မြန်မာလူငယ်အဆိုတော်တစ်ယောက်က သင်္ကြန်ပွဲတော်ကို အွန်လိုင်းကဆင်နွှဲပြီး ဆုမွန်ခြွေ

2021-04-16 18:11:45 |သတင်းအရင်းအမြစ် 云南日报

မင်္ဂလာကျက်သရေနဲ့ ပြည့်လျှံတဲ့ရေ ဖြန်းပတ်ကြ၊ မြူးကြွတဲ့ သီချင်း သီဆိုကြပါ။ သင်္ကြန်သီချင်းတွေ သီဆိုရင်းနဲ့ မြန်မာနိုင်ငံက တရုတ်လူငယ်အဆိုတော် ကိုအောင်ကျော်စိုးက အွန်လိုင်းက တစ်ဆင့် သင်္ကြန်ရေသဘင်ပွဲတော်ကို အတူဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

“အဲဒီနေ့က မင်းနဲ့ဆုံခဲ့ပြီး၊ ငါနှလုံးသားက မင်းနောက်ကိုလိုက်သွားတယ်။ အဲဒီအချိန်ကစပြီး နေ့တိုင်း မင်းကို လွမ်းလွန်းလို့၊ စိတ်နဲ့ကိုယ်နဲ့မကပ်တော့ဘူး။” ဒီသီချင်းလေးဟာ ယူနန်ပြည်နယ် တိုင်တိုင်းရင်းသားတွေ အမြဲ သီဆိုကြတဲ့ “စျေးနေ့က ပြန်လာတဲ့အခါ”သီချင်းဖြစ်ပြီး သွက်လက်ပျော်ရွှင်တဲ့ သံစဥ်နဲ့ တိုင်လူမျိုးတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ဖော်ရွေပျူငှာမှုကို ဖော်ပြနေပါတယ်။

“လန်းဆန်းတဲ့မိုးရယ် မိုးပြေးလေးရေ၊ ပိတောက်ပန်းပွင့်ရုံ စိုရုံဖြန်းပက်ဦး၊ မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ စိုရုံဖြန်းပက်ဦး။” ဒီသီချင်းက မြန်မာ့ရိုးရာသင်္ကြန်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “သင်္ကြန်မိုး”ပါ။ သီချင်းနားထောင်ရင်းနဲ့ မြန်မာရိုးရာသင်္ကြန်ရေသဘင်ပွဲတော်ကို ရောက်ရှိသွားသလို ယဥ်ကျေးမှုအလှတရားတွေကိုလည်း ခံစားရပါတယ်။

 

“ပိတောက်ပန်းပွင့်ပြီဆိုရင် သင်္ကြန်ရေသဘင်ပွဲတော် ရောက်ပြီဆိုတဲ့ သင်္ကေတတစ်ခုပါပဲ။” ဒါက ပိတောက်ပန်းရဲ့ ထူးခြားချက်ဖြစ်တယ်လို့ ကိုအောင်ကျော်စိုးဟာ ပြောပြပါတယ်။ ဒီနေ့မှာတော့ နှစ်စဥ်နှစ်တိုင်း ဆင်နွှဲတဲ့ သင်္ကြန်ရေသဘင်ပွဲတော်ရောက်လာပြီဖြစ်တဲ့အတွက် ကိုအောင်ကျော်စိုးက သာယာလှပတဲ့ သီချင်းသံတွေနဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ၊ ကောင်းခြင်းအဖြာဖြာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူလူထုအတွက် ဆုတောင်းပေးလိုက်ပါတယ်။

သီချင်းစာသား။ ။

“စျေးနေ့က ပြန်လာတဲ့အခါ”

အဲဒီနေ့က မင်းနဲ့ဆုံခဲ့ပြီး
ငါနှလုံးသားက မင်းနောက်ကိုလိုက်သွားတယ်
အဲဒီအချိန်ကစပြီး နေ့တိုင်း မင်းကို လွမ်းလွန်းလို့
စိတ်နဲ့ကိုယ်နဲ့မကပ်တော့ဘူး

လူ့ပင်လယ်ကြီးမှာ မင်းကိုတွေ့မလားလို့ရှာတာ
မတွေ့တော့ ငါကြေကွဲမိတယ်
ငါနောက်ထပ်နှောင်ကြိုးတစ်ချောင်းနဲ့ မင်းကိုထပ်ရှာပြီး
ငါတို့အတူတကွချည်နှောင်ထားချင်တယ်

ပန်းတွေဘယ်လောက်လှလှ မင်းအလှကိုမမီပါဘူး
ကိုယ်မင်းကိုချစ်နေမိပြီ
ပန်းတွေဘယ်လောက်ပဲမွှေးနေပါစေ မင်းရဲ့ကိုယ်သင်းနံ့ကိုမမီပါဘူး
အိပ်မက်ထဲမှာ မင်းကိုတွေ့တယ်

“သင်္ကြန်မိုး”

မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ
တစ်ယောက်တစ်လှည့်မို့လှမ်းကာ ဖြန်းပတ်ကြစဉ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ
ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ

ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ ပွဲမှာ
ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေထဲ
ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့

မိုးပြေးနဲ့ အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့ သင်္ကြန်အခါ
လန်းဆန်းတဲ့မိုးရယ် မိုးပြေးလေးရေ
ပိတောက်ပန်းပွင့်ရုံ စိုရုံဖြန်းပက်ဉီး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ စိုရုံဖြန်းပက်ဉီး