ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသော်လည်း ဆက်လက်ကူးစက်ခံရသည်မှာ အဘယ်ကြောင့်နည်း

2021-08-04 18:45:20 |သတင်းအရင်းအမြစ် 新华网

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သြဂုတ်လ(၃)ရက်နေ့တွင် ထုတ်ပြန်သည့် နောက်ဆုံးရအချက်အလက်အရ ဥရောပ အလယ်ပိုင်းစံတော်ချိန်သြဂုတ်လ(၃)ရက်နေ့ (၁၇)နာရီ(၃၀)မိနစ်အထိ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ (၁၉၈၇၇၈၁၇၅) ဦးရောက်ရှိပြီး သေဆုံးသူသည်(၄၂၃၅၅၅၉)ဦးရှိ‌ကြောင်းသိရသည်။

ယခုရက်ပိုင်းတွင် ကာကွယ်ဆေးထိုးနှုန်းမြင့်မားသည့်နိုင်ငံများမှ “Breakthrough infection ထိုးဖောက် ကျော်ဖြတ် ကူးစက်မှု”လူနာများစွာရှိသည်ကို တင်ပြလာကြသည်။ “Breakthrough infection ထိုးဖောက်ကျော်ဖြတ် ကူးစက်မှု” ဆိုသည်မှာ ရောဂါပိုးသည် ကာကွယ်ဆေး၏ ကာကွယ်မှုကိုကျော်ဖြတ်ပြီး ၎င်းကာကွယ်ဆေးမှ ကာကွယ်ပေးနိုင်ရမည့်ရောဂါကို ကာကွယ်ဆေးထိုးပြီးသူများ ရောဂါပိုးကူးစက် ခံရခြင်းကိုဆိုလိုပါသည်။

“Breakthrough infection ထိုးဖောက်ကျော်ဖြတ်ကူးစက်မှု” ဖြစ်ရခြင်းသည် ကာကွယ်ဆေးအားလုံး၏ ကာကွယ်မှု နှုန်းထားသည် (၁၀၀%)မရှိနိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ကာကွယ်မှုနှုန်းထားနိမ့်လေလေ “Breakthrough infection ထိုးဖောက်ကျော်ဖြတ်ကူးစက်မှု”ဖြစ်ပွားနှုန်း မြင့်မားလေလေဖြစ်ကြောင်း တရုတ်နိုင်ငံမှသက်ဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားပါသည်။ ကာကွယ်မှုစွမ်းအားအကောင်းဆုံးသော ကာကွယ်ဆေးဖြစ်စေ လူတစ်ဦးနှင့်တစ်ဦး မတူသောကွာခြားချက်များကြောင့် ခုခံအားတုံ့ပြန်မှုအားနည်းသူတွင် “Breakthrough infection ထိုးဖောက် ကျော်ဖြတ်ကူးစက်မှု” ဖြစ်ပွားနိုင်ကြောင်း သိရပါသည်။

“Breakthrough infection ထိုးဖောက်ကျော်ဖြတ်ကူးစက်မှု”မရှိသည့် ကာကွယ်ဆေးမရှိကြောင်း ဖူဒန်တက္ကသိုလ် ပူးတွဲဟွာရှန်းဆေးရုံကူးစက်ရောဂါဌာနမှ ဌာနမှူးကျန်းဝိမ်ဟုန်က ပြောကြားသည်။ လူသိများသော ဘီပိုး ကာကွယ်ဆေး၊ ရေကျောက်ရောဂါကာကွယ်ဆေး၊ ဝက်သက်ရောဂါကာကွယ်ဆေးတို့အားလုံးတွင် ရှိကြပါသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးနောက် ဆေးထိုးထားသည့် အန္တာရယ်မြင့်လူအုပ်စုများ ကူးစက်ခံရသည်မှာ ရှောင်လွဲ၍မရနိုင်သောအခြေအနေ ဖြစ်ပါသည်။