[CPC100] ယူနန်အတွက် အရောင်ထပ်ဖြည့်ပေးချင်တယ် ဟု ချိုင့်စူလင် ပြော

2021-06-02 19:49:46 |သတင်းအရင်းအမြစ် 云南日报

ချိုင့်စူလင်သည် ဟန်ကျိုးမြို့ရှိ အလွတ်တန်းဝါရင့်ဧည့်လမ်းညွှန်တစ်ဦးဖြစ်ပြီး လွန်ခဲ့သော(၆)နှစ်က ယူနန်ပြည်နယ်သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ပြီးခဲ့သောနှစ်ပိုင်းတွင် ကူမင်းမြို့ခရီးသွားအဖွဲ့ကို ဦးဆောင်ကာ ဧည့်လမ်းညွှန်အဖြစ်လိုက်ပါစဉ် ခရီးသွားများသည် ယူနန်ပြည်နယ်၏ လှပသောရှုခင်းကို ကြိုက်နှစ်သက်ကြောင်းပြောကြသည့်အပြင် ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားယဉ်ကျေးမှုကိုလည်း အထူးနှစ်သက်ကြောင်းသိရှိခဲ့ရပြီးနောက် သူမသည်လည်း ယူနန်တိုင်းရင်းသားမျိုးနွယ်များ၏ ယဉ်ကျေးမှုကို စိတ်ဝင်စားခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကူမင်းမြို့ဧည့်လမ်းညွှန်အသင်း၏ အလုပ်ခန့်အပ်ခြင်းနှင့် သင်တန်းပို့ချမှုခံယူပြီးနောက် ယူနန်အမျိုးသားပြတိုက်၏ ဧည့်လမ်းညွှန် ဖြစ်လာခဲ့ပါတော့သည်။

 

ချိုင့်စူလင်၏ အဓိကအလုပ်တာဝန်မှာ ဧည့်သည်များအား ယူနန်တိုင်းရင်းသားယဉ်ကျေးမှုနှင့်သမိုင်းကို ရှင်းပြပေးခြင်းဖြစ်သည်။ ချိုင့်စူလင်သည် လုပ်ငန်းခွင်အတွင်း ရှင်းပြချက်တိုင်းကို ဂရုတစိုက် လုပ်ဆောင် သည်။ မသိကျွမ်းသော မေးခွန်းများရှိပါက ကျွမ်းကျင်သူပညာရှင်ထံ အချိန်မီ မေးမြန်းခြင်း (သို့မဟုတ်) စာကြည့်တိုက်တွင် ရှာဖွေလေ့လာခြင်းများပြုလုပ်သည်။ နေ့စဉ်နေထိုင်မှုတွင် ပရဟိတလုပ်ငန်းများကို စတင်အာရုံစူးစိုက်ကာ သူမတတ်နိုင်သလောက် ကူညီလေ့ရှိသည်။ “ကျွန်မရဲ့အလုပ်ကို ဆက်ပြီး ကြိုးစားအားထုတ်ခြင်းကနေ ယူနန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအလင်းရောင် ပိုမိုတောက်ပစေ ချင်ပါတယ်။”