ဘတ်စကက်ဘောလုံးကွင်း၌ ကလေးတစ်စုသည် နည်းပြဆရာ၏ လမ်းညွှန်မှုတွင် လေ့ကျင့်လျက် ရှိနေပါသည်။ “ဟုတ်ပြီ၊ ဒီလို လေ့ကျင့်ရမယ်။ အားမာန်နဲ့ လုပ်ရမယ်”အဆိုပါဘတ်စကက်ဘောကွင်း၏ ဘေးနားတွင် တယ်ဟုန်ပြည်နယ်ခွဲ လူငယ်အပျော်တမ်းအားကစားကျောင်း၏ ကျောင်းအုပ်ကြီး လျူစုချူက အော်ဟစ်အားပေးနေပါသည်။ ယခင်တုန်းက သူမသည် ဘတ်စကက်ဘော နည်းပြဆရာတစ်ဦး ဖြစ်ပါသည်။ “ချစ်မြတ်နိုးတဲ့အတွက် အားလပ်တဲ့အချိန်မှာ ဘတ်စကက်ဘောကွင်းမှာပဲ အမြဲတမ်း ရှိနေချင်ပါတယ်။”၂၂ နှစ်ကြာ သင်ကြားပို့ချမှုအတွေ့အကြုံရှိသော လျူစုချူက အားကစားအား မိမိဘဝ၏ အခြားအဖော်တစ်ယောက်ဟု မှတ်ယူခဲ့ပါသည်။
ငယ်ငယ်ကတည်းကပင် လျူစုချူသည် အားကစားလှုပ်ရှားမှုအား အလွန် နှစ်သက်ခဲ့ပါသည်။ သို့သော်လည်း ကျေးရွာတွင် မွေးဖွားခဲ့သည့်အတွက် သူမသည် ဇာတိမြေအားကစားပညာရေးနောက်ကျမှု ကြောင့် ဆရာ၊ ဆရာမနှင့် အတန်းဖော်များအား သယ်ဆောင်လာသည့် အခက်အခဲများကို သူမက လေးလေးနက်နက် ခံစားခဲ့ရပါသည်။ ၂၀၀၀ ပြည့်နှစ် ကျောင်းပြီးပြီးနောက် သူမသည် လုံချွမ်ခရိုင် ဟူစဗဟိုမူလတန်းကျောင်းတွင် ကာယပညာဆရာမတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ “တောင်တန်းဒေသဟာ သားသမီးတွေအတွက် ယှဥ်ပြိုင်ဖို့ အားကစားကွင်းတစ်ခု ဖြစ်ပါတယ်။ တောတောင်ဒေသကနေ ထိုးဖောက်လှမ်းချီပြီးနောက် သူတို့ဟာ အောင်မြင်နိုင်လိမ့်မယ်”ဟု လျူစုချူသည် ယုံကြည်ထားပါသည်။
ထိုနှစ်များတွင် လျူစုချူသည် လူမှုရေးအားကစား၊ လူထုအားကစားအတွက် ဝန်ဆောင်ပေးခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အထိ သူမသည် ယှဥ်ပြိုင်မှုအားကစားလမ်းကြောင်းသို့ လှမ်းချီလာကာ တယ်ဟုန် ပြည်နယ်ခွဲတွင် ထူးချွန်သော ယှဥ်ပြိုင်မှုအားကစားလက်ရွေးစင်များအား မွေးထုတ်ရန် တာဝန်ပေးအပ်ခြင်းခံရပါသည်။ ၂၀၂၀ပြည့်နှစ်က သူမသည် တယ်ဟုန်ပြည်နယ်ခွဲ လူငယ်အပျော်တမ်းအားကစားကျောင်း၏ ကျောင်းအုပ်ကြီးအနေနှင့် ရာထူးတိုးမြှင့် ပြောင်းရွှေ့ လာပါသည်။ “ဖိအား ရှိလိမ့်မယ်။ အင်အားကို အဆတစ်ရာ ပိုပြီး ကြိုးပမ်းသုံးစွဲမယ်။ ”လျူစုချူသည် ယှဥ်ပြိုင်မှုစိတ်ဓာတ်ဖြင့် အဆိုပါကျောင်းအား စီမံခန့်ခွဲခဲ့ပါသည်။
လျူစုချူ၏ ရုံးဌာနရှိ စာအုပ်စင်ကို ဖွင့်ကြည့်လျှင် “တရုတ်အမျိုးသားအဆင့် ဒိုင်လူကြီး လက်မှတ်”ပါသော အနီရောင်စာအုပ်လေးမှာ အလွန် ထင်ရှားပြီး တောက်ပလျက် ရှိနေပါသည်။ သူမသည် တယ်ဟုန်ပြည်နယ်ခွဲ၏ တရုတ်အမျိုးသားအဆင့် ဘတ်စကက်ဘောဒိုင်လူကြီး လက်မှတ်ရရှိသည့် တစ်ဦးတည်းသော ဒိုင်လူကြီး ဖြစ်ပါသည်။
နေ့စဥ်သင်ကြားပို့ချမှုနှင့် စီမံအုပ်ချုပ်မှုအပြင် လျူစုချူသည် တယ်ဟုန်ပြည်နယ်ခွဲရှိ ခရိုင်နှင့်မြို့နယ် အသီးသီးသို့ သွားရောက်ကာ အားကစားပျိုးပင်များ ရွေးချယ်လေ့ရှိပါသည်။ “ကျွန်မတို့ အားကစားကျောင်းရဲ့ သားသမီးတွေရဲ့ အသက်ကွာခြားမှု ရှိပါတယ်။ အသက်အငယ်ဆုံး သားသမီးဟာ ၅ နှစ်၊ ၆ နှစ်လောက်ဖြစ်ပါတယ်။ သူတို့ ဖေဖေမေမေ ဘေးနားမှာ မရှိတဲ့အတွက် ကျွန်မဟာ သူတို့ရဲ့ ဖေဖေမေမေ ဖြစ်ပါတယ်။”လေ့ကျင့်ရာတွင်ဖြစ်စေ၊ စာသင်ရာတွင်ဖြစ်စေ၊ နေထိုင်ရာတွင်ဖြစ်စေ လျူစုချူသည် သူမ၏ တပည့်များအား လိုလေးသေမရှိ စောင့်ရှောက်ပေးလျက်ရှိနေပါသည်။
“ဘတ်စကက်ဘောအားကစားကွင်းတစ်ခုကို စီစဥ်တည်ဆောက်နေပါတယ်။ ကျွန်မတို့ ကျောင်းရဲ့ အားကစားအခြေခံအဆောက်အဦးကို ပြီးပြည့်စုံအောင် တည်ဆောက်ချင်ပါတယ်။ သားသမီးတွေ ဒီနေရာမှာ စိတ်ချစွာ လေ့ကျင့်နိုင်ဖို့ ကျွန်မတို့ ကျောင်းကို တစ်ဆင့်ပြီးတစ်ဆင့် ကောင်းမွန်အောင် တည်ဆောက်ချင်ပါတယ်”ဟု လျူစုချူသည် မိမိ၏ မျှော်လင့်ချက်ကို ပြောပြခဲ့ပါသည်။