【CPC 100】ဘိုးဘွားနိုင်ငံ တရုတ်အပေါ် ကျွန်တော်ဂုဏ်ယူနေပါတယ်

2021-06-30 19:17:35 |သတင်းအရင်းအမြစ် 《吉祥》杂志

ကျွန်တော်က မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ တတိယမျိုးဆက်တရုတ်လူမျိုးဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ဘိုးဘေးတွေက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထျိန်ချုံးမြို့ ဟော်ရွှင့်မြို့နယ်မှာ နေပါတယ်။ အခုမှာလည်း ဟော်ရွှင့်မြို့နယ်ထဲမှာ အသက် ၁၁၀ နှစ်ကျော် အဒေါ်တစ်ယောက် ရှိပါသေးတယ်။ ကျွန်တော့်ဖခင် ငယ်ရွယ်စဥ်က ထျိန်ချုံးနဲ့ မန္တလေးအကြား ခဏခဏသွားလာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်က ဘိုးဘွားနိုင်ငံတရုတ်ဆိုင်ရာအကြောင်းအရာကို သူကတစ်ဆင့် နားစွင့်သိရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ တရုတ်ကို ၁၉၉၅ ခုနှစ်မှာ ပထမဆုံးအကြိမ်ရောက်ခဲ့ပြီး အဲဒီအချိန်ကစလို့ တရုတ်ဘာသာစကား သင်ကြားရေးအလုပ်လုပ်ဆောင်နေတဲ့ အကြောင်းရင်းကြောင့် အမြဲတမ်းဆိုသလို မြန်မာနဲ့တရုတ် အကြား အပြန်အလှန် သွားလာနေပါတယ်။

ဘိုးဘွားမိဘ မိသားစုအဆက်ဆက်ရဲ့ ကိုယ်တိုင်အတွေ့အကြုံကတစ်ဆင့် ပင်လယ်ရပ်ခြားရောက် သားတစ်ယောက်အနေနဲ့ ကျွန်တော်က ဘိုးဘွားနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဥ် အပေါ် ပိုမိုနက်ရှိုင်းစွာ သိရှိခဲ့ရပါတယ်။ ဒီနှစ်ဟာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ တည်ထောင်ခြင်းနှစ် ၁၀၀ ပြည့်နှစ်ဖြစ်ပါတယ်။ အဲဒီအချိန်ကောင်းအခါသမယမှာ ကျွန်တော်ရဲ့ ရင်တွင်းစကား အများအပြား ကို ဘိုးဘွားနိုင်ငံအတွက် ပြောလိုပါတယ်။

တရုတ်နိုင်ငံတည်ထောင်တဲ့အစပိုင်းမှာ တစ်နိုင်ငံလုံးက ဆင်းရဲနောက်ကျပြီး လုပ်ငန်းအရပ်ရပ်ကို ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ပြည်သူပြည်သားတွေက နွမ်းပါးပြီး စားသောက်စရာလည်း ချို့တဲ့ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာမှာ ရှိတဲ့သက်ကြီးတွေက ဟော်ရွှင့်မြို့နယ် နေ ဆွေမျိုးတွေအတွက် ဝက်ဆီနဲ့ အခြားသရေစာများကို ပို့ဆောင်ခဲ့ရပါတယ်။ အခုတော့ တရုတ်မှာ စားစရာ အရမ်းပေါကြွယ်လှပြီး အစိမ်းရောင်(ညစ်ညမ်းမှုမဲ့)အစားအစာ စားဖို့ကိုပဲ အချိန်နဲ့အမျှ ပိုမို ဂရုစိုက်လာတယ်။ အရင်ကအခြေအနေနဲ့အခုအခြေအနေ နှစ်ခုနှိုင်းကြည့်ပါက ပြိုင်ဆိုင်ဖို့မလိုအောင် ဖွံ့ဖြိုးတိုးတက်မှုက သိသိသာသာတွေ့မြင်နိုင်ပါတယ်။ အခု ဟော်ရွှင့်မှာ ခရီးသွားလာရေးလုပ်ငန်း လုပ်ဆောင်နေပြီး လမ်းတွေကလည်း ကောင်းကောင်းတည်ဆောက်ထားပါတယ်။ အိမ်စီးကားတွေလည်း များလာတယ်။ အိမ်တိုင်း အိမ်တိုင်း ချမ်းသာတဲ့ဘဝကို ရရှိလာပါတယ်။

တရုတ်တစ်ပြည်လုံးရဲ့ ဖွံ့ဖြိုးပြောင်းလဲမှုက လူတွေကို အလွန်အံ့သြစေပါတယ်။ နေရာအသီးသီးကို ချိတ်ဆက်ထားတဲ့ လမ်းပန်းဆက်သွယ်ရေးကွန်ရက်၊ ကုန်စည်သယ်ယူပို့ဆောင်ဖို့ အဆင်ပြေစေတဲ့ ပလက်ဖောင်း၊ big data၊ သိပ္ပံနည်းပညာနဲ့ ဇီဝမျိုးစုံမျိုးကွဲကာကွယ်ခြင်း အစရှိတာတွေဟာ ယနေ့ တရုတ်နိုင်ငံက စည်ပင်သာယာတဲ့ခေတ်ကောင်းရဲ့ ပြယုဂ်ဖြစ်ပြီး အခုလို အောင်မြင်မှုအသီးအပွင့်က ဘယ်ကလာသလဲမေးရင် တရုတ်ကွန်မြူနစ်ပါတီနဲ့ခွဲလို့မရဘူးလို့ ဖြေဆိုရမှာပဲဖြစ်ပါတယ်။

ဘာလို့ တရုတ်ကွန်မြူနစ်ပါတီက အခုလို ထူးချွန်တဲ့ အောင်မြင်မှုကို ရရှိနေတာလဲဆိုရင် ကွန်မြူနစ် ပါတီဝင် မျိုးဆက်အဆက်ဆက်ကြောင့်ပါလို့ ကျွန်တော်ဖြေမှာပါ။ ကွန်မြူနစ်ပါတီဝင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် “တိုင်းပြည်နဲ့ပြည်သူ”ကို ဦးထိပ်ပန်ဆင်ကြတယ်။ တရုတ်ကွန်မြူနစ်ပါတီ တည်ဆောက်ခြင်းရဲ့အစပိုင်းမှာ သူတို့က စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်မှုကတစ်ဆင့် တရုတ်က မီးတွင်းရေနက်ကန်ထဲကျရောက်သလိုရှိတဲ့ ကိုလိုနီနယ်တစ်ဝက် ပဒေသရာဇ်နယ်တစ်ဝက် အခြေအနေ ကနေ ကင်းလွတ်လာပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက် သူတို့က ပြည်သူ ပြည်သားတွေကို ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထလမ်းစဥ် လှမ်းချီခဲ့ပါတယ်။ တရုတ်နိုင်ငံက “ပြည်သူ ပြည်သားအိမ်ရှင်ဖြစ်ခြင်း”ကနေ“ချမ်းသာခြင်း”၊ ပြီးနောက် “ကြီးထွားခြင်း”အထိ ဖြစ်လာခဲ့ပါတယ်။

ယနေ့မှာတော့ ကျွန်တော်က စိတ်အားထက်သန်မှုနဲ့အတူ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်းနှစ် ၁၀၀ ပြည့်ကို အလေးပြုပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘွားနိုင်ငံဖြစ်တဲ့ တရုတ်က အချိန်နဲ့အမျှ ပိုမို ကြီးထွားဖြစ်ထွန်းပါစေလို့ ဆုတောင်းပါတယ်။ ခင်ဗျားရဲ့ ကြီးထွားဖွံ့ဖြိုးခြင်းဟာ ကျွန်တော်တို့ ပင်လယ် ရပ်ခြားရောက် တရုတ်မျိုးနွယ်တို့ရဲ့ ကျောထောက်နောက်ခံဖြစ်သလို ကျွန်တော်တို့ရဲ့ ဂုဏ်ယူဝမ်းမြောက် ခြင်းကျက်သ‌ရေလည်း ဖြစ်ပါတယ်။