တရုတ်သုတေသနပညာရှင်များနှင့်အတူ မြန်မာဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

2021-10-14 15:46:49 |သတင်းအရင်းအမြစ် 《吉祥》杂志

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် စသည့်နေရာမှသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အနီးတဝိုက်၊ တမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအထိ၊ ၎င်းနေရာများတွင် ကျွန်တော်တို့ မြန်မာနှင့် တရုတ်နိုင်ငံမှ ဇီဝမျိုးစုံမျိုးကွဲ သုတေသနပညာရှင်များ၏ လေ့လာရေးခြေရာ များစွာ ကျန်ရစ်ခဲ့ပါသည်။

ကျွန်တော့်နာမည် သန့်ရှင်းဟုခေါ်ပြီး မြန်မာနိုင်ငံသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာသုတေသီတစ်ဦးဖြစ်သည်။ ကျွန်တော်၏ ပြီးခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ တာဝန်ထမ်းဆောင်စဉ်ကာလတွင် ရုက္ခပင်များ၊ တိရစ္ဆာန်များနှင့် နက်ရှိုင်းစွာ ရေစက်ဆုံခဲ့ပါသည်။ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိသော မိတ်ဖက်သုတေသန အဖွဲ့အစည်းပေါင်းများစွာရှိသည့်အနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ် သိပ္ပံနည်းပညာအကယ်ဒမီသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ တရုတ်သိပ္ပံနည်းပညာအကယ်ဒမီသည် သစ်တောသုတေသနဌာနနှင့် ၂၀၁၆ ခုနှစ်တွင် (၅)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ ရေးထိုး၍ မြန်မာနိုင်ငံ အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ၊ သက်ဆိုင်ရာသုတေသီများ မွမ်းမံသင်တန်းပေးခြင်း စသည့်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေသည်မှာ ယနေ့ထိတိုင်ဖြစ်ပါသည်။

သစ်တောသုတေသနဌာနတွင် တိရစ္ဆာန် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဓာတ်ခွဲခန်း၊ အပင်မျိုးစိတ်များထိန်းသိမ်းခြင်းဓာတ်ခွဲခန်း၊ ရေနေသတ္တဝါများ ထိန်းသိမ်းခြင်းဓာတ်ခွဲခန်းနှင့် လူမှုရုက္ခဗေဒနှင့် ဆေးဘက်ဝင်အပင်များဆိုင်ရာ ဓာတ်ခွဲခန်းဟူ၍ ဓာတ်ခွဲခန်း(၄)မျိုးဖွင့်လှစ်၍ သုတေသနဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကျွန်တော် မှတ်သားထားသည်များကို ပြန်ပြောရမည်ဆိုပါက ကျွန်တော်တို့နှင့် တရုတ်သုတေတီပညာရှင်များသည် ၁၀ ကြိမ်အထက် ပူးပေါင်းပြီး တောရိုင်းထဲသို့ သွားရောက်လေ့လာပြီး အချက်အလက်စုဆောင်းခဲ့သည်။ ကျွန်တော်တို့သည် မြန်မာမြောက်ပိုင်းဒေသ၏ တောင်မြင့်နှင့် လျှိုနက်ချိုင့်ဝှမ်းများစွာတွင် ခြေချခဲ့ပြီး တောရိုင်းအတွင်း လျှို့ဝှက်ကင်မရာများမှ နို့တိုက်သတ္တဝါများကို ခြေရာခံခဲ့ကြသည်။ ထို့ပြင် ငါးမျိုးစိတ်များ၏ နမူနာ ကောက်ယူပြီး လေ့လာရာတွင် တည်းခိုရာတဲအတွင်း မီးရောင်အောက်တွင် နမူနာများ၏ မီးကင်နည်းဖြင့် ခြောက်သွေ့စေခြင်းအခြေအနေကို စစ်ဆေးခြင်း၊ လူငယ်များအတွက် အပူပိုင်းဒေသအပင်မျိုးစိတ်များခွဲခြင်း သင်တန်းပေးခြင်း စသည့်အစီအစဥ်ကိုလည်း အတူတကွ လုပ်ဆောင်ခဲ့ပါသည်။ တရုတ်ဘက်မှ သုတေတီပညာရှင်များသည် မြန်မာစာမတတ်သကဲ့သို့ ကျွန်တော်တို့သည်လည်း တရုတ်ဘာသာစကားမပြောတတ်ကြပေ။ ထို့ပြင် ကျွန်တော်၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည်လည်းမကောင်းသောကြောင့် တရုတ်သုတေတီများနှင့်် ဖလှယ်ရာတွင် အခက်အခဲများရှိသော်လည်း နှစ်ဦးနှစ်ဖက်သည် တိရစ္ဆာန်နှင့် ရုက္ခပင်များအပေါ် တူညီသော ချစ်ခင်နှစ်သက်စိတ်ဖြင့် အပြန်အလှန် ယုံကြည်စိတ်ရှိသောကြောင့် ကျွန်တော်တို့သည် အပြန်အလှန် သိရှိနားလည်နိုင်သည့် မိတ်ဖက်ကောင်းများဖြစ်ခဲ့ပါသည်။ တောရိုင်းထဲတွင် အလုပ်လုပ်သည့်ပတ်ဝန်းကျင် ဆိုးရွားသော်လည်း တရုတ်သုတေသီများကမူ စိတ်ထဲတွင်မထားဘဲ လျှပ်စစ်မီးမရသည့်တိုင် အချိန်စက္ကန့်တိုင်းလုယူကာ အာရုံစူးစိုက် အလုပ်လုပ်ခဲ့သည်။ သူတို့၏ ယခုကဲ့သို့သော စိတ်ဓာတ်အား ကျွန်တော်သည် အကြိမ်ပေါင်းများစွာ လက်မထောင်ပြီး ချီးကျူးခဲ့သည်။ သူတို့နှင့် လေ့လာရေးခရီးစဥ်တိုင်းတွင် ပျော်ရွှင်မှု ရရှိခဲ့ပါသည်။

ကျွန်တော်တို့ သစ်တောဦးစီးဌာနနှင့် တရုတ်နိုင်ငံ တရုတ်သိပ္ပံနည်းပညာအကယ်ဒမီတို့၏ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်မှုဖြင့် ရလဒ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ သဘာဝအတိုင်း နေထိုက်ကျက်စားလျက်ရှိသည့် နို့တိုက်သတ္တဝါ (၄၂)မျိုးအား လျှို့ဝှက်ကင်မရာများမှ ဓာတ်ပုံများကို အသုံးပြု၍ မှတ်တမ်း တင်နိုင်ခဲ့ပါသည်။ ထို့အပြင် ငှက်မျိုးစိတ်ပေါင်း(၃၁၉)မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ အပင်မျိုးစိတ်များ စာရင်းကောက်ယူခြင်းကို ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ၊ မဒွယ်ရာဇီနှင့် တမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့တွင် အဓိကဆောင်ရွက်ခဲ့ပြီး ပန်းပုံစံနမူနာပေါင်း(၉၄၀၀၀)ကျော်နှင့် မျိုးရိုးဗီဇနမူနာ (၃၃၅၀)ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ အပင်မျိုးစိတ်သစ်(၁၅)မျိုးကို တွေ့ရှိခဲ့ရသည်။ ငါးနမူနာ(၈၁၅၈)ကို မြန်မာနိုင်ငံရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ စစ်တမ်းကောက်ယူနိုင်ခဲ့ပါသည်။ ထို့ပြင် တိုင်းရင်းဆေးအပင်များ ကဏ္ဍတွင်လည်း အောင်မြင်မှုအသစ် ရရှိခဲ့ပါသည်။

ရှေ့ဆက်၍လည်း မြန်မာနိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသည့်ဒေသများတွင် အပင်နှင့် တိရစ္ဆာန် မျိုးကွဲများအား သုတေသနစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် တရုတ်သုတေသီများမှ နည်းပညာအထောက်အပံ့များရရှိခဲ့ပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုအထောက်အပံ့ ဖြစ်စေသကဲ့သို့ ကျွန်တော်တို့နှစ်ဦးနှစ်ဖက်၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အချိန်နှင့်အမျှ ပိုမိုနက်ရှိုင်းလာပါမည်ဟု ကျွန်တော်ယုံကြည်ပါသည်။


စာရေးသူအကြောင်း--
စာရေးသူသည် ဒေါက်တာသန့်ရှင်းဖြစ်ပြီး သူသည် မြန်မာနိုင်ငံသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဖြစ်သည်။ ဒေါက်တာသန့်ရှင်းသည် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲကာကွယ်စောင့်ရှောက်ရေးနှင့် သုတေသနလုပ်ငန်းအတွက် နှစ် ၂၀ ကျော် ကြိုးစားခဲ့ပြီး မြန်မာနိုင်ငံ၏ အတွေ့အကြုံရင့်သော ဇီဝမျိုးစုံမျိုးကွဲသုတေသနပညာရှင်တစ်ဦးဖြစ်သည်။ သူသည် တရုတ်သိပ္ပံနည်းပညာအကယ်ဒမီနှင့် မြန်မာနိုင်ငံသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှစ်ဦးနှစ်ဖက်အကြား ဇီဝမျိုးစုံမျိုးကွာကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ရေရှည် တက်ကြွစွာ အကျိုးဆောင်ကျဥ်းပေးပြီး မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲကာကွယ်စောင့်ရှောက်ခြင်း၊ မျိုးစိတ်သစ်ရှာဖွေတွေ့ရှိခြင်းအတွက် အရေးကြီးသော တွန်းအားကို ပေးလျက်ရှိသည်။ဇီဝမျိုးစုံမျိုးကွဲသုတေသနပညာရှင်တစ်ဦးဖြစ်သည်။ သူသည် တရုတ်သိပ္ပံနည်းပညာအကယ်ဒမီနှင့် မြန်မာနိုင်ငံသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှစ်ဦးနှစ်ဖက်အကြား ဇီဝမျိုးစုံမျိုးကွာကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ရေရှည် တက်ကြွစွာ အကျိုးဆောင်ကျဥ်းပေးပြီး မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲကာကွယ်စောင့်ရှောက်ခြင်း၊ မျိုးစိတ်သစ်ရှာဖွေတွေ့ရှိခြင်းအတွက် အရေးကြီးသော တွန်းအားကို ပေးလျက်ရှိသည်။