【COP15】ယူနန်ပြည်နယ်၊ လုံလျင်ခရိုင်မှ Xiao Heishan သဘာဝဘေးမဲ့တော ။ ။ တောရိုင်းပင်များ၏ သဘာဝအိမ်

2021-08-30 18:43:24 |သတင်းအရင်းအမြစ် 云南网

Xiao Heishan သဘာဝဘေးမဲ့တောသည် ယူနန်ပြည်နယ်၊ ပေါင်ဆန်းမြို့၊ လုံလျင်ခရိုင်တွင် တည်ရှိပြီး နယ်မြေဧရိယာသည် (၅၈၀၅)ဟက်တာ ရှိသည်။ ၎င်းသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ(၆၀၀) မှ (၃၀၀၁.၆) အကြားတွင်ရှိပြီး သစ်တောဖုံးလွှမ်းမှုနှုန်း ၈၁.၄% ရှိကြောင်း သိရပါသည်။


Xiao Heishan ၏ပထဝီဝင်တည်နေရာ ထူးခြားမှု၊ ဘူမိဗေဒနောက်ခံ ရှုပ်ထွေးမှု၊ မြေမျက်နှာသွင်ပြင် ကွဲပြားမှုများကြောင့် လုံလျင် Xiao Heishan သဘာဝ ဘေးမဲ့တောသည် မြောက်လတ္တီတွဒ် (၂၄)ဒီဂရီတွင် ရှားပါးပြီး အန္တရာယ်ရှိသော တောရိုင်းပင်များသည်သဘာဝအတိုင်း ကြီးထွားစုဝေးနေသော သဘာဝအိမ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။


ပထမအဆင့်၊ ဒုတိယအဆင့် အမျိုးသား အဓိကကာကွယ်ထားသည့် အပင် မျိုးစိတ် (၁၅)မျိုးရှိပြီး ယခုတွင် ဒေသတွင်းဂေဟစနစ် တစ်နေ့တခြား တိုးတက်လာသည်နှင့်အမျှ တောရိုင်းတိရိစ္ဆာန်များနှင့် အပင်များသည် ဆက်လက်တိုးပွားလျက်ရှိကြောင်း သိရပါသည်။