၈ ကြိမ်မြောက် “ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နှင့် ရုက္ခပင်နေ့” အခမ်းအနားကို ကျင်းပခဲ့ပြီး COP 15 အစည်းအဝေးကြီးကို အဆွေတို့ အတူတကွ ပါဝင်တက်ရောက်ရန် လေးစားစွာ ဖိတ်ကြား

2021-03-04 18:56:45 |သတင်းအရင်းအမြစ် 新华网

မတ်လ (၃) ရက်နေ့သည် ၈ ကြိမ်မြောက် “ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နှင့် ရုက္ခပင်နေ့”ဖြစ်ပြီး ယုခုနှစ်၏ အဓိကခေါင်းစဥ်သည် “သစ်တောနှင့် အသက်မွေးဝမ်းကျောင်းပြုခြင်း၊ လူသားတို့နှင့် ကမ္ဘာမြေကို ကာကွယ်ထိန်းသိမ်းခြင်း” ဖြစ်သည်။ အဆိုပါအခမ်းအနားသည် ကမ္ဘာ၏ သစ်တောဆိုင်ရာ အခြေအနေနှင့် သစ်တောများ မှီခိုနေထိုင်သောလူသားများ၏ အသက်မွေးဝမ်းကျောင်းပြုခြင်းတို့ အကြား ဆက်နွယ်မှုကို ရှင်းလင်းစွာ ဖော်ပြနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ နှစ်ပေါင်းရာချီ ကာလအတွင်း သစ်တော၏ ဇီဝဂေဟစနစ်နှင့် တောရိုင်းတိရစ္ဆာန်များ၊ ရုက္ခပင်များ စီမံအုပ်ချုပ် ရေးဆိုင်ရာ ရိုးရာပညာ ဗဟုတုသကိုလည်း အထူးအလေးထားသည့် အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့သည်။

၁၃ ကြိမ်မြောက် ငါးနှစ်စီမံကိန်းဆောင်ရွက်သောကာလအတွင်း (၂၀၁၆ ခုနှစ် - ၂၀၂၀ ပြည့်နှစ်) ယူနန်ပြည်နယ်၏ သစ်တောအကျယ်အဝန်းသည် ၆၉.၈ သန်း ဧကဝန်းကျင်ထိ ရောက်ရှိလာပြီး သစ်တောဖုံးလွှမ်းမှုသည် ၆၅.၀၄% အထိ တိုးမြှင့်ခဲ့ကာ မြေယာသည် စိမ်းလန်းစိုပြေလာပါသည်။

ကုလသမဂ္ဂအဖွဲ့ “ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာပဋိညာဥ်စာချုပ်” ၁၅ ကြိမ်မြောက်စာချုပ်ချုပ်ဆိုသော နိုင်ငံများအစည်းအဝေး (COP 15)ကို ယခုနှစ်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး ထိုအချိန်တွင် အဆွေတို့အနေဖြင့် ယူနန်၏ ဇီဝမျိုးစုံမျိုးကွဲနှင့် အလှတရားကို ခံစားနိုင်မည်ဟု ယုံကြည်မိပါသည်။ (သတင်းအရင်းအမြစ်- ဆင်ဟွာသတင်းဌာန။ ဘာသာပြန်- Yunnan gateway)