ယူနန်ရွှေလီတွင် ကိုဗစ်(၁၉)ရောဂါနောက်တဖန်တွေ့ရှိ ၊ နယ်စပ်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် မည်သည့်အခက်အခဲရှိနေသနည်း

2021-07-06 19:53:19 |သတင်းအရင်းအမြစ် 云南发布

ဇူလိုင်လ(၄)ရက်နေ့ ယူနန်ပြည်နယ်ရွှေလီမြို့တွင် ဒေသခံကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၃)ဦး စစ်ဆေး တွေ့ရှိ ခဲ့သည်။ (၃)ဦးစလုံးသည် ကျယ်ဂေါင်ကဖြစ်ကြသည်။ အရေးပေါ်အခြေအနေကို အဆင့်(၃) တုံ့ပြန်ချက်ကို စတင်လိုက်ပြီး ရွှေလီသို့ ထွက်ခွာသည့်လမ်းကြောင်းပိတ်ပင်ကာ လူအားလုံး နျူကလိအက်ဆစ် စမ်းသပ်မှုလုပ်ဆောင်သည်။ ရောဂါဖြစ်ပွားပြီးနောက် ရွှေလီမြို့၏ သက်ဆိုင်ရာကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို စနစ်တကျ စတင်ခဲ့သည်။

ယခင်(၂)ကြိမ်ရောဂါဖြစ်ပွားခဲ့မှုနှင့်နှိုင်းယှဉ်ရာတွင် ယခုအကြိမ် ရွှေလီမြို့၏လုပ်ဆောင်ချက်မှာ တင်းမာပြီး စနစ်တကျရှိသည်။ သို့သော် တစ်နှစ်အတွင်း ဒေသတွင်းကူးစက်မှု(၃)ကြိမ်ဖြစ်ရသည်မှာ မေးခွန်းများစွာ ထွက်ပေါ်လာစေသည်။ ဘာကြောင့်ရွှေလီမှာဖြစ်ရသနည်း။ ရွှေလီ၏နယ်စပ်ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် မည်သည့်အခက်အခဲများ ရှိနေသနည်း။

ဝူဟန်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကောလိပ် ပါမောက္ခ ယူချွမ်ဟွာ။ ။ ရွှေလီမြို့သည် တရုတ်နိုင်ငံ၏ အနောက် တောင်ပိုင်းနယ်စပ်တွင် တည်ရှိသည်။ နယ်နမိတ်မျဉ်းသည် စုစုပေါင်း(၁၆၉.၈)ကီလိုမီတာ ရှည်လျားသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများသည် ရွှေလီနှင့် မြန်မာနိုင်ငံအကြားတွင် နယ်စပ်တလျောက် နေထိုင်ကြပြီး နေထိုင်‌ရေး၊ စီးပွား‌ရေး အဆက်အသွယ်များပြားသည်။ နိုင်ငံခြားဝင်ရောက်မှုကို တင်းကျပ်စွာ ထိန်းသိမ်းနိုင်ရေးမှာ ဖိအားအလွန်ကြီးမားသည်။ များစွာသောလူအင်အား၊ ပစ္စည်းအင်အားများ ထည့်သွင်းရလေ့ရှိသည်။ ထို့ပြင် ဘေးပတ်ဝန်းကျင်ရှိ အရှေ့တောင်အာရှဒေသ၏ ကိုဗစ်-၁၉ ရောဂါအခြေအနေသည် ပြင်းထန်နေဆဲဖြစ်သည်။ ထို့ကြောင့် ပြည်ပမှ ရောဂါဝင်ရောက်မှု ထိန်းချုပ်ရေးဖိအားသည် အလွန်ကြီးမားသည်။

ဝူဟန်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကော်လိပ်ပါမောက္ခ ယူချွမ်ဟွာ။ ။ (၁) နယ်စပ်ဒေသမှရောက်ရှိသည့် ပြည်ပ လူဦးရေမှာ လွန်စွာများပြားသည်။ စီးပွားရေး၊ ခရီးသွားလာရေး၊ ဆွေမျိုးတွေ့ဆုံရေးစသည့်လှုပ်ရှားမှုများပြား သည်။ ထို့ကြောင့် ကျွန်တော်တို့သည် သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်များ စုဆောင်းသုံးသပ် ခြင်းကို ပိုမိုခိုင်မာစွာလုပ်ဆောင်ရမည်။ (၂) ရောဂါကာကွယ်ထိန်းချုပ်ရေးကို ထပ်မံတင်းကျပ်ပြီး အတွင်းပိုင်း ပြန်လည်ထွက်ပေါ်မှု၊ အပြင်ပိုင်းဝင်ရောက်မှုကိုကာကွယ်ရေး တိကျလေးနက်စွာလုပ်ဆောင်ရမည်။ (၃) အထိရောက်ဆုံးလုပ်ဆောင်ချက်သည် ရောဂါကူးစက်မှုအရင်းအမြစ်ကိုထိန်းချုပ်ခြင်း၊ ကူးစက်မှုလမ်းကြောင်းများ ပိတ်ပင်ခြင်း၊ လွယ်ကူစွာ ကူးစက်နိုင်သည့်လူအုပ်စုများကို ကာကွယ်ခြင်းများဖြစ်သည်။ ကျွန်တော်တို့တွင် အတွေ့အကြုံများစွာရှိပြီဖြစ်သည်။ ထို့ကြောင့် နယ်စပ်လိုင်းပေါ်တွင်ရှိသောပြည်သူများသည် နှာခေါင်းစီး mask ကို မဖြစ်မနေတပ်ရမည်။ လူမှုအကွာအဝေးရှိရမည်။ လက်ကိုမကြာခဏဆေးကြောရမည်။ ကျန်းမာရေးလေ့ကျင့် ခန်းများ လုပ်ဆောင်ခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ပေးရမည်ဖြစ်သည်။