【ရှုဖွယ်စုံလင်၊ ယူနန်တစ်ခွင်】 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်က တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းခရိုင်ကို ဘာကြောင့် ချီးကျူးခဲ့တာလဲ

2021-01-07 19:23:29 |သတင်းအရင်းအမြစ် 云桥网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်က သူ၏ လူမှုကွန်ရက် Twitter တွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင်မှ ဆင်းရဲနွမ်းပါးမှုလေျှာ့ချရေး အောင်မြင်မှု အသီးအပွင့်များအတွက် ချီးကျူးခဲ့ပါသည်။



အဆိုပါ Twitter ၌ ရေးသားဖော်ပြခဲ့သည့် အကြောင်းအရာမှာ ဆင်းရဲနွမ်းပါးမှုစီမံကိန်း ဖော်ဆောင်လာသည်နှင့်အညီ ဤအမျိုးသမီးနေထိုင်သော လုံချွမ်းခရိုင်သည် ဒေသခံပြည်သူ များအား ပိုးနှင့်နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် အားပေးထောက်ပံ့ခဲ့သည့်အတွက် ဒေသခံပြည်သူတို့၏ နေ့စဉ်နေထိုင်မှုဘဝသည် များစွာတိုးတက်ခဲ့သည်။
 


ပုံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဂျိမ်းဖောတိုင်းရင်းသားအမျိုးသမီးတစ်ဦးက ငရုတ်သီးများ ကိုင်ထားပြီး ဂျိမ်းဖောတိုင်းရင်းသားရိုးရာပွဲတော်နေ့ထူးနေ့မြတ်-- ကောက် သစ်စားပွဲတော်အား ဂုဏ်ပြုနေသည့် အပြုံးမျက်နှာပေါ်တွင် ပျော်ရွှင်ပီတိပြည့်လျှံနေသည်။

 


ယင်းဓာတ်ပုံကို နယူးယောက်ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် “သာယာချမ်းမြေ့ သော နေထိုင်မှုဘဝရှာဖွေခြင်း”တရုတ်ဆင်းရဲနွမ်းပါးမှု လေျှာ့ချရေး အောင်မြင်မှုအသီး အပွင့်များပြပွဲ၌ ပြသခဲ့ပါသည်။



လုံချွမ်းခရိုင်သည် ယူနန်ပြည်နယ်ရှိ ဆင်းရဲနွမ်းပါးခရိုင် ၈၈ ခုအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိသည်။ နယ်စပ် နယ်နမိတ်မျဥ်းအရှည်မှာ ၅၀.၈၉၉ ကီလိုမီတာရှိပြီး ခရိုင်တစ်ခုလုံး၏ ဧရိယာ အကျယ်အဝန်းမှာ ၁၈၇၃ စတုရမ်းကီလိုမီတာရှိပါသည်။ စုစုပေါင်းလူဦးရေမှာ ၁.၉၇၃ သိန်းရှိပြီး ဂျိမ်းဖော၊ တိုင်၊ အာချမ်း၊ လီဆူ၊ တယ်အောင်စသည့်တိုင်းရင်းသားလူမျိုး ၅ မျိုးသည် ဤနေရာတွင် ဘိုးစဥ်ဘောင်ဆက် နေထိုင်လျက်ရှိပါသည်။


၂၀၁၆ ခုနှစ် နှစ်စပိုင်းတွင် လုံချွမ်းခရိုင်သည် ဆင်းရဲနွမ်းပါးကျေးရွာ ၃၅ ခုရှိပြီး မှတ်ပုံတင်ထားသော ဆင်းရဲနွမ်းပါးအိမ်ထောင်စု ၅၂၄၅ စုမှ ဆင်းရဲနွမ်းပါးသူ ၁၅၂၁၀ ဦးရှိပါသည်။ ခရိုင်တစ်ခုလုံး၏ အထွေထွေဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၇.၃၈ % ရှိသည်။ အဆက်မပြတ် ကြိုးပမ်းအားထုတ်မှုဖြင့် လုံချွမ်းခရိုင်သည် ၂၀၁၉ ခုနှစ် ဧပြီလတွင် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၏ ခွင့်ပြုချက်အရ ဆင်းရဲနွမ်းပါးခရိုင်စာရင်းမှ ဖယ်ရှား ခဲ့ပါသည်။ မှတ်ပုံတင်ထားသော ဆင်းရဲနွမ်းပါးအိမ်ထောင်စု ၉၀၇၈ စုမှ ဆင်းရဲနွမ်းပါးသူ ဦးရေ ၃၄၄၆၁ ဦးတို့သည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ကြကာဆင်းရဲနွမ်းပါးကျေးရွာ ၃၅ ခုတို့သည်လည်း ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာခဲ့ပါသည်။
ဓာတ်ပုံ ။ ။ တူကျင်ကျိုင်