တရုတ်နိုင်ငံ ကူမင်းမြို့မှ အမြန်ချောထုပ်များသည် တောက်ဘက်တစ်လျှောက်သို့ တင်ပို့ပြီး ၅ ရက်အကြာဝန်းကျင်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကို ရောက်ရှိနိုင်ပါသည်။ ၎င်းလမ်းသည် တရုတ်-မြန်မာ နိုင်ငံဖြတ်ကျော်အီးကော်မာ့စ် သယ်ယူပို့ဆောင်ရေး အထူးလမ်းကြောင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလ တွင် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူပြည်သားများ၏ စိတ်နှလုံးသားကို အပြန်အလှန် မြှင့်တင်နိုင်ပါသည်။
အဆိုပါအထူးလမ်းကြောင်းသည် တရုတ်(ယူနန်)လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန် ကူမင်းဇုန်နှင့် ယူနန်ပြည်နယ် လင်ချမ်းမြို့ နယ်စပ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်နှင့်အတူ ပူးတွဲ တည်ဆောက်ခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လမှ စတင်စမ်းသပ်ပြေးဆွဲခဲ့ပါသည်။ လင်ချမ်း ကြီစစ်တာ အီးကော်မာ့စ်ကုမ္ပဏီလီမိတက် (အောက်တွင် ကြီစစ်တာကုမ္ပဏီဟု အတိုချုံးခေါ်ဝေါ်မည်)မှ အမြန်ချောထုပ်များစုစည်းပြီး အကောက်ခွန်ရှင်းလင်းခြင်း၊ စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို တာဝန်ခံ ဆောင်ရွက်သည်။ အမြန်ချောထုပ်များ အကောက်ခွန်စစ်ဆေးရှင်းလင်းပြီးနောက် China Post ၏ ပို့ဆောင်ရေးအဖွဲ့မှတစ်ဆင့် အမြန်ချောထုပ်များအား လင်ချမ်းမြို့ ချင်းရွှေဟော်နယ်စပ်ဂိတ်သို့ ပို့ဆောင်သည်။ ဆက်လက်ပြီး မြန်မာဘက်မှ သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် အဆိုပါအမြန်ချောထုပ် များကို ရန်ကုန်၊ မန္တလေး အစရှိသည့် လိုရာခရီးသို့ရောက်အောင် ပို့ဆောင်ပါသည်။
“သြဂုတ်လကစပြီး ကျွန်တော်တို့ ကြီစစ်တာကုမ္ပဏီက မြန်မာသို့ တင်ပို့တဲ့ အမြန်ချောထုပ် ၅ သောင်းကျော်ကို လက်ခံခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်ကို အထုပ်ရေ ၁၀၀၀ ကျော်ရှိတယ်”ဟု ကြီစစ်တာ ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကျောက်ကျုံး(Zhao Zhong) မှ မိတ်ဆက်ခဲ့ပါသည်။
ကြီစစ်တာကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့သော်လည်း မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ကျောက်ကျုံးကမူ လွန်ခဲ့သော နှစ် ၂၀ ကျော်ကတည်းက တရုတ်-မြန်မာ စီးပွားကုန်သွယ်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့ပါသည်။ “ယခုခေတ်ကာလမှာ အမြန်ချောပို့လုပ်ငန်းက နေ့စဥ်နေထိုင်မှုဘဝမှာ အရေးကြီးတဲ့အကျိုးကို ဆောင်ကျဥ်းပေးနေပါတယ်။ အမြန်ချောထုပ်တွေကို မြန်ဆန် အဆင်ပြေစွာ ရရှိခြင်းဟာ လူအများစုအတွက် စိတ်ချမ်းသာခြင်းတစ်မျိုး ဖြစ်တယ်လို့ ပြောဆိုနိုင်တယ်။ အခုမှာ တရုတ်-မြန်မာအမြန်ချောပို့လုပ်ငန်းက အခက်အခဲတစ်ချို့ကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်က အခုလိုအခက်အခဲကြုံတွေ့ချိန်မှာ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံစားသုံးသူဧည့်သည်တွေအတွက် ကိုယ်စွမ်းရှိသမျှ အကျိုးဆောင်လိုပါတယ်”ဟု ကျောက်ကျုံးမှ ပြောဆိုခဲ့ပါသည်။
ကူမင်းမြို့ ချမ်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ယူနန်ပြည်နယ် China Post သိုလှောင်ရုံ၏ ကြီစစ်တာကုမ္ပဏီမှ ငှားရမ်းသည့် သိုလှောင်ခန်းကို ကျွန်မတို့သတင်းထောက် သတင်းသွားယူသည့်အခါ သူတို့၏ ဝန်ထမ်းများသည် မြန်မာနိုင်ငံသို့ တင်ပို့သောအမြန်ချောထုပ်များ စစ်ဆေးရင်း အလုပ်များနေကြပါသည်။ ပုံစံနှင့်အရောင်အသွေးလှပသောအင်္ကျီ၊ လက်ကိုင်ဖုန်းနှင့် အကာအကွယ်ပစ္စည်း၊ အိမ်သုံးအရေးပေါ်ကျန်းမာရေးပစ္စည်း၊ နို့စို့ကလေးသုံးပစ္စည်း၊ အိမ်သစ်အလှဆင်စားပွဲငယ်စသည့် အမြန်ချောထုပ်များသည် နေထိုင်မှုဘဝ၏ စည်ကားချမ်းသာခြင်းအရသာကိုပေါ်လွင်ပြီး ရရှိခံစားနိုင်ပါသည်။ ၎င်းအမြန်ချောထုပ်များအပေါ်ရှိ လက်ခံသူများ၏လိပ်စာအရ သိရသည်မှာ အမြန်ချောထုပ်များသည် များသောအားဖြင့် ရန်ကုန်နှင့်မန္တလေးသို့ တင်ပို့ထားခြင်းဖြစ်နေသည်။ “အထုပ်အများစုက မြန်မာဧည့်သည်တွေက Taobao နဲ့ JD.COM အွန်လိုင်းဈေးဝယ်ပလက်ဖောင်းကနေ ဝယ်ယူထားတဲ့ နေ့စဥ်သုံးပစ္စည်းတွေ ဖြစ်ပါတယ်”ဟု ကြီစစ်တာကုမ္ပဏီ ကူမင်းသိုလှောင်ရုံ၏ တာဝန်ခံ ကောင်းယွမ်(Gao Yuan )က ပြောသည်။ သူ၏မိတ်ဆက်ပေးခြင်းအရ၊ ကူမင်းမြို့မှ ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ အမြန်ချောထုပ်တင်ပို့ပါက အထုပ်ကြီးဖြစ်လျှင် တစ်ကီလို တရုတ်ငွေ ၈ ယွမ်(မြန်မာငွေ ၂၁၅၉ ကျပ်နှင့်ညီမျှသည်)၊ အထုတ်သေးတစ်ထုပ်ကမူ ၁၅ ယွမ် (မြန်မာငွေ ၄၀၄၉ ကျပ်နှင့်ညီမျှသည်) ဝန်းကျင်ဖြစ်ပါသည်။ “အဲဒီစျေးနှုန်းက စားသုံးသူဧည့်သည်တွေ လက်ခံနိုင်တဲ့ စျေးနှုန်းပါ”ဟု ကောင်းယွမ်က ပြောဆိုခဲ့ပါသည်။
မြန်မာနိုင်ငံ Red ANT Express ကုမ္ပဏီသည် ကြီစစ်တာကုမ္ပဏီ၏ မြန်မာပြည်တွင်း အမြန်ချောထုပ်များ ဧည့်သည်လက်ရောက် ပို့ဆောင်ပေးသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက် ဖြစ်သည်။ “ယခုအချိန်မှာ ကျွန်တော်တို့ကုမ္ပဏီလက်ခံတဲ့အမြန်ချောထုပ်ထဲမှာ ၁၀% ဝန်းကျင်က ကြီစစ်တာကုမ္ပဏီကနေ ဝင်ရောက်လာတဲ့ တရုတ်အမြန်ချောထုပ်ဖြစ်ပါတယ်။ အဲဒီအမြန်ချောထုပ်တွေ လက်ခံသူထဲမှာ မြန်မာပြည်ဖွားတရုတ်လူမျိုးနဲ့ မြန်မာမှာ အလုပ်လုပ်နေတဲ့တရုတ်နိုင်ငံသားတွေပါတယ်။ မြန်မာလူမျိုးတွေလည်း ပါဝင်တယ်။ မြန်မာဧည့်သည်တွေ တရုတ်ဘာသာစကား မကျွမ်းပေမဲ့ သူတို့က ကြားခံကတစ်ဆင့် တရုတ်ဝက်ဆိုက်ကနေ ပစ္စည်းမှာယူတယ်။ ကျွန်တော်တို့ကလည်း မြန်နိုင်သလောက် အမြန်ချောထုပ်တွေကို ဧည့်သည်ဆီ အရောက်ပို့ပေးတယ်”ဟု Red ANT Express ကုမ္ပဏီ၏ စတင် တည်ဆောက်သူများအနက် တစ်ဦးဖြစ်သော ကျန်းပင်းဖန်(Zhang Binfan) ကဆိုသည်။
“တရုတ်လမုန့်ပွဲတော်ရောက်တော့မယ်။ ကျွန်တော်က မြန်မာမှာ အလုပ်လုပ်နေတဲ့သားဖြစ်သူအတွက် လက်ဆောင်တစ်ချို့ကို ဝယ်ပေးခဲ့တယ်။ သူက အမြန်ချောထုပ်ရတဲ့အခါ ကျွန်တော်တို့ရဲ့ သတိရခြင်းကို ခံစားမိဖို့ ကျွန်မမျှော်လင့်ပါတယ်။” စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကူမင်းမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ သာမန်လယ်သမားအိမ်ယာတစ်ခု၌ အန်တီ ကျန်းမေ(Zhang Mei )သည် အပူချိန်ထိန်းရေခွက်၊ အင်္ကျီ စသည့်ပစ္စည်းများကို ကတ်ထူစက္ကူသေတ္တာတစ်ခုထဲသို့ ထည့်ပြီး အနီးနားရှိ အမြန်ချောပို့ဝန်ထမ်းထံ ပေးပို့ခဲ့သည်။ “ကိုဗစ်-၁၉ ကာလမှာ တရုတ်-မြန်မာကုန်စည်သယ်ယူပို့ဆောင်ရေးက ထိခိုက်မှုများစွာ ရှိခဲ့ပါတယ်။ တရုတ်-မြန်မာ နိုင်ငံဖြတ်ကျော်အီးကော်မာ့စ် အမြန်ချောထုပ်များ သယ်ယူပို့ဆောင်ရေး အထူးလမ်းကြောင်းဖွင့်လှစ်ခြင်းက အချိန်မီဖြစ်ခဲ့ပါတယ်”ဟု ကျန်းမေမှ ပြောခဲ့သည်။