လှတယ်၊ ပျော်ရွှင်တယ်၊ သာယာတယ်ဟေ့ ... ငါတို့လည်းဒီရွာမှာ နေချင်တယ်

2021-06-18 17:51:35 |သတင်းအရင်းအမြစ် 云南日报

“ဒီလောက်ကြီးပြီး လှတဲ့အိမ်က တကယ်ကို ဒီရွာကအိမ်လား?”
“အရမ်းကိုကောင်းတာဘဲ။ ဒီရွာက ဘယ်လိုဖွံ့ဖြိုးတိုးတက်လာတာလဲ?”
“လာပြီးမပြန်ချင်တော့ဘူး။ ဒီကရွာသားပဲလုပ်လိုက်တော့မယ်။”

ယခုရက်ပိုင်း လာအို၊ ဗီယက်နမ်၊ ပါကစ္စတန် စသည့်နိုင်ငံများမှ တရုတ်နိုင်ငံအခြေစိုက်သတင်းထောက် များသည် ယူရှီးမြို့ဟုန်ထာနယ်သို့ ရောက်ရှိခဲ့သည်။ “ယူနန်ပထမကျေးရွာ”အမည်ရှိသော တာရင်းကျဲသို့ သွားရောက်လည်ပတ်ခဲ့သည်။

 

တာရင်းကျဲရပ်ကွက်အတွင်း၌ လျှောက်လှမ်းခြင်းသည် “တံတားချောင်းလေးလူနေအိမ်”ကဲ့သို့ ကဗျာ ဆန်သော နေထိုင်မှုအတွင်းသို့ ရောက်သွားသည်ဟု ခံစားရသည်။ ဟိုင်နန်အပြည်ပြည်ဆိုင်ရာ ထုတ်လွင့်မှု
သတင်းထောက်များသည် လူနေအိမ်တစ်အိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ “ဒါက ရွာသူရွာသားတွေရဲ့ အိမ်မှဟုတ်ရဲ့လား?” အသေးစိတ်အလှဆင်ထားသော၊ သပ်ရပ်သန့်ရှင်းသောအခန်းကိုကြည့်ပြီး ထိုင်းနိုင်ငံ မီဒီယာ သမားချိန်မူကျွင်းက မေးခဲ့သည်။ “ဟုတ်တာပေ့ါ။ ဒါက နမူနာစံပြအိမ် မဟုတ်ဘူးနော်။ ဟားဟားဟား”ဟု အိမ်ရှင်မက သတင်းထောက်များထံ မိမိအိမ်အ‌ခြေအနေကို ရယ်မောရင်း မိတ်ဆက် ပေးခဲ့သည်။

တာရင်းကျဲသည် ပြုပြင်ပြောင်းလဲတံခါးဖွင့်လှစ်မှုမပြုခင်က စားရန်ခက်ခဲ၊ ရေသောက်ရန်ခက်ခဲ၊ နေအိမ် ခက်ခဲ၊ သွားလာခက်ခဲ၊ အိမ်ထောင်ပြုရန်ခက်ခဲ အစရှိသော “အခက်အခဲ(၅)ခုရွာ” မှ ယခုအခါ “ငယ်စဉ် ကျွေးမွေးရန်ရှိ၊ ပျိုစဉ်သင်ရန်ရှိ၊ ကြီးစဉ်သက်မွေးရန်ရှိ၊ ရောဂါဖြစ်စဉ်ကုရန်ရှိ၊ အားနည်းစဉ်ထောက်ကူ ရန်ရှိ” ဟူသော သာယာသည့်ရပ်ကွက် ဖြစ်လာခဲ့သည်။ သတင်းထောက်များမှ အထူးစိတ်ဝင်စားသည်မှာ “ရွာသူရွာသားများ ယခုသာယာသောနေထိုင်မှုက ဘယ်လိုရရှိလာတာလဲ?” ဟူ၍ဖြစ်သည်။

“ယခင်ရာစု(၈၀)ဆယ်စုနှစ်ကတည်းကစပြီး ပြုပြင်ပြောင်းလဲတံခါးဖွင့်လှစ်သောလေ တိုက်ခတ်လာပါ သည်။ ရပ်ကွက်ပါတီအဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်မှာ ရွာသူရွာသားများသည် အခွင့်အလမ်းကို လက် မလွတ်ဘဲ ဆန်းသစ်မှုများကို ရဲရင့်စွာလုပ်ဆောင်ခဲ့သည်။ နေထိုင်သူများ အတူချမ်းသာသော လမ်းကြောင်းကို လျှောက်လှမ်းခဲ့သည်။ ပတ်ဝန်းကျင်ဂေဟပုံစံ၊ လုပ်ငန်းခေတ်ပေါ်ပုံစံ၊ ကျေးရွာမြို့ပေါ် ပုံစံကို ဖြစ်မြောက်နိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ် တစ်ရွာလုံးစီးပွားရေးဝင်ငွေမှာ သန်း(၁၀၀)ယွမ်ကျော်ကို ထိုးဖောက်နိုင်ခဲ့ရာ ယူရှီး၏ ပထမဆုံးသော ယွမ်သန်း(၁၀၀)ရွာဖြစ်လာသည်။ တာရင်းကျဲရပ်ကွက်သည် ၁၉၈၅ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် နေထိုင်သူပြည်သူများ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ခဲ့သည်။ လူတစ်ဦးခြင်း ပျှမ်းမျှနေထိုင်ဧရိယာကို (၈)စတုရန်းမီတာမျှပင် မရှိခဲ့သည်မှ (၈၀)စတုရန်းမီတာအထိ တိုးမြှင့်နိုင်ခဲ့သည်။ ရပ်ကွက်နေထိုင်ပြည်သူများသည် အိမ်ဟောင်းမျက်နှာပြင်ဧရိယာနှင့်တူညီသော အိမ် အသစ်ကို လဲလှယ်နိုင်သည်။ ပိုသောဧရိယာအတွက် တစ်စတုရန်းမီတာလျှင် (၁၃၀၀)ယွမ်ဖြင့် ဖြည့်စွက် ပေးသွင်းရယူနိုင်သည်”ဟု သတင်းထောက်၏ မေးခွန်းကို တာရင်းကျဲရပ်ကွက်ပါတီအဖွဲ့ချုပ် အတွင်း ရေးမှူး၊ နေထိုင်မှုကော်မတီအသင်း ဉက္ကဋ္ဌ ရန်ဝေက ဖြေပေးခဲ့သည်။

 

“ကျွန်တော် တရုတ်နိုင်ငံကျေးရွာအများမှာ သတင်းယူဖူးသည်။ အထူးသဖြင့် ရှင်းကျန်း၊ ကန်စူးတွင်ရှိသော ကျေးရွာများ ဖြစ်သည်။ ခံစားမှုအနက်ရှိုင်းဆုံးမှာ အချိန်နည်းနည်းကြာပြီး ပြန်လည်သွားရောက်သတင်းယူ သည့်အခါတိုင်း ဖွံ့ဖြိုးတိုးတက်မှုပြောင်းလဲမှုအသစ်များ ရှိနေဆဲဖြစ်သည်။ ယနေ့ တာရင်းကျဲရပ်ကွက်သို့ ဝင်ရောက်လိုက်ရာ ကျွန်‌တော်၏ “တရုတ်ကျေးရွာ”အမြင်ကို ထပ်မံအသစ်တိုးစေခဲ့သည်။ ဤနေရာမှ ရွာသူရွာသားများက သာယာနေထိုင်လုပ်ငန်းလုပ်ကိုင်ပြီး သဘာဝပတ်ဝန်းကျင်လည်းလှပသည်။ ဤ သည်မှာ တရုတ်ကျေးရွာများ ပြန်လည်ထူထောင်လာသည့်ပုံစံဖြစ်ပါသည်”ဟု ပါကစ္စတန် Associated Press သတင်းဌာနမှ သတင်းထောက် အက်စကျာအလ်.မိုဟာမက် က‌ ပြောကြားသွားပါသည်။