ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပုံမှန်နျူကလစ်အက်ဆစ်စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိ

2021-07-02 18:27:55 |သတင်းအရင်းအမြစ် 掌上瑞丽

ယူနန်ပြည်နယ် ရွှေလီမြို့ရှိ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး ညွှန်ကြားရေးဌာန၏ ထုတ်ပြန်သော ကြေညာချက်အရ ရွှေလီမြို့သည် ဇူလိုင်လ ၂ ရက်မှ ၄ ရက်အထိ မြို့ပြတစ်ခုလုံးတွင် ပုံမှန် နျူကလစ်အက်ဆစ်စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ စစ်ဆေးရမည့်သူများမှာ ရွှေလီမြို့တွင် အမြဲနေထိုင်သူ၊ ယာယီရွှေ့ပြောင်းလုပ်ကိုင်နေထိုင်သူ၊ နိုင်ငံခြားသား၊ ရွှေလီမြို့ရောက် ကူညီထောက်ပံ့သူများ အပါအဝင် နေထိုင်သူအားလုံး ဖြစ်ပါသည်။

နျူကလစ်အက်ဆစ်စစ်ဆေးခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်သော ဝေဒနာရှင်များအား စုံစမ်းရှာဖွေနိုင်ရန် ထိရောက်သော နည်းလမ်းတစ်မျိုး ဖြစ်ပါသည်။ ပုံမှန် နျူကလစ်အက်ဆစ်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ရွှေလီမြို့တွင် နေထိုင်သူမှန်သမျှသည် သတ်မှတ်ထားသော နျူကလစ်အက်ဆစ် စစ်ဆေးရာနေရာများသို့ သွားရောက်ကာ “တယ်ဟုန်ပြည်နယ်ခွဲ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး” QR code ကို scan ဖတ်ရှုပြီးနောက် စစ်ဆေးခြင်းခံယူနိုင်ပါသည်။ စစ်ဆေးခြင်းရလဒ်ကို “တယ်ဟုန်ပြည်နယ်ခွဲ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး” နှင့်“ယူနန်ကျန်းမာရေး QR code”စသည့် ပလက်ဖောင်းများမှတစ်ဆင့် အကြောင်းကြားပြန်ပေးမည် ဖြစ်ပါသည်။