ဇူလိုင်လ(၂၁)ရက်နေ့သည် ရွှေလီမြို့၏ COVID-19 ရောဂါ တတိယလှိုင်းဖြစ်သည့် (၁၈)ရက်မြောက်နေ့ ဖြစ်သည်။ (၁၈)ရက်တာကာလအတွင်း ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားများနှင့် ဒေသခံပြည်သူများသည် ဒေသတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်ချက်များကို အတူလိုက်နာပြီး ရောဂါကို အတူလက်တွဲကာ တိုက်ဖျက် ခဲ့ကြသည်။ မတူသောနိုင်ငံမှ ရောက်လာကြသော်လည်း တူညီသောမျှော်လင့်ချက် တစ်ခုရှိသည်မှာ ရွှေလီမြို့ COVID-19 ရောဂါကို ကျော်လွှားအောင်မြင်ခြင်းပင်ဖြစ်သည်။
“ရွှေလီမြို့ရဲ့ COVID-19 ရောဂါအခြေအနေကို ကျွန်တော်အမြဲမပြတ် ဂရုစိုက်နေပါတယ်။” မင်းနိုင်အောင်သည် မြန်မာနိုင်ငံ မူဆယ်မြို့ရှိ ကုန်စည်သယ်ဆောင်ရေးမော်တော်ယာဉ် ယာဉ်မောင်းသူတစ်ဦးဖြစ်သည်။ သူ၏ ဇနီးဖြစ်သူသည် ရွှေလီမြို့တွင် ထမင်းချက်ပြုတ်သည့်အလုပ် လုပ်ဆောင်နေပါသည်။ ယခုအကြိမ်ရွှေလီမြို့တွင် ရောဂါစတင်ဖြစ်ပွားပြီးနောက် မင်းနိုင်အောင်၏ ဇနီးနှင့်သားတို့သည် ကိုဗစ်ကူးစက်ခံရသူနှင့် နီးကပ်စွာ ထိတွေ့သူများဖြစ်သည့်အတွက် ရွှေလီမြို့တွင် သီးခြားကွာရန်တင်း လုပ်ဆောင်ခဲ့ရပါသည်။ သူကမူ မူဆယ် တွင်နေသည်။ “သီးခြားကွာရန်တင်းနေရာက သန့်ရှင်းတယ်။ တစ်ရက်ကို ထမင်းသုံးနပ် စီစဥ်ထားပေးတယ်။ အားလုံးက အဆင်ပြေတယ်လို့ ကျွန်တော့်ဇနီးက ပြောတယ်”ဟု မင်းနိုင်အောင်က ပြောသည်။ ရွှေလီမြို့၏ COVID-19 ရောဂါ အမြန်ဆုံးကျော်လွှားအောင်မြင်စေလိုပြီး မိသားစုများနှင့် အမြန်ဆုံးပြန်လည်တွေ့ဆုံရန် မင်းနိုင်အောင်က မျှော်လင့်နေပါသည်။
စန္ဒာမြင့်သည် ကိုဗစ်ကူးစက်ခံရသူနှင့် နီးကပ်စွာထိတွေ့သူတစ်ဦး ဖြစ်သည်။ ရွှေလီကျယ်ကောက် နယ်စပ် ကုန်သွယ်ရေးဇုန် Yue Liang Dao ကွာရန်တင်းစင်တာတွင် တစ်ပတ်ကျော် ကွာရန်တင်းနေထိုင်ခဲ့ပြီးဖြစ်သည်။ ရောဂါမဖြစ်ပွားမီက ရွှေလီမြို့တွင် အလုပ်တာဝန်ထမ်းဆောင်ခဲ့ပြီး လစာ တည်ငြိမ်စွာ ရရှိသည်ဟု မိတ်ဆက် ပြောကြားခဲ့သည်။ ရောဂါစတင်ဖြစ်ပွားပြီးနောက် စက်ရုံယာယီပိတ်လိုက်ရသည်။ ရွှေလီမြို့ရောဂါ ထိန်းချုပ်နိုင်ပြီးသည့်နောက် စက်ရုံတွင် ပြန်လည် အလုပ်လုပ်ဆောင်နိုင်ရန် မျှော်လင့်နေပါသည်။
“ရွှေလီဒေသခံပြည်သူများနဲ့အတူ ကျွန်မတို့ဟာ နေအိမ်မှာသာနေထိုင်ရေးပေါ်လစီကို လိုက်နာလုပ်ဆောင် ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုကို လက်ခံပြီး ကာကွယ်ဆေး အခမဲ့ထိုးခဲ့ရတယ်။ စေတနာ့ဝန်ထမ်းများက ကျွန်မတို့အတွက် အခမဲ့ ဘာသာပြန်ဆိုပေးသေးတယ်။” မမြင့်အေးသည် ရွှေလီမြို့ မူနောင်နယ်တွင် နေထိုင် လျက်ရှိသည်။ ယခု သူမသည် နေအိမ်တွင် နေထိုင်သည့်အချိန်ကို အသုံးပြုပြီး အွန်လိုင်းပေါ်တွင် ဟင်းလျာ ချက်ပြုတ်ခြင်းကို သင်ယူလျက်ရှိသည်။ “ကပ်ရောဂါကျော်လွှားပြီးရင် အိမ်သားတွေအတွက် ပြည့်စုံတဲ့ ထမင်း ဝိုင်းလေးတစ်ခု လုပ်ပေးချင်တယ်”ဟု သူမက ပြောကြားပါသည်။
အေးမင်းသည် သြစတြေးလျနိုင်ငံ Wollongong တက္ကသိုလ်ရှိ မြန်မာနိုင်ငံသုတေသနကွန်ရက် လက်ထောက် သုတေသနပညာရှင် ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးသုတေသနကို အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့သည်။ ရွှေလီမြို့ တွင် ရောဂါစတင်ဖြစ်ပွားပြီးနောက် သူသည် တရုတ်-မြန်မာနယ်စပ်မြို့ကလေးကို အဆက်မပြတ် ဂရုစိုက် လျက်ရှိသည်။
“ရွှေလီမြို့က မြန်မာ-တရုတ်အဓိကကုန်သွယ်ရေးနယ်စပ်မြို့ဖြစ်တယ်။ နယ်စပ်ဒေသမှာ နေထိုင်တဲ့ မြန်မာ နိုင်ငံသားများရဲ့ အရေးပါတဲ့အသက်မွေးဝမ်းကျောင်းပြုတဲ့နေရာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ရွှေလီမြို့ရဲ့ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်မယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။ ရွှေလီမြို့မှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု အေးမင်းက ပြောပါသည်။ မြန်မာနိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်မှုသည်လည်း ယခုအခါ ကြီးမားသော စိန်ခေါ်မှုနှင့် ကြုံတွေ့နေရကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံက အောက်ဆီဂျင် အပါအဝင် ဆေးဝါးကုသပစ္စည်းများကို လှူဒါန်းပေးကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှု မည်ကဲ့သို့ပင် ရှိနေပါစေ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံပြည်သူများ အခက်အခဲ ကြုံတွေ့သည့်အခါတိုင်းမှာ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်ပေးနေတဲ့အတွက် ကျွန်တော် အထူးကျေးဇူးတင်ကြောင်း သူက ဆက်လက်ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့က နိုင်ငံချင်းမတူပေမယ့် ရွှေလီမြို့မှာ နေထိုင်တဲ့မြန်မာနိုင်ငံသားများနဲ့ မြို့တစ်မြို့တည်းမှာ အတူနေထိုင်ပြီး တူညီတဲ့မျှော်လင့်ချက်ရှိပါတယ်။ ရောဂါအမြန်ဆုံးပြီးမြောက်ကျော်လွှားပြီး နေထိုင်မှုနဲ့ အလုပ်တွေ ပုံမှန် ပြန်ဖြစ်စေလိုပါတယ်”ဟု ရွှေလီမြို့သား မစ္စတာကျန်းက ပြောကြားပါသည်။