နှစ်ပေါင်း ၂၀ အတွင်း စုံကျဲမင်းသည် သွေး ၂၆၄၀၀ မီလီလီတာ လှူဒါန်းခဲ့

2021-06-25 17:58:57 |သတင်းအရင်းအမြစ် 芒市融媒体中心

၁၉၉၃ ခုနှစ် ဒီဇင်ဘာလတွင် စုံကျဲမင်းသည် စန်တုမ်းပြည်နယ် ကျီပေါမြို့မှ ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသို့ အလုပ်လာရောက် လုပ်ကိုင်ခဲ့ပါသည်။ ပထမအကြိမ် သွေးလှူဒါန်းသည့် အကြောင်းကို ပြောမိလျှင် သူက လေးနက်စွာ မှတ်မိနေပါသေးသည်။

၂၀၀၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကူမင်းမြို့တွင် မွမ်းမံသင်တန်းတက်ရောက်စဥ် လမ်းပေါ်တွင် သွေးလှူဒါန်းသူတစ်ဦးကို တွေ့မြင်ခဲ့ပြီးနောက် ကူမင်းတုန်းဖုန်ရင်ပြင်၌ သွေး ၂၀၀ မီလီလီတာကို ပထမဆုံးအကြိမ် လှူဒါန်းခဲ့ပါသည်။

ထို့နောက် စုံကျဲမင်း၏ နာမည်မှာ တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ စေတနာရှင် သွေးလှူဝန်ဆောင်မှုအဖွဲ့ နာမည်စာရင်း၏ ရှေ့တန်းနေရာတွင်အမြဲတမ်း ရပ်တည်လျက်ရှိနေပါသည်။ အရေးပေါ်ဝေဒနာရှင်များ ရှိလျှင် သွေးလှူဌာနမှ ဝန်ထမ်းများသည် သူ့အား ဖုန်းဆက်ပြောပြပေးသည်။ Wechat group (သို့) Wechat comment တွင် အကူအညီတောင်းသည့်သတင်းများ တွေ့မြင်ရာတွင်ဖြစ်စေ၊ သူစိမ်းများသည် သူ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်ကို မေးမြန်းကာ သူနှင့် ဆက်သွယ်ရာတွင်ဖြစ်စေ စုံကျဲမင်းက တတ်နိုင်သမျှ ပံ့ပိုးကူညီပေးလေ့ရှိပါသည်။ နှစ်ပေါင်း ၂၀ အတွင်း သူ၏သွေးလှူဒါန်းမှုမှာ ၂၆၄၀၀ မီလီလီတာ ရှိသည်။

“သွေးလှူတာဟာ လူတစ်ယောက်ကိုပဲ ကယ်တင်တာမဟုတ်ဘဲ အိမ်ထောင်စုတစ်စုကိုလည်း ကယ်တင်တာပါ။ အချိန်ကြာရှည်စွာ သွေးလှူပေးဖို့က ကျွန်တော်ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ သွေးလိုအပ်သူရဲ့ အသက် ဆက်လက်ရှင်သန်နိုင်ဖို့ ကျွန်တော်က တစိုက်မတ်မတ် ဖော်ဆောင်ချင်တာပါ။ ကျန်းမာရေးအခြေအနေမဆိုးရင် လှူနိုင်တဲ့အချိန်အထိ ကျွန်တော် လှူပါမယ်”ဟု စုံကျဲမင်းက ပြောပြပါသည်။ သူက မိမိကိုယ်တိုင် သွေးလှူသည့်အပြင် အနီးနားရှိသူများအားလည်း သွေးလှူရန် တိုက်တွန်းခဲ့ပါသေးသည်။ သူသည် ဌာနကို ဦးစီးကာ ၇ ကြိမ်စုပေါင်းသွေးလှူဒါန်းခြင်းဖြင့် သွေး ၈၀,၀၀၀ မီလီလီတာကျော် လှူဒါန်းနိုင်ခဲ့ပါသည်။ သူ၏ ဦးဆောင်မှုဖြင့် လူအများအပြားသည် လူ့အဖွဲ့အစည်းသို့ သွေးလှူဒါန်းရန် အစပြု လုပ်ဆောင်ခဲ့ကြသည်။ ဆေးကုသရေး သွေးလိုအပ်ချက် ချို့တဲ့သည့် အခြေအနေကို များစွာဖြေရှင်းပေးနိုင်ခဲ့ပါသည်။