ရွှေလီမြို့တွင် တရုတ်နှင့်မြန်မာနှစ်နိုင်ငံပြည်သူပြည်သားများ ကိုဗစ်-၁၉ အတူလက်တွဲတိုက်ဖျက်

2021-07-15 11:51:14 |သတင်းအရင်းအမြစ် 《吉祥》杂志

ဇူလိုင်လ ၁၃ ရက်နေ့တွင် ရွှေလီမြို့၌ ဒေသခံကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး ထပ်တိုးခဲ့ပါသည်။

အတည်ပြုလူနာ ဆက်လက်တွေ့ရှိသော်လည်း အခြေအနေသည် တစ်ဖြည်းဖြည်း တည်ငြိမ်လာသဖြင့် ရွှေလီမြို့သည် ကိုဗစ်-၁၉ ကပ်ရောဂါအား ပြည်ပနှင့် တရုတ်နိုင်ငံအခြားနေရာများသို့ ပျံ့နှံ့ခြင်းမရှိရန် အစွမ်းကုန် တားဆီးဆောင်ရွက်နေသကဲ့သို့ ယူနန်တစ်ပြည်နယ်လုံးနှင့် တရုတ်တစ်နိုင်ငံလုံး၏ ပြည်သူ ပြည်သားများ၏ အသက်ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်နေပါသည်။

သို့သော်လည်း တစ်နှစ်အတွင်း ရွှေလီမြို့၌ ကိုဗစ်-၁၉ လှိုင်း ၃ ကြိမ် ဖြစ်ပေါ်ခြင်းသည် တရုတ်တစ်နိုင်ငံ လုံးပြည်သူပြည်သားများသည် တယ်ဟုန်ကို အာရုံစိုက်လာစေခဲ့သည်။

အဘယ်ကြောင့် တယ်ဟုန်ပြည်နယ်ခွဲတွင် နောက်ထပ်ဖြစ်ပေါ်ခဲ့သနည်း။ ပြည်သူပြည်သားများ အွန်လိုင်းတွင် “ရွှေလီမြို့က တကယ်ကိုခက်ခဲသွားပြီ”ဟု ရင်တွင်းစကားကို ရေးသားခဲ့ပါသည်။

တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား နယ်နိမိတ်မျဥ်းကြောင်းသည် ကီလိုမီတာ ၅၀၀ ကျော် ရှည်လျားပြီး ပြည်နယ်ခွဲအတွင်း မြို့ပြနှင့်ခရိုင်အနက် လျှန်ဟော်ခရိုင်မှလွဲ၍ ကျန်နေရာများသည် မြန်မာနှင့် တောတောင်ရေမြေခြင်း ထိစပ်လျက်ရှိသည်။ နှစ်နိုင်ငံအကြား လမ်းမကြီးကစ စပါးခင်းများ အပြန်အလှန်ချိတ်ဆက်နေပြီး ကြက်များခွေးများအော်သံကိုလည်း အပြန်အလှန် ကြားနိုင်ပါသည်။

ရွှေလီမြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေး အပြန်အလှန်ဆက်ဆံသော အစည်ကားဆုံးမြို့ပြဖြစ်ပြီး နယ်နိမိတ်မျဥ်းကြောင်းသည် ၁၆၉.၈ ကီလိုမီတာ ရှည်လျားကာ လမ်းနှင့် ကူးဆို့ဆိပ် ၃၆ ခု ရှိပါသည်။ ရွှေလီမြို့၏ ပထဝီပုံသဏ္ဌာန်သည် လေးထောင့်ပုံဖြစ်ပြီး တောင်ဘက်မှလွှဲ၍ အခြားသုံးဘက်သည် မြန်မာနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည်။ ၎င်းအနက် အရှေ့တောင်ဖက်၏ နယ်နိမိတ်မျဥ်းကြောင်းသည် အရှည်လျားဆုံးဖြစ်ပြီး ၎င်းသည် တွန့်လိမ်စွာ ရွှေလီမြစ်ကို ဖြတ်ကျော်နေပါသည်။ ရွှေလီမြစ်၏ အကျယ်ဆုံးနေရာမှာ မီတာ ၂၀၀ မကျော်ပေ။ မြစ်ရေသည် ညင်သာစွာစီးဆင်းပြီး နှစ်ဖက်တွင် မြေသြဇာထက်သန်လှကာ မြို့ပြလည်း ထူထပ်လှပါသည်။ ယခုနှစ်ပိုင်းတွင် ရွှေလီနှင့်မြန်မာအကြား စီးပွားရေး၊ ယဥ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး အဆက်မပြတ် နက်ရှိုင်းလာသည်နှင့်အမျှ ပိုလေများ လေသော နိုင်ငံခြားသားများလည်း စီးပွားရှာရန်၊ စီးပွားရေးလုပ်ငန်းဖန်တီးရန်၊ ပညာလေ့လာရန်နှင့် ခရီး ထွက်ရန်အတွက် ရွှေလီရောက်လာကြသည်။

ထို့အပြင်၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ အဆက်မပြတ် ဆိုးဝါးလာသည်နှင့်အမျှ တရုတ်-မြန်မာနယ်စပ်ဒေသ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက်လည်း ဖိအားပေးမှုများ ရှိနေပါသည်။ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဖေ့ဘုတ်အကောင့်မှ အချက်အလက် များအရ၊ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ည ၈ နာရီမှ ၁၃ ရက်နေ့ ည ၈ နာရီအထိ၊ ဓာတ်ခွဲနမူနာ ၁၁၆၈၆ ခုကို စစ်ဆေးခဲ့ပြီး ၎င်းအနက် ၄၀၄၇ ခုတွင် ရောဂါပိုး တွေ့ခဲ့ပါသည်။ ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီ အထိ၊ မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း ၂၀၁၂၇၄ ဦးရှိပြီဖြစ်သည်။ “ပြည်သူများစွာက ကိုယ်ပူခြင်း၊ အောက်ဆီဂျင်ချို့တဲ့ခြင်း စတာတွေကို ခံစားနေရပေမယ့် ဆေးရုံမှာ လူနာပြည့်နေပြီး မဆံ့တော့လို့ အိမ်မှာပဲနေကြရပါတယ်။ ဒါ့အပြင်၊ မြန်မာမှာ ရောဂါပိုးစစ်ဆေးနိုင်စွမ်းက နည်းနည်း အားနည်းပါတယ်၊ ဒါ့ကြောင့် ရောဂါပိုးတွေ့ရှိသူပမာဏက အစိုးရဌာနထုတ်ပြန်ကြေညာတာထက် ပိုမိုများပြားနိုင်တယ်”ဟု မြန်မာနိုင်ငံသားတစ်ဦးက ပြောပါသည်။

ကြီးမားသော ရောဂါကာကွယ်ထိန်းချုပ်ရေးဖိအားကြောင့် တယ်ဟုန်ပြည်နယ်ခွဲတွင် အထူးသဖြင့် ရွှေလီမြို့တွင် နေထိုင်သော မြန်မာပြည်သူပြည်သားများသည် တရုတ်ပြည်သူပြည်သားများနှင့် လက်တွဲ ပြီး ကိုဗစ်-၁၉ တိုက်ပွဲတွင် အတူတကွ ပါဝင်နေကြပါသည်။

ရွှေလီမြို့၏ ဆရာဝန်၊ သူနာပြုများ၊ ပြည်သူ့လုံခြုံရေးရဲများ၊ မြို့ပြစီမံအုပ်ချုပ်ရေးဝန်ထမ်းများ၊ ရပ်ကွက်မှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ အမြန်ချောပို့နှင့်ပါဆယ်ထုပ် ပို့ဆောင်ပေးသူများ၊ အစရှိသူတို့အားလုံးသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတိုက်ပွဲတွင် တက်ကြွစွာ ပါဝင်နေကြသည်။ ရွှေလီမြို့၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသည် အမှန်တကယ် မည်ကဲ့သို့သောအခြေအနေအထိ စေ့စပ်သေသပ်စွာ ဆောင်ရွက်နေသနည်း။ ဥပမာတစ်ခုဖြင့်ပြောပါက ဇူလိုင်လ ၁၃ ရက်နေ့တွင် မြန်မာ နိုင်ငံမူဆယ်မှ ကျယ်ခေါင်မြို့ တရုတ်-မြန်မာစျေးသို့ စီးဆင်းဝင်ရောက်လာသော မိုးရေကိုပင် သက် ဆိုင်ရာဝန်ထမ်းများသည် ပထမဦးဆုံး နမူနာထုတ်ယူပြီး စစ်ဆေးခဲ့ပါသည်။

ရွှေလီမြို့တွင် နေထိုင်သော မြန်မာပြည်သူပြည်သားများသည်လည်း မိမိတို့၏ နည်းလမ်းများဖြင့် ရောဂါတိုက်ပွဲတွင် ပါဝင်ခဲ့ပါသည်။

အချို့သောလူသည် ဖေ့ဘုတ်တွင် ရွှေလီမြို့၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့် ရဲများ၏ဆက်သွယ်ရေးနည်းလမ်းကို မျှဝေခဲ့ပါသည်။ အချို့သောသူသည်လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့တွင် ပါဝင်လှုပ်ရှားနေကြသည်။

မသူဇာဖြူသည် ရွှေလီမြို့ မုနှောင်ရပ်ကွက်၏ ပရဟိတအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူမအတွက် နေ့စဥ် အလုပ်သည် တရုတ်ဘက်မှ ဝန်ထမ်းများက မြန်မာပြည်သူပြည်သားများ၏ အချက်အလက် စုစည်းရာတွင် ဘာသာပြန်ကူညီထောက်ပံ့ပေးခဲ့သည်။ “အခု မုနှောင်ရက်ကွက်မှာ မြန်မာပြည်သူ ပြည်သား ၄၀၀ နီးပါးရှိတယ်။ သူတို့က တရုတ်စကားမပြောတတ်ဘူး။ အကူအညီ လိုအပ်တယ်။ ကျွန်မအနေနဲ့ ပရဟိတဆောင်ရွက်ရာမှာ ရောဂါကူးစက်ခံရမှာကို လုံးဝ ထည့်မစဥ်းစားခဲ့ပါဘူး။ ဘာလို့ လဲဆိုတော့ ကျွန်မက မြန်မာပြည်သူပါ၊ ကျွန်မရဲ့ တအူတုံဆင်း ညီနောင်တွေကို အကူအညီ ပေးရမှာပေါ့။ တရုတ်ဘက်က ကူညီစောင့်ရှောက်မှုလည်း ကျွန်မအနေနဲ့ တကယ် ကျေးဇူးတင်တယ်လို့ ပြောကြားလို ပါတယ်။ ကိုဗစ်-၁၉ ကာလမှာ တရုတ်ဘက်က ကျွန်မတို့ကို ကြက်ဥ၊ အာလူး၊ ဆီ စတာတွေကို ကူညီ ထောက်ပံ့ပေးခဲ့တယ်။ မိမိယူဆချက်အရ တရုတ်က သိပ်ရက်ရောပါတယ်။ အခက်အခဲကြုံတွေ့တဲ့ အခါတိုင်းမှာ အခုလို ကျွန်မတို့ကို အကူအညီ ပေးလေ့ရှိပါတယ်။ ကျေးဇူးတင်ပါတယ်”ဟု သူမက ပြောဆိုခဲ့ပါသည်။

မနီနီသည် ရွှေလီတွင် နေထိုင်သည်မှာ ၈ နှစ် နီးပါးပြီဖြစ်သော မြန်မာအမျိုးသမီးတစ်ဦးဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် သူမသည် လူနာများ၊ သံသယလူနာများနှင့် ပြည်ပမှ ဝင်ရောက်သူများ သီးသန့်ထားနေရာနှင့် ဆေးကုသနေရာသို့ ပို့ဆောင်ရေးဆိုင်ရာအဖွဲ့တွင် စကားပြန်အဖြစ် ပရဟိတ လုပ်ဆောင်နေသည်။ “အဲဒါက ကူးစက်လွယ်တဲ့အလုပ်ဖြစ်ပါတယ်၊ တကယ် ကာကွယ်ရေး ကောင်းကောင်း လုပ်မထားရင် ကူးစက်ခံရတဲ့အန္တရာယ်ကို ကြုံတွေ့မယ်”ဟု သူမဆိုသည်။ သို့ရာတွင် သူမသည်လည်း အလုပ်အတွင်း ကြိုးစားစွာ လုပ်ဆောင်နေပါသည်။ “ကျွန်မတို့က နေ့လယ်မှာ ထွက်ပြီး မိုးလင်းခါနီးမှ ပြန်လာတယ်။ တခါတစ်လေ တစ်ရက်ကို ၃ နာရီဝန်းကျင်ပဲ အနားယူနိုင်တယ်”ဟု သူမ ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

“ရွှေလီဟာ ကျွန်တော်ရဲ့ ဒုတိယအိမ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ တိုက်ဖျက် ခြင်းဟာ အခု ရွှေလီမြေကြီးမှာ နေထိုင်သူတိုင်းအတွက် တာဝန်တစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ဒီမှာ နေတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခြင်းက တရုတ်ဘက်က အလုပ်ပဲ မဟုတ်ပါဘူး။ ကျွန်တော့်လိုလူတွေအနေနဲ့ ရွှေလီအစိုးရရဲ့ စည်းကမ်းသတ်မှတ်ချက်ကို လိုက်နာပြီး ကျန်းမာရေးဌာနရဲ့ စစ်ဆေးခြင်းကို တက်တက်ကြွကြွ ပါဝင်တယ်။ အဲဒါက ကျွန်တော်တို့ လုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်”ဟု ရဲထွေးထက်မှဆိုသည်။ သူသည် ရွှေလီမြို့တွင်နေထိုင်သော ကျောက်စိမ်းကုန်သည်တစ်ဦး ဖြစ်သည်။ ယခုအချိန်တွင် သူသည် အိမ်တွင် အေးဆေးစွာ နေထိုင်ပြီး ရောဂါတိုက်ဖျက်ရန် အပြင်မထွက်ပေ။ “ရွှေလီမှာ ကိုဗစ်-၁၉ မြန်နိုင်ထက်မြန်မြန် ပျောက်ကွယ်သွားဖို့ မျှော်လင့်ပါတယ်”ဟု သူက ဆုတောင်းခဲ့ ပါသည်။