည်နယ် ပေါင်ရှမ်းမြို့ လုံလင်ခရိုင် လုံရှမ်းမြို့နယ်ရှိ လီရှင်းနေအိမ်ကို (၂၀၁၃)ခုနှစ်ကစပြီး ပြင်ပသို့ဖွင့်လှစ်ပေးခဲ့သည်။

(လီရှင်းနေအိမ်ကို တွေ့ရစဥ်)

ချိန်ချွင်းကျောင်းသည် ငယ်စဉ်ကတည်းက လီရှင်းကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သူ တစ်ဦးဖြစ်ရန် မျှော်လင့်ခဲ့သည်။ (၂၀၁၇)ခုနှစ်တွင် ချိန်ချွင်း‌ကျောင်းသည် လုံလင်ခရိုင်ယဉ်ကျေးမှုအမွေအနစ် ထိန်းသိမ်းရေးစခန်း၌ လီရှင်းနေအိမ်၏ နေ့စဉ်မိတ်ဆက်ရှင်းပြဧည့်ခံမှုနှင့် ထိန်းသိမ်းမှုစသည့် အလုပ်တာဝန် များကို ထမ်းဆောင်ခဲ့သည်။ ၎င်းကာလအတွင်း သူမသည် လီရှင်း၏ဘဝနှင့် သူရဲကောင်းပုံပြင်များကို ပိုမို သိကျွမ်းနားလည်နိုင်ခဲ့ရာ လီရှင်းမှပါတီနှင့်ပြည်သူအပေါ်၏ သစ္စာနှင့်လုပ်ရပ်များအပေါ် အထူးနက်ရှိုင်းစွာ ခံစားမှုများ ရှိခဲ့သည်။

 

(ချိန်ချွင်းကျောင်ကို တွေ့ရစဥ်)

“လီရှင်းက စစ်မှန်သော လက်တွေ့လုပ်ဆောင်ချက်များဖြင့် မိမိ၏ပါတီဝင်ရန်ကျမ်းကျိန်ဆိုရပ်များကို လုပ်ဆောင်ခဲ့သည်”ဟု ချိန်ချွင်းကျောင်းက ပြောသည်။ “ခေတ်သစ်ပါတီဝင်အဖြစ် ကျွန်မတို့သည် ယနေ့သာယာသော နေထိုင်မှုဘဝများက လီရှင်းကဲ့သို့သော တော်လှန်ရေးသူရဲကောင်းများ၏ သွေးသား များနှင့် လဲလှယ်ပေးခဲ့သည်ကို အချိန်မရွေးမှတ်မိနေရပါမည်။ ကျွန်မတို့ ပိုမိုတန်ဖိုးထားရပါမည်။ ထို့အတူ ကျွန်မတို့သည်လည်း ပိုမိုကြိုးပမ်းပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိအင်အား စိုက်ထုတ်လုပ်ဆောင် ပေးရမည်ဖြစ်ပါသည်”ဟု ချိန်ချွင်းကျောင်းက ပြောသည်။