တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအပေါ် မြန်မာပြည်သူပြည်သားများ ယခုကဲ့သို့ပြောဆို

2021-08-13 15:40:52 |သတင်းအရင်းအမြစ် 《吉祥》杂志

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၁၁ ရက်နေ့ မြန်မာ့စံတော်ချိန် ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၃၇၆၇ ခုအား နျူကလီအက်စ်ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းအနက် ၃၇၃၉ ခုတွင် ပိုးတွေ့ခဲ့ကာ ပိုးတွေ့နှုန်းသည် ၂၇.၁၆% ရှိပါသည်။ တစ်နေ့တည်းတွင် သေဆုံးသူ ၂၁၈ ဦး အသစ်တိုးလာကာ သေဆုံးနှုန်းသည် ၃.၆၅% ရှိခဲ့ပါသည်။ ဩဂုတ်လ ၁၀ ရက်နေ့ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် ပိုးတွေ့သူ စုစုပေါင်း ၃၄၁၃၀၀ ဦး ရှိပြီး သေဆုံးသူစုစုပေါင်း ၁၂၄၅၂ ဦး ရှိကြောင်း သိရပါသည်။


မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါအခြေအနေသည် ကူးစက်နှုန်းနှင့် သေဆုံးနှုန်းမြင့်မားသော လက္ခဏာကို ဖော်ပြနေသကဲ့သို့ မြန်မာ့ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များသည် ကာကွယ်ဆေးထိုးခြင်းကသာ ကိုဗစ်ကို ကာကွယ်နိုင်မည် ဖြစ်ခြင်းကြောင့် မည်သည့်ကိုဗစ်ကာကွယ်ဆေးကိုမဆို ထိုးနှံကြရန် တိုက်တွန်းကြပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံခြင်းအခြေအနေသည် ကောင်းမွန်သော အခြေအနေ ဖြစ်သည်မဟုတ်သေးပါ။ ယခုနှစ် မေလ၏ နောက်ဆုံးပတ်က မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏စာရင်းအရဆိုလျှင် မြန်မာနိုင်ငံတွင် ကာကွယ်ဆေး ထိုးပြီးသူ ၁.၇ သန်းရှိပြီး အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးခြင်းဖြစ်ရာ ကာကွယ်ဆေးထိုးနှံနိုင်သည့်လူဦးရေ ၃၈.၃ သန်း၌ ၄ ရာခိုင်နှုန်းသာ ဆေးထိုးနှံရသေးသည့် အခြေအနေ ဖြစ်ပါသည်။


“မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံနှုန်းက နည်းနေသေးတယ်။ အကြောင်းရင်းက လက်ရှိ မြန်မာပြည်တွင်း နိုင်ငံရေးအခြေအနေကြောင့်ဖြစ်သလို ပြည်သူပြည်သားတွေက ကာကွယ်ဆေးရဲ့ လုံခြုံရေးအခြေအနေကိုလည်း စိုးရိမ်နေကြလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကအကြောင်းရင်းက ကာကွယ်ဆေး မလုံလောက်တာ ဖြစ်ပါတယ်”ဟု ယူနန်ပြည်နယ် လူမှုရေးနှင့်သိပ္ပံနည်းပညာအကယ်ဒမီ လက်ထောက်သုတေသီ ဆရာမ Qian Xiaofeng မှ သုံးသပ်ပြောကြားခဲ့ပါသည်။
စုံစမ်းလေ့လာခြင်းအရ လက်ရှိမြန်မာနိုင်ငံကို ရောက်ရှိသည့် ကိုဗစ်ကာကွယ်ဆေးသည် အဓိကအားဖြင့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့မှ ဖြစ်ပြီး ယခုအချိန်ထိ မြန်မာနိုင်ငံသို့ ရောက်ရှိသော ကာကွယ်ဆေး စုစုပေါင်း အလုံးရေသည် ၈ သန်း ကျော်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်း အချက်အလက်အရ မြန်မာနိုင်ငံ၏လူဦးရေသည် သန်း ၅၀ အထက် ရှိနေပါသည်။ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး ၄.၅ သန်း ပို့ဆောင်ပေးခဲ့ကာ ၎င်းအနက် ၂.၅ သန်းသည် နှောင်ကြိုးမဲ့လှူဒါန်းခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး၏ အဓိကတင်ပို့သည့်နေရာ ဖြစ်ပါသည်။

ဇူလိုင်လ ၂၇ ရက်နေ့ကစတင်ကာ မြန်မာနိုင်ငံ၏အကြီးမားဆုံးသော မြို့ပြဖြစ်သည့် ရန်ကုန်မြို့သည် မြို့သူမြို့သားများအတွက် တရုတ်ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။ မြောက်ဒဂုံ‌မြို့နယ်တွင်‌ နေထိုင်သူ မအေးမွန်သည် အသက် ၆၆ နှစ်အရွယ်ရှိ ၎င်း၏မိခင်ဖြစ်သူကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန်အတွက် ရပ်ကွက်တာဝန်ရှိသူများကို ဇူလိုင်လ နောက်ဆုံးအပတ်တွင် စာရင်းပေးခဲ့သည်။ တရုတ်ကာကွယ်ဆေး ထိုးနှံရမည့်အပေါ် သူမသည် စိတ်ကယောက်ကယက်ဖြစ်ခဲ့သည်။ “အမေ မတည်မငြိမ်ဖြစ်တဲ့ အကြောင်းရင်းက ကာကွယ်ဆေးရဲ့လုံခြုံရေးကို စိုးရိမ်ပူပန်လို့မဟုတ်ပါဘူး။ တရုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ အရေးပေါ်အသုံးပြုဖို့ အသိအမှတ်ပြုထားပါတယ်။ ကျွန်မတို့က ယုံကြည်ပါတယ်။ ဒါပေမဲ့ အမေက ဆီးချိုနဲ့ သွေးတိုးရောဂါရှိတော့ ထိုးသင့်သလား မထိုးသင့်ဘူးလား ဆိုတာကို ကျွန်မတို့ သေချာမသိလို့ပါ”ဟု သူမ ပြောခဲ့ပါသည်။ မြောက်ဒဂုံ‌မြို့နယ်မှ ဆရာဝန်သည် မအေးမွန်၏မိခင်အတွက် ကျန်းမာရေး သေချာ စစ်ဆေးပြီး သြဂုတ်လ ၂ ရက်နေ့တွင် တရုတ်ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။ “အမေက ထိုးပြီးစမှာတော့ နည်းနည်း စိတ်ပူမိတယ်။ တခြား ဘာလက္ခဏာမှတော့ မရှိခဲ့ပါဘူး။ အခုဆိုရင် အစစအရာရာ အဆင်ပြေပါတယ်”ဟု သူမ ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

လားရှိုးမြို့သူ မြန်မာနိုင်ငံရောက် တရုတ်မျိုးနွယ်အန်တီဝမ်သည်လည်း သြဂုတ်လ ၆ ရက်နေ့တွင် ဘိုးဘွားနိုင်ငံတရုတ်မှ ကာကွယ်ဆေးကို ထိုးနှံခဲ့ပါသည်။ “တရုတ်နဲ့မြန်မာ နိုင်ငံနှစ်ခုစလုံးက ကျွန်တော်တို့ရဲ့ ဇာတိလို့ ပြောဆိုနိုင်ပါတယ်။ တရုတ်က နိုင်ငံအသီးသီးကို ကာကွယ်ဆေး မျှဝေ လှူဒါန်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တတိယလှိုင်း ရောဂါဖြစ်ပွားချိန်မှာ ကျွန်တော်က တရုတ်ရဲ့ အကူအညီ ရဖို့ မျှောင်လင့်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော့်အိပ်မက်တွေက အကောင်အထည် ပေါ်လာခဲ့ပါတယ်။ အဲဒီက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရောဂါတိုက်ဖျက်ရေးအတွက် အကောင်းဆုံး အထောက်အပံ့ ဖြစ်တယ်”ဟု တန်တီဝမ်၏ သားဖြစ်သူ အောင်ဝင်းက ပြောပါသည်။

ရန်ကုန်မြို့တွင်နေထိုင်သော ဒေါ်ရီရီဝင်းသည် မြန်မာပြည်သူပြည်သားများ အောက်ဆီဂျင်အိုးနှင့် အခြားသော ရောဂါကာကွယ်ရေးပစ္စည်းများ ရရှိရန် ပင်ပန်းကြီးစွာ ရှာဖွေကြရသည့် မြင်ကွင်းကို လက်တွေ့ကျကျ တွေ့မြင်ခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ ပြင်းထန်သော ရောဂါအခြေအနေသည် သူမအား အလွန်ဝမ်းနည်း လေးလံစေခဲ့ပါသည်။ သူမသည်လည်း တရုတ်ကာကွယ်ဆေးကို မြန်နိုင်သလောက်မြန်အောင် ထိုးနှံနိုင်ဖို့ မျှော်လင့်ပါသည်။ “ကမ္ဘာ့တစ်ဝန်းအတွက် ကာကွယ်ဆေးက တော်တော်တန်ဖိုးရှိပါတယ်။ တရုတ်က အခုလို ကူညီထောက်ပံ့ပေးခြင်းစေတနာက သိပ်ကိုရက်ရောလှပါတယ်။ အရမ်းပူအိုက်တဲ့ရာသီမှာ အအေးပို့ပေးသလိုပါပဲ”ဟု သူမ ပြောပါသည်။