တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမှတ်ကြီး ချီးကျူးတဲ့ ယူနန်တိုင်အရသာစားသောက်ဆိုင်ကို သွားစားခဲ့

2021-01-29 15:44:39 |သတင်းအရင်းအမြစ် 云南日报

ယခုကဲ့သို့ပြောဆိုသူသည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ဖြစ်ပါသည်။ သူသည် မကြာသေးမီက ယူနန်ပြည်နယ်ကူမင်းမြို့ Panlong ရပ်ကွက်တွင် Bailingyuan အမည်ရှိ တိုင်တိုင်းရင်းသားအရသာစားသောက်ဆိုင်သို့ သွားရောက် စားသောက်ခဲ့ပါသည်။ သံအမတ်ကြီး ဦးမျိုးသန့်ဖေ သာမက ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ် ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာနိုင်ငံသံတမန်အရာရှိများကလည်း ၎င်း စားသောက်ဆိုင်ကို အလွန်ချီးကျူးခဲ့ကြသည်။

“ကျွန်မရဲ့ခင်ပွန်းက မြန်မာစကားပြောတတ်တယ်။ သူက မြန်မာမှာ ၁၀ နှစ်ကျော် နေထိုင်ပြီး အလုပ် လုပ်ခဲ့တယ်။ ဒါကြောင့်မို့ မြန်မာသူငယ်ချင်းတို့ရဲ့အကြိုက်ကို သိရှိနားလည်တယ်။ မြန်မာသူငယ်ချင်းတွေ ကျွန်မတို့ဆိုင်ကိုရောက်တိုင်း ကျွန်မက သူတို့ခံတွင်းတွေ့နိုင်တဲ့ အစားအသောက်ကို မိတ်ဆက် ပေးတယ်”ဟု Bailingyuan စားသောက်ဆိုင်၏ ပိုင်ရှင် မစ္စလီယုံလင်းက ဆိုသည်။ သို့သော်လည်း အမှန်တကယ် မြန်မာ့ဧည့်သည်များအား ဆွဲဆောင်နေသော အကြောင်းရင်းမှာ Bailingyuan ၏ စားသောက်ဖွယ်ရာများသည် အရသာရှိပြီး စားမြိန်သောကြောင့်ဖြစ်သည်။


အဆိုပါ မြန်မာ့သူငယ်ချင်းများ၏ ချီးကျူးမှုများစွာပေးခဲ့ကြသော တိုင်တိုင်းရင်းသားအရသာ စားကောင်း သောက်ဖွယ်များကို မြည်းစမ်းကြည့်ရန် ကျွန်မတို့ Lancang-Mekong Party ၏ သတင်းထောက်တို့ သည် ကူမင်းမြို့၏ ထက်ဝက်ကို ဖြတ်ကျော်ကာ Bailingyuan စားသောက်ဆိုင်သို့ သွားရောက်လေ့လာ ခဲ့ကြသည်။
“Bailingyuan က တရုတ်လိုအသံထွက်နဲ့ဆိုရင် အသက်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းခြင်းနဲ့ ဆင်တူပါတယ်။ ကျွန်မတို့ဆိုင်က နှစ်ပေါင်းရာကျော် လက်ဆင့်ကမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်မရဲ့အမေက ဟင်းတွေ ကောင်းကောင်းချက်ပြုတ်နိုင်ပါတယ်။ အမေ့သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်က လူတွေက အမေချက်ပြုတ်တဲ့ဟင်းတွေကို တော်တော်သဘောကျတယ်။ ဒါကြောင့်မို့ အမေက စားသောက်ဆိုင်ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မက အသက် ၁၅ နှစ်ပဲရှိသေးပေမဲ့ ဆိုင်ကို နှစ်ပေါင်း ၁၀၀ ကျော်ကြာတာထိ လာစားသူရှိမယ်လို့ စိတ်ကူးခဲ့ပါတယ်။ ဒီယုံကြည်ချက်က Bailingyuan ကို ၃၃ နှစ်ကြာ ဆက်လက်ရပ်တည်ဖွင့်လှစ်စေခဲ့ပါတယ်”ဟု လီယုံလင်မှ ဆိုင်၏အမည်အရင်းအမြစ်ကို ကျွန်မတို့အား ရှင်းပြခဲ့သည်။

Bailingyuan ၏ အဓိက ချက်ပြုတ်သည့် စားကောင်းသောက်ဖွယ်သည် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ဂျင်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲအတွင်း နေထိုင်သော တိုင်လူမျိုးတို့၏ စားသောက်ဖွယ်ရာဖြစ်သည်။ လီယုံလင်း၏မိတ်ဆက်ခြင်းမှတစ်ဆင့် ကျွန်မတို့သည်လည်း တယ်ဟုန် ပြည်နယ်ခွဲရှိ တိုင်လူမျိုးအစားအစာနှင့် စစ်ဆောင်ပန်းနားဒေသရှိ တိုင်လူမျိုး၏ အစားအစာသည် အနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိခဲ့ရပါသည်။

 

တယ်ဟုန်ပြည်နယ်ခွဲရှိ တိုင်လူမျိုးတို့၏ စားသောက်ဖွယ်ရာအများစုသည် အချဉ်အရသာဖြစ်ပြီး အသုပ် နှင့် အကင်ကို အဓိကချက်ပြုတ်သည်။ ဥပမာအားဖြင့်ပြောရလျှင် မုန့်ညင်းစော၊ ဝါးမျှစ်ချဥ်၊ ငါးချဥ် စသည်တို့သည် တယ်ဟုန်ပြည်နယ်ခွဲရှိ တိုင်လူမျိုး၏ ထူးခြားသောလက္ခဏာရှိသော စားသောက်ဖွယ်ရာ ကောင်းများ ဖြစ်ပါသည်။ “တိုင်လူမျိုးတွေ ယုံကြည်တာက အချဥ်စားတာဟာ အစာကြေလွယ်စေသလို အပူကိုလည်း လျှော့စေနိုင်ပါတယ်”ဟု လီယုံလင်းမှ ပြောကြားခဲ့ပါသည်။

များသောအားဖြင့် တိုင်တိုင်းရင်းအရသာစားသောက်ဆိုင်တွင် သံပုရာသီး သို့မဟုတ် ငါးသား ဖြင့် ပြုလုပ်သည့် ဆာဖြယ်၊ ဆာဖြယ်ခါးတို့ မှာယူသုံးဆောင်ကြသည်။ သို့ရာတွင် Bailingyuan တွင် ကျွန်မတို့သည် ထူးခြားသောအရသာရှိသည့် ဘေဘာရီသီးနှင့် သလဲသီးဆော့စ်ဖြင့် ပြုလုပ်ထားသည့် ဆာဖြယ်ကို စားခဲ့ကြသည်။

ဘေဘာရီသီးနှင့် သလဲသီးဆော့စ်အခြေခံပြီး အခြားသောအမွေးအကြိုင်ထည့်ကာ မြီးရှည်နှင့် သုပ်စား သည်။ အရသာသည် ချိုချိုချဉ်ချဉ်ဖြစ်ပြီး အလွန်စား၍ကောင်းပါသည်။

ထို့ပြင်၊ လီယုံလင်းသည် ငါးကင်နှင့် ငချိတ်ဆန်ပြုတ်ကိုလည်း ဧည့်သည်များ မှာယူလေ့ရှိသည့် ဟင်းလျာများဖြစ်ကြောင်း ကျွန်မတို့အား ပြောပြခဲ့သည်။

“ကျွန်မတို့က ထူးခြားပြီး သီးသန့်နည်းနဲ့ စလားဗီးယားငါးရဲ့ ညှီနံကို ဖယ်ရှားတယ်။ ပြီးနောက် ကျက် အောင် ပေါင်းပြီး အထူးပြုလုပ်ထားတဲ့ ငံပြာရည်ကို လောင်းထည့်လိုက်တယ်။ ငချိတ်ဆန်ပြုတ်ကို မီးမျှဉ်းမျှဉ်းဖြင့် ပြုတ်ပြီး နို့ဆီထည့်တယ်။ ”

 

ကျွန်မတို့သည် လီယုံလင်းပြောပြသည်ကို နားထောင်ရင်း သွားရည်ကျကာ စားချင်စိတ်များ တဖွားဖွား ဖြစ်လာပါတော့သည်။ နှမြောဖွယ်ရာကောင်းလှသည်မှာ ကျွန်မတို့သည် အမှန်တကယ် ဗိုက်ပြည့်နေပြီး အနည်းငယ်မျှပင် မစားနိုင်တော့ပါ။

အပို ဖတ်ရန်--
မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှမ်းပြည်နယ်တွင်နေထိုင်သော ရှမ်းလူမျိုးတို့၏ နေထိုင်စားသောက်မှုနှင့် ဓလေ့များစွာသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းနေထိုင်သော တိုင်တိုင်းရင်းသားနှင့် ဆင်တူပါသည်။ စားသောက်ဖွယ်ရာယဥ်ကျေးမှုကဏ္ဍမှပြောရလျှင် ဆားဖြယ်၊ မုန့်ညင်းချဥ်၊ ခေါပုတ်၊ အသားချဥ်စသည်တို့သည် ရှမ်းလူမျိုးတို့၏ ရိုးရာစားသောက်ဖွယ်ရာများဖြစ်သည်။

အဆိုပါစားသောက်ဖွယ်ရာများအနက်၊ အဓိကညွန်းဆိုရမည့် အစားအစာတစ်မျိုးသည် တို့ဟူးနွေး ဖြစ်သည်။ ရှမ်းလူမျိုးတို့၏ တို့ဟူးနွေးစားပုံစားနည်းသည် တရုတ်နှင့် တူညီပါသည်။ ယခုကဲ့သို့အေးမြသည့်ဆောင်းရာသီတွင် ရှမ်းပြည်နယ်က အစားအစာဖြစ်သည့်တို့ဟူးနွေးတစ်ပွဲဖြင့် နံနက်ခင်းကို ဖြတ်သန်းလိုက်ပါကလန်းဆန်းသည့်နံနက်ခင်းနှင့်အတူနွေးထွေးမှုကိုပါခံစားရမည်မှ ာအမှန်ပင်ဖြစ်ပါသည်။ တို့ဟူးနွေးထဲတွင် ရှမ်းခေါက်ဆွဲ၊ ဆန်ပြား၊ အီကြာကွေး၊ခေါပုတ်ကင်တစ်မျိုးမျိုးအားထည့်ပြီး စားပါကလည်းအလွန်အရသာရှိပါသည်။ ဆွဲဆောင်မှုရှိသည့်တောင်ပေါ်ဒေသက အစားအစာတစ်ခုပင်ဖြစ်ပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သောရှမ်းလူမျိုးတို့၏ စားသောက်ဖွယ်ရာများသည် ယူနန်တိုင်တိုင်းရင်းသားတို့၏ စားသောက်ဖွယ်များနှင့်တူညီသည်ရှိသကဲ့သို့ မတူကွာပြားသည်များလည်း ရှိပါသည်။ ဥပမာအားဖြင့် ရှမ်းပြည်နယ်တွင် လူကြိုက်များကျော်ကြားသည့် ထမင်းချဉ်ကို ယူနန်ပြည်နယ် တိုင်တိုင်းရင်းသားနေထိုင်ရာဒေသတွင် မတွေ့ရှိရပါ။

ရှမ်းထမင်းချဉ်ကို အိမ်တွင်အလွယ်တကူကိုယ်တိုင်လုပ်စားနိုင်ပါသည်။ ထမင်း၊ အသား၊ဟင်းသီးဟင်းရွက်ပါသည့် ရှမ်းထမင်းချဉ်လုပ်နည်းတစ်မျိုးကို တင်ပြပေးပါမည်။ လိုအပ်သည် မှာငါး၊ ခရမ်းချဉ်သီး၊ ငရုတ်ဆီ၊ ငရုတ်သီးအခြောက်တောင့်၊ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်၊နံနံပင်၊ သံပုရာသီး၊ ဟင်းခတ်မှုန့်၊ ထမင်းဖြူတို့ဖြစ်သည်။

ဦးစွာခရမ်းချဉ်သီးလေး-ငါးလုံးအား ပြုတ်ကာအခွံခွာပြီးအနည်းငယ်ချေရမည်။ ငါးကိုဂျင်း၊ ဆားအနည်း ငယ်ဖြင့် ပြုတ်ရပြီးငါးကျက်ပါက အအေးခံကာအရိုးများထွင်းပြီး အသားများကိုချေထားရမည်။

ထမင်းပူပူတွင်ချေထားသောငါးနှင့် ခရမ်းချဉ်သီးကိုထည့်ပြီး တဆက်တည်းငရုပ်သီးဆီချက်၊ဟင်းခတ်မှုန့် ထည့်ကာသမအောင်နယ်ရသည်။ ထမင်းများစီးကပ်လာချိန်တွင် မိမိလိုချင်သည့်ပုံစံကိုပြုလုပ်ကာစားသုံး ရန် အဆင်သင့်ဖြစ်လာမည်။ စားခါနီးတွင်ထမင်းပုံပေါ်နံနံပင်၊ငရုပ်သီးခြောက်ကြော်၊ ကြက်သွန်ဖြူဆီ ချက်တို့နှင့် ပြင်ဆင်ကာစားသုံးနိုင်ပြီဖြစ်ပါသည်။ အချဉ်အရသာကြိုက်နှစ်သက်ပါကသံပုရာသီးရည် ညစ်ထည့်စားသုံးနိုင်ပြီး အငံအရသာနှစ်သက်ပါကငံပြာရည်ကို သင့်သလိုထည့်ပြီးစားသုံံးနိုင်သည်။ ရှမ်းထမင်းချဉ်နှင့်အတူတွဲဖက်စားသုံးရန်လိုက်ဖက်သည့်အမယ်များကတော့ရှမ်းချဉ်၊ ဂျုးမြစ်ကြော်၊ ပဲပုပ်ကြော်၊ ငရုပ်သီးကြော်နှင့်ရေနွေးခြမ်းတို့ဖြစ်ပါသည်။