တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ ရှိ Phayre’s langur မျောက်အား လိုလေသေးမရှိ စောင့်ရှောက်ပေးသူများ

2021-06-10 18:24:59 |သတင်းအရင်းအမြစ် 芒市融媒体中心

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့နယ် ဟောရှန်ချန်ကျေးရွာသည် Phayre’s langur မျောက်များ အဓိက ကျက်စားနေထိုင်သော အဓိကနေရာဖြစ်ပြီး တရုတ်နိုင်ငံမှ နေရာတစ်ခုတည်းတွင် ရှာဖွေတွေ့ရှိသော အရေအတွက် အများဆုံးရှိသည့် Phayre’s langur မျောက်အုပ်စု ပိုင်ဆိုင်ထားပါသည်။ ၎င်းမျောက်အုပ်စု၏ ကျက်စားရာနေရာ ထိန်းသိမ်းကာကွယ်ရန် အလွန် အရေးကြီးပါသည်။

ယခုနှစ်ဧပြီလမှစ၍ မန်စီမြို့ မန်ရှင်ဟော သဘာ၀ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး အသင်း၏ စောင့်ကြည့် ကင်းလှည့်အဖွဲ့သည် ဟောရှန်ချန်ကျေးရွာဘေးနားရှိ ထူထပ်သောသစ်တောတွင် သွားလာဖြတ်သန်းလျက်ရှိကြပါသည်။ ကင်းလှည့်အဖွဲ့၀င်များသည် တောရိုင်းတိရစ္ဆာန်များ လှုပ်ရှားမှုကို လေ့လာရင်းနှင့် အဝေးကြည့်မှန်ပြောင်းမှတစ်ဆင့် စစ်ဆေးကြည့်ရှုကြပါသည်။ နေ့စဥ်ကင်းလှည့်ခြင်းကို ဆောင်ရွက်သည့်အပြင် သူတို့သည် ဧည့်လမ်းညွှန်နှင့် ရှင်းပြသူလည်းဖြစ်ကြပါသည်။ လေ့လာခြင်း၊ ရှာဖွေစုံစမ်းခြင်းနှင့် စီမံခြင်းစသည့်အလုပ်တာဝန်များကို ဆောင်ရွက်နိုင်ရန် သိပ္ပံနည်းပညာသုတေသီများအား ကူညီပေးကြပါသည်။ ပြည်သူပြည်သားများအတွက် Phayre’s langur မျောက်များ ကျက်စားရာနေရာ၏ ဇီ၀အမျိုးအစားစုံလင်မှုကို မိတ်ဆက်ရှင်းပြပေးပါသည်။

“ကျွန်တော်တို့ တစ်လမှာ သစ်တောထဲကို ငါးကြိမ် ကင်းလှည့်လေ့ရှိပါတယ်။ မျောက်နဲ့အတူ ရက်ပေါင်း ၂၀ ကြာ လေ့လာမှတ်တမ်းတင်ပါတယ်။ Phayre’s langur မျောက်အုပ်စုရဲ့ အရေအတွက်နဲ့ သူတို့ကြိုက်နှစ်သက်တဲ့အပင်ရဲ့ ရှင်သန်မှုအခြေအနေကို အဓိကလေ့လာဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် အဲဒီမျောက်တွေရဲ့ သဘာဝရန်သူက ထိခိုက်မှုရှိသလားလို့ ကင်းလှည့်ရပါတယ်။ ကာကွယ်ရေးဇုန်ရဲ့ ဇီ၀အမျိုးအစားစုံလင်မှုကိုလည်း လေ့လာရတယ်”ဟု မန်ရှင်ဟော သဘာ၀ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးအသင်း အတွင်းရေးမှူးချုပ် လီမင်းရှန်က သတင်းထောက်အား ပြောပြပါသည်။

လီမင်းရှန်က ဟောရှန်ချန်ကျေးရွာ ရှောင်ကျဲကျီကျေးရွာအုပ်စုတွင် နေထိုင်ပါသည်။ လက်ရှိအချိန်တွင် သူသည် ကင်းလှည့်အဖွဲ့၏ အလုပ်တာဝန်အသီးသီးကို တာဝန်ထမ်းဆောင်လျက် ရှိနေပါသည်။“ကျွန်တော်က အချိန်ပြည့်လုပ်ကိုင်သူတစ်ယောက်ပါ။ တစ်ခြားကင်းလှည့်အဖွဲ့၀င်ကတော့ အချိန်ပိုင်းနဲ့ လုပ်ကြပါတယ်။ ကျွန်တော်တို့ အဖွဲ့၀င်တွေကို စုစည်းပြီး ပုံမှန်အတိုင်း ကင်းလှည့်ကြပါတယ်။ ကျွန်တော်တို့က တောတောင်များရဲ့ အားသာချက်ကို အသုံးပြုပြီး တောတောင်ဒေသရဲ့ သဘာ၀ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ကာကွယ်ပေးကြပါတယ်။ Phayre’s langur မျောက်တွေ ကောင်းကောင်းစောင့်ကြည့်ပေးကြပါတယ်” ဟု လီမင်းရှန်က ပြောပြပါသည်။ အလုပ်တွင်ကျယ်စွာဖြင့် ကင်းလှည့်ရန်အတွက် အဆိုပါအသင်းက ကင်းလှည့်အဖွဲ့၀င်များအား အနီအောက်ရောင်ခြည်သုံးကင်မရာစသည့် ကျွမ်းကျင်စက်ကိရိယာများကို ထောက်ပံ့ပေးကြောင်း၊ မှတ်တမ်းတင်ဗီဒီယိုများကို ရှာဖွေကြည့်ရှုပြီး တိရစ္ဆာန်များ ထွက်ပေါ်သည့်နေရာများကို တိကျမှန်ကန်စွာ တွေ့ရှိနိုင်ကြောင်း၊ သိပ္ပံနည်းပညာဖြင့် ကာကွယ်ထိန်းသိမ်းရေးအလုပ်ကို ဆုံးဖြတ်ဖော်ဆောင်ရန် ယုံကြည်မှုရှိသော သတင်းအချက်အလက်များကို ပထမဆုံး ထောက်ပံ့ပေးနိုင်ကြောင်း လီမင်းရှန်က ဆက်လက်ပြောပြပါသည်။