Delta ဗီဇပြောင်းဗိုင်းရပ်စ်ပိုးငြိမ်သက်မှုမရှိသေးချိန်မှာပင် “Lambda”ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် နိုင်ငံများစွာ၌ ထပ်မံထွက်ပေါ်လာနေပြီး Lambda သည် Delta ထက် ပိုအန္တရယ်ရှိနိုင်ပါသလား

2021-08-10 18:01:08 |သတင်းအရင်းအမြစ် 央视网、每日经济新闻

Delta ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ငြိမ်သက်မှုမရှိသေးချိန်မှာပင် “Lambda”ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် နိုင်ငံများစွာ၌ ထပ်မံ ထွက်ပေါ်လာနေကြောင်း သိရသည်။ Lambda ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် ကူးစက်မှု ပိုမိုမြင့်မားသည့် အလားအလာရှိသည်။ ယခုအခါ အမေရိကန်နိုင်ငံတွင် Lambda ပိုးကူးစက်လူနာ(၁၀၆၀)ဦး တွေ့ရှိပြီးဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင်လည်း ယခုရက်ပိုင်း၌ ပထမဆုံး “Lambda”ပိုးကူးစက်လူနာကို တွေ့ရှိခဲ့သည်။ “Lambda” ဗိုင်းရပ်စ်ပိုးတွင် ကူးစက်မှုပိုမိုမြင့်မားပြီး antibody ကို ပိုမိုခုခံနိုင်သည့်စွမ်းအားရှိသည်ကို သုတေသနအရ တွေ့ရှိကြောင်း သိရသည်။