မြန်နှုန်းမြင့်ရထားပေါ်တွင် ယောကျာ်းလေးတစ်ယောက် ရုတ်တရက်နားမကျန်းဖြစ်ခဲ့ရာ ကလေးအထူးကု ဆရာဝန်(၆)ဦးမှ “အရေးပေါ်စင်တာ”ဖွဲ့စည်းကုသပေးခဲ့

2021-06-15 18:55:59 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်း ယူနန်ကွမ်နန်မှ ကူမင်းသို့ထွက်ခွာသည့် D-3901 ရထားတွဲပေါ်တွင် အသက်(၁၅)နှစ်ရှိ ယောကျာ်းလေးတစ်ယောက်သည် ရုတ်တရက်အသက်ရှုကျပ်ပြီး ခြေလက်တောင့်တင်းခဲ့သည်။ ရထားတွဲ ဝန်ထမ်းများမှ အရေးပေါ်အသံလွှင့်ပြီး ရထားတွဲပေါ်တွင် ကလေးအထူးကုဆရာဝန်ကို ရှာဖွေခဲ့သည်။

ကံကောင်းစွာဖြင့် ရထားတွဲပေါ်တွင် ကလေးအထူးကုဆရာဝန်(၆)ဦး အတူလိုက်ပါလာသည်။ ဤဆရာဝန် (၆)ဦးတို့သည် ထိုနေ့တွင် အချိန်နှစ်ဝက်ကြာ ယူနန်သို့ ဆေးဘက်ဆိုင်ရာထောက်ပံ့မှု ပြီးမြောက်ခဲ့ခြင်း ဖြစ်ပြီး မြန်နှုန်းမြင့်ရထားဖြင့် ကူမင်းသို့သွားပြီး ကူမင်းမှတစ်ဆင့် လေယာဉ်ဖြင့် ရှန်ဟိုင်းသို့ပြန်ရန် စီစဉ်ထားကြသည်။ အရေးပေါ်အသံလွှင့်ခြင်းကို ကြားလိုက်သည် ကိုယ်နှင့်အတူသယ်ဆောင်လာသော အရေးပေါ်စက်ကိရိယာနှင့် ဆေးဝါးများကို မဆိုင်းမတွ ချက်ချင်းယူဆောင်ပြီး အသေးစား အရေးပေါ် ကယ်ဆယ်ရေးစင်တာကို ဖွဲ့စည်းလိုက်ပြီး အဆိုပါကလေးအား ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြသည်။

ရထားပေါ်ကမဆင်းမီ ယောကျာ်းလေးသည် အိပ်မောကျနေပြီး အသက်ရှုမကျပ်တော့ပါ။ လက်နှစ်ဖက် သည်လည်း နွေးထွေးပြီး သွေးပေါင်ချိန်အားလုံး ပုံမှန်ဖြစ်လာခဲ့ပါသည်။ ဆရာဝန်၏ စေတနာနှင့် ကြင်နာ တတ်သောစိတ်ဓာတ်ကို အထူး ချီးမွမ်းအပ်ပါသည်။ ယောကျာ်းလေးသည်လည်း အမြန်ဆုံး ကျန်းမာလာ စေရန် ဆုတောင်းအပ်ပါသည်။