ယူနန်ပြည်နယ် ကော်ကျိုးမြို့ ယွိထျမ်ရွာရှိ ရှေးဟောင်းဇီးပန်းပင်နှစ်ပင်သည် ယခုရက်ပိုင်းတွင် ဇီးပန်းများ ဆက်တိုက်ပွင့်ဖူးလျက်ရှိသည်။ အဝေးကကြည့်ပါက ဖြူဖွေးဝင်းပနေပြီး နန်းဆန်ထည်ဝါလှကာ ခရီးသွားပြည်သူအပေါင်းများကို လာရောက်ရှုစားရန် ဆွဲဆောင်နေပါ သည်။ အဆိုပါရှေးဇီးပန်းပင် နှစ်ပင်၏ သမိုင်းသည် နှစ်တစ်ရာအထက်ရှိပြီး တစ်ပင်သည် နှစ်(၅၀၀) ကျော်သက်တမ်းပင် ရှိပြီး နိုင်ငံတော် ပထမအဆင့် ရှေးဟောင်းသစ်ပင် ဖြစ်ပါသည်။