လူသားတို့ထံ ပေးစာတစ်စောင်

2021-08-11 15:30:32 |သတင်းအရင်းအမြစ် 云南发布

သြဂုတ်လ(၈)ရက်နေ့ ည(၈)နာရီ(၈)မိနစ်တွင် မြောက်ဘက်သို့ရွေ့လျားနေသည့် အာရှဆင်များသည် လူတို့၏လမ်းညွှန်မှုဖြင့် ယွမ်ကျန်းမြစ်ကိုဖြတ်ကျော်ကာ နေထိုင်ကျက်စားရာနေရာသို့ လုံခြုံစွာ ရောက်ရှိခဲ့ကြောင်း ယူနန်မှမြောက်ဘက်သို့ ရွေ့လျားနေသည့် အာရှဆင်အုပ်စု လုံခြုံကာကွယ်ရေး လုပ်ငန်း ပြည်နယ်အဆင့် ညွှန်ကြားရေးဦးစီးဌာနမှ သြဂုတ်လ(၈)ရက်နေ့ ညတွင် သတင်းထုတ် ပြန်ခဲ့သည်။ အဆိုပါဆင်အုပ်စုသည် ဧပြီလမှစ၍ ယခင်နေထိုင်ကျက်စားသည့် နေရာမှ ထွက်ခွာပြီး ယူနန်ပြည်နယ်တစ်ဝက်နီးပါးကို ဖြတ်သန်းသွားလာခဲ့သည်။ လူဦးရေများသည့် နေရာဒေသအတွင်း သို့ အကြိမ်များစွာ ဝင်ရောက်ခဲ့သည်။ ဒေသအသီးသီးမှ ဆင်နှင့် နေထိုင်ပြည်သူများ၏ လုံခြုံရေး အတွက် လိုက်လံစောင့်ရှောက်ခြင်း၊ ကာကွယ်ခြင်းနှင့် လမ်းညွှန်ခြင်း စသည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြသည်။

ဆင်များနေထိုင်နေရာသို့ ပြန်ရောက်ပြီးနောက် စာရေးဆရာတစ်ဦးသည် ဆင်မှပြောဆိုသကဲ့သို့သော စာတစ်စောင်ကို ရေးသားခဲ့သည်။

ဆောင်းဦးရာသီရောက်ပြီ။ အမေက အိမ်ပြန်သင့်ပြီလို့ပြောတယ်။ ဒါကြောင့် သြဂုတ်လ(၈)ရက်နေ့ မှာ အိုလံပစ်အားကစားပိတ်ပွဲအခမ်းအနားကျင်းပတဲ့ မင်္ဂလာရှိတဲ့ရက်မှာပဲ ကျွန်တော်တို့ တောင် ဘက်ကို ပြန်လှည့်ခဲ့ပါတယ်။ ယွမ်ကျန်းမြစ်ကိုဖြတ်ပြီး အိမ်ပြန်တဲ့လမ်းကို စတင်ခဲ့တယ်။

အဲဒီ‌နွေဦးအချိန်အခါဖြစ်တဲ့ ဧပြီလမှာ “ကမ္ဘာကြီး ဘယ်လောက်ကြီးသလဲဆိုတာ ထွက်ကြည့်ချင် ခဲ့တယ်” ဆိုတဲ့အတွေးနဲ့ ကျွန်တော်တို့မိသားစုက မြောက်ဘက်ဦးတည်တဲ့ခရီးကို စတင်လျှောက် လှမ်းခဲ့တယ်။ ရက်(၁၀၀)ကျော်၊ လမ်းခရီးကီလိုမီတာ(၁၀၀၀)ကျော် လျှောက်လိုက်တာမှာ ကျွန်တော်တို့ယူနန်က ကျယ်ပြန့်ပြီး လှပတာကို မြင်လိုက်ရတယ်။ လမ်းခရီးတစ်လျှောက်က ကျေးရွာတွေဟာ တစ်ခုထက်တစ်ခု ပိုပိုပြီးလှပကြတယ်။

အခွင့်အရေးရတုန်း ကျွန်တော်အရမ်းပြောချင်တာရှိတယ်။ ခင်ဗျားတို့လူသားတွေဟာ တော်တော်ကို စိတ်ကောင်းရှိကြတယ်။ တစ်လမ်းလုံး ကျွန်တော်တို့စားဖို့ ကျွေးကြတယ်။ သွားဖို့ လမ်းဖယ်ပေး တယ်။ ဟိုအဆင့်မြင့်နည်းပညာတွေနဲ့ ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့ပစ္စည်းတွေနဲ့ ကျွန်တော်တို့ လမ်းမမှားဖို့အတွက် လမ်းညွှန်ပေးတယ်။

ဒါပေမဲ့ ခင်ဗျားတို့က ဆိုးလည်းဆိုးကြတယ်။ ကျွန်တော်တို့အိပ်နေတဲ့ပုံ၊ ကလေးတွေ ရေကစားနေတဲ့ ပုံတွေကို ခင်ဗျားတို့က အင်တာနက်ကွန်ရက်ပေါ်တင်ကြတော့ တရုတ်နိုင်ငံမက နိုင်ငံ တကာက လူတွေပါ အားလုံးတွေ့ကြတယ်။ အားနာစရာကြီး။

ဒါပေမဲ့လည်း ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ဒီတစ်လမ်းလုံး လျှောက်လာတာ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။ အရေးအကြီးဆုံးက ခင်ဗျားတို့အပေါ် ကျွန်တော်တို့ ပိုပြီးသိကျွမ်းလာတာ ပေါ့။ ခင်ဗျားတို့ရဲ့ဖော်ရွေမှုကြောင့် ကျွန်တော်တို့က ချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်တာကို အထူးပဲ ခံစားရပါတယ်။ ကမ္ဘာမြေကြီးဟာ ကျွန်တော်တို့အားလုံးရဲ့ အမိအိမ်ပါ။ မိခင်ကဲ့သို့ သူမကိုကောင်းစွာ ပြုစုဆက်ဆံကြပါစို့။

ပျော်ရွှင်စွာအိမ်ပြန်နေသော အာရှဆင်အုပ်စု
၂၀၂၁ ခုနှစ် သြဂုတ်လ(၈)ရက်
ဆောင်းပါး။ ။ 匆匆过客