တရုတ်နိုင်ငံတွင် အင်တာနက်အသုံးပြုသူ ၁ ဘီလီယံနီးပါးရှိ

2021-02-05 17:16:35 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ၏ အင်တာနက်အသုံးပြုသူအရေအတွက်သည် ပြီးခဲ့သောနှစ် နှစ်ကုန်ပိုင်းက ၉၈၉ သန်းအထိ ရောက်ရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ ၈၅.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သည့် တရုတ်နိုင်ငံ၏အင်တာနက်ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ တစ်စောင်အရ သိရသည်။

နိုင်ငံ၏ အင်တာနက် လွှမ်းခြုံအသုံးပြုနိုင်စွမ်းသည် ၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ မတ်လမှ ၇၀.၄ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း တရုတ်နိုင်ငံအင်တာနက်ကွန်ရက်သတင်းအချက်အလက်စင်တာမှ ကောက်ယူသော စစ်တမ်းက ဆိုသည်။

မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အင်တာနက်အသုံးပြုသော တရုတ်နိုင်ငံသား စုစုပေါင်း အရေအတွက်သည် ၉၈၆ သန်းရှိကြောင်း ၊ ယင်းမှာ အွန်လိုင်းအသုံးပြုသူအားလုံး၏ ၉၉.၇ ရာခိုင်နှုန်းအထိ ရှိကြောင်း အစီရင်ခံက ဖော်ပြထားသည်။

အွန်လိုင်းအသုံးပြုသူများအနက် ၃၀၉ သန်း သို့မဟုတ် ၃၁.၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင်နေထိုင်ကြသူများဖြစ်ပြီး ယင်းဒေသများ၏ အွန်လိုင်းအသုံးပြုမှုသည် မတ်လမှစတင်ကာ ၅၄.၇၁ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တစ်ချိန်တည်းမှာပင် ကျေးလက်ဒေသများတွင် အင်တာနက်လွှမ်းခြုံအသုံးပြုနိုင်မှုသည် ၅၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး မတ်လမှစတင်ကာ ၉.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာ အရ သိရသည်။(Xinhua)