မီးရထားဘူတာဝန်ထမ်းမှ ရရာလတ်ဆတ်ပန်းမန်များဖြင့် ဟင်းလျာချက်ပြုတ်

2021-04-12 17:38:54 |သတင်းအရင်းအမြစ် 新华网

နွေဦီးချိန်ခါ ယူနန်မှာ နေရာအနှံ့ ပန်းမာန်များစွာ ဖူးပွင့်နေပါသည်။ ယူနန်ပြည်နယ် ဟုန်ဟော်ဟားနီ၊ ရီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဟော်ခိုရောင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တွင် နှစ်တစ်ရာသမိုင်းရှိသည့် တရုတ်ယူနန်-ဗီယက်နမ် သံလမ်းတစ်လျှောက်တွင် လက်ပံပန်းပွင့်၊ Jade Lotus ပန်း၊ Solanum deflexicarpum ပန်း အစရှိသော ပန်းမျိုးစုံသည် တောတောင်အတွင်း နေရာအနှံ့တွင် ဖူးပွင့်နေကြပါသည်။

တရုတ်နိုင်ငံမီးရထား ကူမင်းညွှန်ကြားမှူးရုံးအုပ်စု ကုမ္ပဏီလီမိတက် ခိုင်ယွမ်းအပိုင်း ဟော်ခိုလိုင်း အလုပ်ရုံ လောင်ဖန်ကျိုက်လိုင်းအလုပ်ဇုန်ရှိ သံလမ်းဝန်ထမ်းလူငယ် ထမ်ရှောင်နီသည် အလုပ် လုပ်ကိုင်ရင်း ရောက်ရာနေရာမှ တွေ့ရာလတ်ဆတ်ပန်းမျိုးစုံကို ခူးယူခဲ့သည်။ ပန်းများဖြင့် Jade Lotus ပန်းအာလူးထောင်း၊ ငှက်ပျောပန်းကြော်၊ Masang ပန်းကြက်ဉကြော်၊ Tangli ပန်းကြော်၊ Bombax ceiba ပန်းပွင့်သုပ်၊ Solanum deflexicarpum ပန်းကြော် စသည့် ပန်းမန်ဟင်းလျာများကို ချက်ပြုတ်ခဲ့သည်။ ဤသို့နွေဦးအရသာပြည့်စုံသော အထူးဟင်းလျာများဖြင့် အလုပ်ကြိုးစား လုပ်ဆောင်နေကြသော ဝန်ထမ်းများကို ဆုချပေးလိုက်ပါသည်။