တရုတ်-လာအိုရထားလမ်း၏ “အခွင့်အရေးမြန်နှုန်းမြင့်ရထား”တွင်လိုက်ပါစီးနင်းရန် ထိုင်းနိုင်ငံမှ မျှော်လင့်

2021-12-09 13:28:51 |သတင်းအရင်းအမြစ် 新华网

မြောက်ဘက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့မှစ၍ တောင်ဘက် လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့သို့ ရောက်ရှိသော တရုတ်-လာအိုရထားလမ်းသည် ဒီဇင်ဘာလ(၃)ရက်နေ့တွင် စတင် ပြေးဆွဲခဲ့သည်။ လာအိုနိုင်ငံနှင့် တောတောင်ရေမြေ ဆက်စပ်လျက်ရှိသော ထိုင်းနိုင်ငံသည် တရုတ်-လာအိုရထားလမ်းအပေါ် အထူးအာရုံစိုက်လျက်ရှိသည်။ ဒေသအချင်းချင်းချိတ်ဆက်သော “အခွင့်အရေးမြန်နှုန်းမြင့်ရထား”ကို လိုက်ပါစီးနင်းနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။

“တရုတ်-လာအိုရထားလမ်းဖွင့်လှစ်ပြီးနောက် ထိုင်းနိုင်ငံမှကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ပိုမို သက်သာသောကုန်ကျစရိတ်နှင့် ပိုမိုတိုတောင်းသောလမ်းခရီးဖြစ်သည့် ရထားလမ်းသယ်ယူပို့ဆောင်ရေးကို ရွေးချယ်နိုင်မည် ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံမှကုန်ပစ္စည်းများ တရုတ်စျေးကွက်အတွင်း ယှဉ်ပြိုင်အားကို ပိုမိုတိုးမြင့်ပေးနိုင်မည်ဖြစ်သည်။”ဟု (၂၀၀၉)ခုနှစ်ကစပြီး တရုတ်နိုင်ငံသို့ ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် ထိုင်းကုန်သည် လွင်စင်.တီ၀ိမ်ချယ် ကပြောသည်။

တရုတ်-လာအိုရထားလမ်း စတင်ပြေးဆွဲပြီးနောက် ဗီယင်ကျန်းမှ တရုတ်-လာအိုနယ်စပ်သို့ ရောက်ရှိသည့် လမ်းခရီးသည် ယခင်ကထက် (၂)ရက်မှ(၃)နာရီအထိ လျော့နည်းခဲ့ပြီး ကူမင်းသို့ မနက်ထွက်ပါက ညပိုင်းတွင် ဆိုက်ရောက်နိုင်ပါသည်။ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” မဟာဗျူဟာနှင့် လာအို “ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းလမ်းချိတ်ဆက်နိုင်ငံ” မဟာဗျူဟာချိတ်ဆက်သည့် အောင်မြင်မှုရလဒ်ဖြစ်သော တရုတ်-လာအိုရထားလမ်းသည် လာအိုနှင့်အဆိုပါဒေသ၏ အခြေခံအဆောက်အဦးဆောက်လုပ်ရေးနှင့် အချင်းချင်းချိတ်ဆက်ရေးအဆင့်ကို သိသာစွာ မြှင့်တင်ပေးပြီး စီးပွားရေးဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာဘဏ်သုတေသနအစီရင်ခံစာအရ တရုတ်-လာအိုရထားလမ်းသည် ဗီယင်ကျန်းနှင့်ကူမင်းအကြား သယ်ယူပို့ဆောင်ရေးစရိတ်ကို (၄၀%)မှ(၅၀%)အထိ လျှော့ချနိုင်ဖွယ်ရှိကြောင်း၊ ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းမှ ကူမင်းသို့ သယ်ယူပို့ဆောင်ရေးစရိတ်သည် (၃၂%) လျော့ကျဖွယ်ရှိကြောင်း ဖော်ြပထားပါသည်။ လာမည့်(၂၀၃၀)ခုနှစ်တွင် တရုတ်-လာအိုရထားလမ်း လာအိုအပိုင်း၏ နှစ်စဉ် နယ်စပ်ကုန်စည်ပမာဏမှာ တန်(၃.၉)သန်းအထိရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
 
“တရုတ်-လာအိုရထားလမ်းဖွင့်လှစ်လိုက်ခြင်းသည် ရထားလမ်းတစ်လျှောက်ဒေသများ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။ တရုတ်၊ လာအို၊ ထိုင်း(၃)နိုင်ငံ အပါအဝင် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် နိုင်ငံအသီးသီးသည် ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေးထွက်ကုန်၊ လူသုံးကုန်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွားလာရေး စသည့်အပိုင်းများတွင် အကျိုးအမြတ်များရရှိမည် ဖြစ်ပါသည်။”ဟု ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ရထားလမ်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယညွန်မှူး ဖော်ချဲ. ကုနာ ထက်လာ သည် ရှင်းဟွာသတင်းဌာနမှ သတင်းထောက်၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။