တူလျံတောင် အုပ်ထိန်းသူ လီကျင့်၏ ဆန္ဒ

2021-11-22 18:21:56 |သတင်းအရင်းအမြစ် 新华网

အသားညိုညိုနှင့် တောထဲတွင် ဓာတ်ပုံရိုက်နေသော လူကို လီကျင့် ဟုခေါ်သည်။ “သဘာဝ တရားနဲ့ နေ့တိုင်း ဆက်ဆံရတော့ ငါ့ပုံရိပ်ကို ငါသိပ်ဂရုမစိုက်ခဲ့ဘူး”ဟု တစ်နှစ်ပတ်လုံး တောထဲတွင် အလုပ်လုပ်သည့် လီကျင့် ကပြောသည်။

၂၀၁၂ ခုနှစ်မှစ၍ အနောက်တောင်သစ်တောတက္ကသိုလ် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ ဘေးမဲ့တော စီမံခန့်ခွဲမှုမေဂျာမှ ဘွဲ့ယူပြီးနောက် လီကျင့်သည် တူလျံတောင် အမျိုးသား သဘာဝဘေးမဲ့တော နန်ကျင့် စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဌာနမှ ဖီးနစ်တောင် ငှက်များ မှတ်တမ်းကောက်ယူစခန်းတွင် အလုပ်လုပ်လျက်ရှိသည်။

ဖီးနစ်တောင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရွှေ့ပြောင်းငှက်များအတွက် အရေးကြီးသော ရွှေ့ပြောင်းသွားလာမှု လမ်းကြောင်းတစ်ခု ဖြစ်ပြီး ဆောင်းဦးရာသီတိုင်းတွင် လီကျင့်သည် လုပ်ဖော်ကိုယ်ဖက်များနှင့် ရွှေ့ပြောင်းနေထိုင်သည့် ငှက်များအတွက် မှတ်တမ်းကောက်ယူရသည်။ “ငှက်များအတွက် မှတ်တမ်းကောက်ယူခြင်းသည် ငှက်များကို လေ့လာရန် နည်းလမ်းတစ်မျိုး ဖြစ်သည်” ဟု ဤအလုပ်ကို အလွန်နှစ်သက်သော လီကျင့် ကပြောခဲ့သည်။

မှတ်တမ်းကောက်ယူခြင်းအလုပ်သည် အများအားဖြင့် ည၌ ပြုလုပ်လေ့ရှိသည်။ လီကျင့်သည် လုပ်ဖော်ကိုယ်ဖက်များနှင့် ရုံးရှိ စောင့်ကြည့်ရေးစခရင်ကို အလှည့်ကျ ကြည့်ရှုရပြီး အွန်လိုင်းတွင် ငှက်များရှိနေသည်ကို တွေ့မှသာ ချက်ချင်းဖြည်ပေးကာ မှတ်တမ်းကောက်ယူပြီး လွှတ်ပေးရကြောင်း၊ လုပ်ငန်းစဉ်တစ်ခုလုံးသည် ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်မျှသာ ဖြစ်‌ကြောင်း သိရပါသည်။

“ငှက်တွေက ငါတို့ဘဝရဲ့ အစိတ်အပိုင်းဖြစ်နေပြီ။ ငါ့မှာ ပိုကြီးတဲ့ ဆန္ဒတစ်ခုရှိတယ်၊ ဒီ ချစ်စရာလေးတွေနဲ့ တူလျံတောင်ကို ကောင်းအောင် ကာကွယ်စောင့်ရှောက်ရမယ်၊ ကျွန်ုပ်တို့၏ ဘုံအိမ်ကို ကောင်းအောင် ကာကွယ်စောင့်ရှောက်ရမယ်”ဟု လီကျင့် ကပြောခဲ့သည်။