စင်ရော်ငှက်များသည် ထျန်းချီကန်တော်ကြီးကို ယခုနှစ်နွေဦးရာသီတွင် ထပ်မံရောက်ရှိလာပြီး ကူမင်းမြို့သူမြို့သားများ၏ စောင့်ရှောက်မှုကို ကောင်းမွန်စွာရရှိ

2021-02-26 18:03:25 |သတင်းအရင်းအမြစ် 新华网

၁၉၈၅ ခုနှစ်မှစတင်ပြီး နှစ်စဥ် ဆောင်းရာသီတွင် ဆိုက်ဘေးရီးယားမှ နှုတ်ခမ်းနီ စင်ရော်များသည် ဝေးလံသောခရီးမှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ထျန်းချီကန်တော်ကြီးသို့ ဆောင်းခို လာရောက်လေ့ရှိပြီး နောက်တစ်နှစ်မတ်လ နွေဦးရောက်ချိန်တွင် ဆိုက်ဘေးရီးယားသို့ ပြန်လေ့ရှိသည်။ နှစ် ၃၀ ကျော်ကာလအတွင်း ကူမင်းမြို့သူမြို့သားများသည် စင်ရော်များကို ကောင်းမွန်စွာ စောင့်ရှောက် ပေးပြီး နှစ်ဦးနှစ်ဖက်အကြား ချစ်ကြည်ရေးသံယောဇဥ်ကို တည်ဆောက်လာပါသည်။

ယခုအချိန်တွင် ထျန်းချီကန်တော်ကြီးနားဘေးတစ်လျှောက်တွင် ဇီဝဂေဟစီမံကိန်းကို တည်ဆောက် နေပြီး ငှက်များ၊ ငါးများ၊ ကုန်းနေရေနေသတ္တဝါများ၊ တွားသွားတိရစ္ဆာန်များနှင့် နို့တိုက်သတ္တဝါများ၏ ကျက်စားရာနေရာကောင်းဖြစ်နေပါသည်။(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)