တယ်ဟုန်တွင် သတ္တဝါများ၏ အသက်ရှင်သန်မှုအလှတရားကို ရှာဖွေရှုစား

2021-03-03 17:58:27 |သတင်းအရင်းအမြစ် 德宏州委宣传部

မတ်လ ၃ ရက်နေ့သည် “ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နှင့် ရုက္ခပင်များနေ့”ဖြစ်ပါသည်။ ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် တရုတ်ဇီဝအမျိုးအစား အပေါများဆုံးသော ပြည်နယ်ခွဲတစ်ခု ဖြစ်သကဲ့သို့ တောရိုင်းတိရစ္ဆာန်အရင်းအမြစ်များလည်း ပေါများကြွယ်ဝလှပါသည်။ စစ်တမ်းများအရ တယ်ဟုန်ပြည်နယ်ခွဲတွင် ကုန်းတွင်းနေတောရိုင်းတိရစ္ဆာန် ၇၁၉ မျိုး၊ ၎င်းအနက် နိုင်ငံတော်ပထမအဆင့် ကာကွယ်ရေးတောရိုင်းတိရစ္ဆာန် ၂၃ မျိုး၊ နိုင်ငံတော်ဒုတိယအဆင့် ကာကွယ်ရေးတောရိုင်းတိရစ္ဆာန် ၆၉ မျိုး၊ ပြည်နယ်အဆင့် ကာကွယ်ရေးတောရိုင်းတိရစ္ဆာန် ၆ မျိုး နှင့် အကျိုးစီးပွားနှင့် သိပ္ပံနည်းပညာသုတေသနပြုရန် တန်ဖိုးရှိသော တောရိုင်းတိရစ္ဆာန် ၂၆ မျိုး အသီးသီး ရှိကြောင်း သိရပါသည်။


တမူထူးခြားသော ဇီဝမျိုးစုံမျိုးကွဲ စုံလင်သည်မှာ သဘာဝကြီးက တယ်ဟုန်ပြည်နယ်ခွဲအား ပေးစွမ်းသော လက်ဆောင်ဖြစ်ပါသည်။ ဤသာယာလှပသော အိမ်ရာကို ကောင်းမွန်အောင် ထိန်းသိမ်းကာကွယ်ရန် တယ်ဟုန်ပြည်နယ်ခွဲ၏ တာဝန်နှင့် ဝတ္တရားဖြစ်ပါသည်။ “မှတ်တမ်းတင်ဗီဒီယိုနဲ့ လူသားတွေကို တောရိုင်းတိရစ္ဆာန်ကာကွယ်ဖို့ တိုက်တွန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။” တယ်ဟုန်ပြည်နယ်ခွဲမှ ဓာတ်ပုံဆရာ ရိုက်ကူးထားသော အဖိုးတန်ဗီဒီယိုမှတစ်ဆင့် သတ္တဝါများ၏ အသက်ရှင်သန်မှု အလှတရားကို ရှာဖွေရှုစားကြပါစို့။