တယ်ဟုန်မှ လူငယ်တစ်ဦး ကိုယ်ပိုင်ဒီဇိုင်းထုတ်ပြုလုပ်သော သာယာလှပသည့် တိုင်လူမျိုးဝတ်စုံများ

2021-09-10 18:10:42 |သတင်းအရင်းအမြစ် 掌上德宏

တိုင်တိုင်းရင်းသား လူငယ်တစ်ဦးဖြစ်သူ ရှောင်ယွီချွမ်သည် ရှာမိန်တက္ကသိုလ်တွင် သတင်းပညာ ဘာသာရပ်ကို အထူးပြုသင်ယူခဲ့သည်။ ကျောင်းပြီးသည့်အချိန်တွင် သူသည် ဇာတိကိုပြန်ရောက်ပြီး တိုင်လူမျိုးဝတ်စုံဒီဇိုင်းပြုလုပ်သည့် အထူးချွန်ဆုံးသူဖြစ်လာပါသည်။ ဇာတိမြေဖြစ်သော တယ်ဟုန်ပြည်နယ်ခွဲမှ မွေးထုတ်ပေးခြင်းမှသည် ခွဲခွာလို့မရနိုင်တော့ပေ။ ဇာတိနယ်မြေ၏ ချစ်ခြင်းမေတ္တာ အပေါ် ရှောင်ယွီချွမ်က အမြဲပြောပြသည့်အကြောင်းများမှာ ဇာတိ၏ တိုင်လူမျိုးယဥ်ကျေးမှုနှင့် တိုင်လူမျိုးတို့၏ ရိုးသားမှုဖြစ်ပါသည်။

သြဂုတ်လ၏ တစ်နေ့တွင် ထိုက်ကေအလုပ်ရုံ ထူထောင်သူ ရှောင်ယွီချွမ်သည် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ မန်စီမြို့ တိုင်လူမျိုးရှေးဟောင်းမြို့နယ်ရှိ ဆိုင်သစ်ကို စောစောရောက်ရှိခဲ့ပါသည်။ သူက ဖောက်သည်များအတွက် နေ့စဥ်တိုင်လူမျိုးဝတ်စုံကို ဒီဇိုင်းရေးဆွဲပြီး အပ်ချုပ်နေပါသည်။ မန်စီမြို့တွင် လူတော်တော်များများသည် ထိုက်ကေအလုပ်ရုံအား သိကျွမ်းပြီး ပွဲတော်နေ့ထူးနေ့မြတ် မတိုင်ခင် အဆိုပါအပ်ချုပ်ဆိုင်ကို လာရောက်ကာ ဝတ်စုံတစ်စုံကို မှာယူလေ့ရှိကြပါသည်။

“၂၀၁၇ ခုနှစ်မှာ ကျွန်တော်က တက္ကသိုလ်က ဘွဲ့ရတယ်။ ရှာမိန်ကနေ တယ်ဟုန်ပြည်နယ်ခွဲကို သင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့ ပြန်လာခဲ့ပါတယ်။ လူတွေအများကြီး ဝတ်ဆင်တဲ့ တိုင်လူမျိုးဝတ်စုံအများစုက အထည်ချုပ်စက်နဲ့ အစုလိုက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ထူးခြားမှု မရှိပါဘူး။ အထည်တွေကလည်း လိုက်ဖက်မှု မရှိပါဘူး။ ဒါ့ကြောင့် အလှတရားကို မဖော်ပြနိုင်ဘူး။ အဲဒီအချိန်မှာ တိုင်လူမျိုးဝတ်စုံ တစ်ချို့ကို ကိုယ်တိုင်ဒီဇိုင်းပြုလုပ်ချင်လာတယ်။ လူတွေကို ထူးခြားတဲ့ ဝတ်စုံ ဝတ်စေချင်ပါတယ်။” ထိုကဲ့သို့သော ရုတ်တရက်အတွေးကြောင့် ရှောင်ယွီချွမ်သည် မိမိ၏ ဘဝကို ပြောင်းလဲစေခဲ့ပါသည်။

“ကျွန်တော် ချုပ်လုပ်တာဟာ ဝတ်စုံသက်သက်မဟုတ်ဘဲ လက်ရာမြောက်တဲ့ လက်မှုပစ္စည်းတစ်ခု ဖြစ်စေချင်တာပါ။ ” ထိုကဲ့သို့သော အတွေးအခေါ်ကြောင့် ရှောင်ယွီချွမ်သည် အထည်များအား ရွေးချယ်ရာတွင် ပိုပြီး တင်းကျပ်စွာလုပ်ကိုင်ခဲ့ပါသည်။ သို့သော်လည်း ဒေသစျေးကွက်တွင် ရောင်းချသော အထည်များသည် စက်ရုံမှ ထုတ်လုပ်သော အထည်များဖြစ်သည့်အတွက် သူ့လိုအပ်ချက်ကို မဖြည့်စွက်နိုင်ပေ။ “မန်စီမြို့မှာ သင့်တော်တဲ့ အထည် မရှိပါဘူး။ ကျွန်တော်က ကူမင်းမြို့ကို သွားရောက် ရှာဖွေခဲ့ပါတယ်။ တစ်ခါတစ်လေ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်မိုင်နဲ့ မြန်မာနိုင်ငံ မန္တလေးစတဲ့နေရာတွေကိုလည်း သွားရောက် ရှာဖွေခဲ့ပါတယ်။ ဒါ့အပြင် မန်စီနဲ့ ရင်ကျန်းစတဲ့နေရာတွေမှာ ရိုးရာတိုင်လူမျိုး အထည်ချုပ်လုပ်မှု လက်မှုပညာရှင်တစ်ချို့ကိုလည်း ရှာဖွေခဲ့ပါသည်။ ဒီလက်မှုပညာရှင်တွေက အထည်ချုပ်ပေးဖို့ ကူညီတောင်းဆိုပါတယ်။”

ရှောင်ယွီချွမ်သည် ကိုယ်ပိုင်ဒီဇိုင်းထုတ်ချုပ်လုပ်သည့် ဝတ်စုံများသည် တိုင်လူမျိုးတို့ ရိုးရာဓလေ့ထုံးစံနှင့် ခေတ်သစ်ကို ပေါင်းစပ်ထားသည့်အတွက်ကြောင့် တစ်ဖြည်းဖြည်းချင်း သူဒီဇိုင်းချုပ်လုပ်သည့်ဝတ်စုံများသည် ပိုမိုများပြားသော လူတို့၏ နှစ်သက်မှုကို ရရှိခဲ့ပါသည်။ “ပွဲတော်နေ့ထူးနေ့မြတ် မတိုင်မီ အမှာများစွာ ရရှိပါတယ်။ အလုပ်များတဲ့အခါမှာ ရေသောက်ချိန်တောင် မရှိတော့ဘူး”ဟု ရှောင်ယွီချွမ်က ပြောပြပါသည်။ ဤလမ်းကြောင်းကို ရွေးချယ်ပြီးသည့်နောက်တွင် သူသည် ထာဝရ လှမ်းချီသွားမည်ဟု သူက ဆက်လက်ပြောပြပါသည်။