【CPC100】လီတာချွမ်၏နေအိမ်ဟောင်းသို့သွား ရောက်ပြီး သူရဲကောင်းတို့၏ ဘဝကိုလေ့လာ

2021-06-08 18:42:01 |သတင်းအရင်းအမြစ် 新华网

ဇွန်လ(၁)ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ အစောပိုင်းပေကျင်းတော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော သူရဲကောင်းလီတာချွမ်၏ နေအိမ်နှင့် အခြားသောသူရဲကောင်းတို့၏ ယခင်နေအိမ်ဟောင်းများကို အများ ပြည်သူအတွက် တရားဝင်ဖွင့်လှစ်ပေးခဲ့ရာ မြို့ခံများနှင့် ခရီးသွားအမြောက်အမြားက လာရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။

ရဲဘော် လီတာချွမ်သည် ၁၈၈၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ကျဆုံးသွားသော တရုတ်ကွန်မြူနစ်ပါတီ စတင်တည်ထောင်သူများအနက် တစ်ဦးဖြစ်သည်။ လီတာချွမ်တို့ခေတ်၌ တရုတ်နိုင်ငံတွင် နယ်ချဲ့အင်အားကြီး နိုင်ငံများ၏ ကျူးကျော်မှုနှင့် ဆုတ်ယုတ်ပျက်စီးနေသော တံခါးပိတ်ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကြောင့် ပြည်သူ ပြည်သားများ ဆင်းရဲဒုက္ခခံစားနေကြရသည်။ နိုင်ငံနှင့် တိုင်းသူပြည်သူများလည်း ပျက်သုန်းလုနီးပါးဖြစ်နေသည်။ လီတာချွမ်သည် နိုင်ငံတော်နှင့် တိုင်းသူပြည်သားများအား ကယ်ဆယ်ရန် ယဉ်ကျေးမှုတော်လှန်ရေးလှုပ်ရှားမှု အသစ်တွင် ကိုယ်ရောစိတ်ပါ ပါဝင်ခဲ့ပြီး ဒီမိုကရေစီဝါဒပြန့်ပွားရေး၊ သိပ္ပံနည်းကျလက်တွေ့စိတ်ဓာတ်မွေးမြူရေး၊ ကျင့်ဝတ်ဟောင်း ကိုယ်ကျင့်တရားဟောင်း လမ်းစဉ်များ တိုက်ဖျက်ရေးတို့ပြုလုပ်ကာ ခေါင်းမာသောပဒေသရာဇ် တပ်ဖွဲ့ များကို ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။ သူနှင့်သူ၏ရဲဘော်များ၏ တရုတ်ခေတ်ဟောင်းစနစ်ကို တိုက်ဖျက် လိုက်သော စိတ်ပိုင်းဖြတ်ချက်နှင့် စိတ်အားထက်သန်မှုမှာ ထိုအချိန်က တရုတ်လူငယ်များ၏ စိတ်သန်စွမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်လိုသောစိတ်ဓာတ်များ ထွက်ပေါ်လာရေးအတွက် ခွန်အားဖြစ်စေခဲ့ပါသည်။

ရဲဘော်လီတာချွမ်သည် (၂၀)ရာစုအစောပိုင်း တရုတ်အတွေးအခေါ်နှင့် ယဉ်ကျေးမှုအသိုင်းအဝိုင်းတွင် ထူးချွန်သူ တစ်ဦးလည်းဖြစ်သည်။ သူရေးသားခဲ့သော စာအုပ်အမြောက်အမြား၊ လက်ရေးမှုများနှင့် ဘာသာပြန်စာအုပ်များမှာ ဒဿနိကဗေဒပညာရပ်၊ စီးပွားရေး၊ ဥပဒေ၊ သမိုင်း၊ ကျင့်ဝတ်၊ အနုပညာ၊ သတင်းစာပညာ၊ စာကြည့်တိုက် စီမံခန့်ခွဲရေး အစရှိသည့် ပညာရပ်နယ်ပယ်အသီးသီးပါဝင်ပြီး (၂၀)ရာစုနှစ် တရုတ်နိုင်ငံ အယူဝါဒနှင့် ယဉ်ကျေးမှု ဆိုင်ရာ တည်ဆောက်ရေးအတွက် အရေးပါသော အထောက်အပံ့ဖြစ်စေနိုင်ခဲ့ပါသည်။