ချစ်စဖွယ်ကောင်းသော မျောက်မျက်ကွင်းပြာများအား လာကြည့်ကြဦး

2021-01-28 19:33:46 |သတင်းအရင်းအမြစ် 新华网

သဘာဝပတ်ဝန်းကျင်ရိုက်ကူးရေးဓာတ်ပုံဆရာများသည် ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ ရွှန်ကန်ကျေးရွာတွင် မွေးကင်းစ မျောက်မျက်ကွင်းပြာကလေးများအား ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ယင်းဒေသတွင် ကျက်စားသော မျောက်မျက်ကွင်းပြာအုပ်စုအရေအတွက် တည်ငြိမ်စွာ တိုးမြှင့်လျက်ရှိနေသည်ကို သက်သေပြုနေပါသည်။သဘာဝပတ်ဝန်းကျင်ရိုက်ကူးရေးဓာတ်ပုံဆရာများသည် ယခုရက်ပိုင်းတွင် ရွှန်ကန်ကျေးရွာတွင် ရိုက်ကူးရာတွင် မျောက်မျက်ကွင်းပြာ ၇၀ ကျော်ကို တောနက်တွင် တွေ့ရှိခဲ့ကြပါသည်။ ၎င်းတို့အနက် မျောက်ငယ် ၁၁ ကောင်ရှိပြီး သူတို့သည် သစ်ပင်ပေါ်တွင် အေးအေးဆေးဆေး အစာစားရင်းနှင့် အကိုင်းအခတ်များပေါ်တွင် ပျော်ရွှင်စွာ ကစားကြသည်မှာ အရမ်းချစ်စရာကောင်းလှပါသည်။


မျောက်မျက်ကွင်းပြာသည် ကမ္ဘာ့ရှားပါးသော မျိုးသုဉ်းရန်အန္တရာယ်ရှိသတ္တဝါ၊ တရုတ်အမျိုးသားအဆင့် ၁ အရေးပါသော ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်ကြောင်း သိရပါသည်။ ၂၀၀၈ ခုနှစ် တရုတ်သိပ္ပံနည်းပညာအကယ်ဒမီ ကူမင်းတိရစ္ဆာန်သုတေသနဌာနမှ သုတေသီများသည် တောရိုင်းဒေသများတွင် စုံစမ်းလေ့လာရာတွင် ရွှန်ကန်ကျေးရွာတွင် ကျက်စားသော မျောက်မျက်ကွင်းပြာအုပ်စု၏ အရေအတွက်မှာ အုပ်စု ၅ စု၊ အကောင်ရေ ၃၂၀ ကောင် ရှိကြောင်း သိရှိပါသည်။