တရုတ်-မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံး ဆင်ကာကွယ်ရေးမူလတန်းကျောင်းရှိ

2021-06-22 17:34:55 |သတင်းအရင်းအမြစ် 云南日报

ယူနန်ပြည်နယ် ဖူးအော်မြို့ စစ်မောက်ရပ်ကွက်ရီရှန်းမြို့နယ်တွင် ဆင်ရိုင်းများ အမြဲလာရောက်လျက်ရှိသည်။ “အမြင့်ဆုံး ကာလမှာဆိုရင် ဆင်ရိုင်းအကောင်(၄၀)လောက် နာကျီရွာဘေးပတ်လည်မှာ လှုပ်ရှားလျက်ရှိတယ်” ဟု ရီရှန်းမြို့နယ်နာကျီရွာပါတီကော်မတီဥက္ကဋ္ဌက ပြောပါသည်။

၂၀၁၉ ခုနှစ် နာကျီမူလတန်းကျောင်းတွင် ဆင်ရိုင်းများမဝင်ရောက်ရန်အတွက် ကျောင်းတွင်းနှင့် ကျောင်းပြင်ပ တွင် အဆောက်အဦးများစွာချထားသည်။ တရုတ်နိုင်ငံ၏ ပထမဆုံးသော ဆင်ကာကွယ်ရေးမူလတန်းကျောင်း ဖြစ်လာပါတော့သည်။

(၁၀)တန်ကျော်လေးသော အကာအရံများကို မူလက ကျောင်းအုတ်နံရံအပြင်တွင် ချထားသည့်အပြင် ကျောင်းပေါက်ဝတွင် လှုပ်ရှားနိုင်သည့် အကာအရံများကိုလည်း ချထားသည်။ ဆင်များလာရောက်ပါက တံခါးကို အချိန်မီပိတ်နိုင်ရန်ဖြစ်သည်။ ထို့အပြင် ကျောင်းတွင် ဆင်ကာကွယ်ရေးဆိုင်ရာ ဗဟုသုတများကို ပုံမှန်ကျောင်းသင်ခန်းစာအတွင်း ပါဝင်ရောစပ်ပြီး သင်ကြားပေးလေ့ရှိသည်။ ကျောင်းသားကျောင်းသူများကို ဆင်ရိုင်းအန္တရာယ်အသိပညာ ရရှိစေသည်။ ဆရာများသည်လည်း ကျောင်းတွင်း၌ အချိန်မှန် ဆင်ကာကွယ်မှု လေ့ကျင့်ခြင်းကို လုပ်ဆောင်ပေးလျက်ရှိသည်။


၂၀၁၉ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းဝင်းအတွင်းက စွန်ပလွန်ပင်ကို စားသုံးလိုသောကြောင့် ဆင် အုပ်စုသည် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု နာကျီမူလတန်းကျောင်းမှ ကျောင်းအုပ် ကျူးချောင်း က မိတ်ဆက်ပြောပြခဲ့သည်။ သို့သော် ကျောင်းပိတ်ရက်ကာလဖြစ်သောကြောင့် ဆရာ၊ ကျောင်းသားများ ရှိမနေပါ။ ထို့နောက် ကျောင်းတွင်းရှိ စွန်ပလွန်ပင်အားလုံးကို ဖောင်တိန်အပင်သို့ ပြောင်းစိုက်ခဲ့သည်။ ကျောင်းပေါက်ဝတွင်လည်း အကာအရံများ ထပ်တိုးထားရှိခဲ့သည်။


နာကျီမူလတန်းကျောင်းမှ ကျောင်းသားများသည် ကျောင်းဘေးပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာနေသော ဆင်အုပ်စုများနှင့် နေသားတကျဖြစ်နေပြီဖြစ်သည်။ ဆင်ကိုတွေ့မြင်ပါက အချိန်မီရှောင်ရှားရုံသာ လိုအပ် ကြောင်း ကျောင်းသားများက သတင်းထောက်ကိုပြောပြခဲ့သည်။ ဥပမာ “အနီးစပ်ဆုံးသော အဆောက်အဦးအတွင်းသို့ ဝင်ရောက်ပြီး အပေါ်သို့တက်သွားပါ”ဖြစ်သည်။ လူနှင့်ဆင်ထိပ်တိုက်တွေ့မှု မဖြစ်အောင် နာကျီရွာရှိ ဆင်ကြီးကြပ်စစ်ဆေးသူသည် ရွာသူရွာသားများ၏ wechat group အတွင်း ဆင်၏တည်နေရာကို အမြဲပို့ပေးလျက် ရှိသည်။ ရွာသူရွာသားများ အပြင်ထွက်သည့်အခါ ဆင်များရှိသည့်နေရာကို ရှောင်ပြီးသွားလာနိုင်ပါသည်။