ဝက်နှင့်သိုးငယ်များ ခရီးသည်များနှင့်အတူ မီးရထားစီးကြ

2021-04-23 18:57:33 |သတင်းအရင်းအမြစ် 央视网

ယခုရက်ပိုင်းတွင်၊ တရုတ်နိုင်ငံ စီချွန်ပြည်နယ် ဖန်းကြည်းဟွားမြို့၏ မီးရထားတွဲတစ်တွဲ၌ ဝက်နှင့် သိုးများသည် လူစီးထိုင်ခုံအကြား ဖြတ်သန်းသွားလာနေသည့်ဗီဒီယိုသည် အွန်လိုင်းတွင် ရေပန်းစား လျက်ရှိသည်။ “အရမ်းချစ်စရာကောင်းတယ်”“ဒီမြင်ကွင်းကို အခုမှ ပထမဦးဆုံးအကြိမ် မြင်ဖူးတာပါ။ အရင်က မတွေ့ဖူးဘူး။ အရမ်းထူးဆန်းတာပဲ”ဟု ခရီးသည်အချို့က ဆိုခဲ့ပါသည်။

ဝက်နှင့်သိုးတို့သည် အဘယ်ကြောင့် လူစီးမီးရထားပေါ်သို့ သွားလာနိုင်သနည်းဆိုသည်ကို မေးမြန်းရာ တွင် မီးရထားဂတ်ဗိုလ်ဖြစ်သူ မစ္စတာ လျှိုဝေ၏ ရှင်းလင်းစွာ ဖြေဆိုခြင်းမှတစ်ဆင့် သိရှိရပါသည်။

၎င်းမီးရထားသည် သာမန်မီးရထားမဟုတ်ဘဲ ဆင်းရဲနွမ်းပါးသူများအား ကူညီထောက်ပံ့ရန်အတွက် ပြေးဆွဲသည့် မီးရထားတွဲ ဖြစ်ပါသည်။ ၎င်းသည် စုစုပေါင်း ၃၇၆ ကီလီမီတာကို ပြေးဆွဲပြီး ၉ နာရီကျော် ကြာသည်။ သူသည် စီချွန်းပြည်နယ် ဆင်းရဲနွမ်းပါးသော တာ့လျှန်စန်းဒေသအတွင်း ဖြတ်ကျော်ပြီး လမ်းတစ်လျှောက် မီးရထားဘူတာ ၂၇ ခု ဖြတ်သန်းသွားရပါသည်။ ၁၉၇၀ ခုနှစ်မှ ယခုအထိ လက်မှတ် ဈေးနှုန်းသည် အမြင့်ဆုံး ယွမ်ငွေ ၂၆.၅ နှင့်အနိမ့်ဆုံး ၂ ယွမ်ဖြစ်သည်။ လက်မှတ်စျေးနှုန်းကို ယခု အချိန်ထိတိုင် အပြောင်းအလဲ မရှိသလောက် ဖြစ်သည်။

ယခုခေတ်ကာလတွင် ကျည်ဆန်ရထားသည် ခေတ်မီတိုးတက်လာသဖြင့် ထိုသို့သောမီးရထားသည် အချိန်နှင့်အမျှ လျှော့နည်းလာပါသည်။ သို့ရာတွင် ၎င်းမီးရထားသည် လက်မှတ်စျေးနှုန်း သက်သာခြင်း နှင့် လုံခြုံခြင်းတို့ကြောင့် ယခုထိတိုင် ပြေးဆွဲနေသေးသည်။ ၎င်းသည် လမ်းတစ်လျှောက်ရှိ ရွာသူ ရွာသားများ စျေးသွားရန် ဖြစ်သကဲ့သို့ ကျောင်းသူကျောင်းသားများ ကျောင်းသွားတက်သည့် အဓိကပို့ဆောင်ရေး နည်းလမ်းလည်း ဖြစ်သည်။

လျှိုဝေ၏ မိတ်ဆက်ခြင်းအရ၊ ဒေသခံပြည်သူပြည်သားများ၏ လိုအပ်ချက်ကို ဖြည့်စွက်ရန် မီးရထားတွင် ပြန်လည်ဒီဇိုင်းရေးဆွဲပြုပြင်ပြီး ဝက်နှင့်သိုးကဲ့သို့သော တိရစ္ဆာန်များအတွက် အထူး တွဲတစ်ခုကို တည်ထောင်ခဲ့ပါသည်။ ဝက်နှင့်သိုးများ မီးရထားပေါ်သို့တက်ပြီးနောက် အထူးမီးရထား တွဲသို့ ပို့ဆောင်ပြီး လူနှင့်တိရစ္ဆာန် ခွဲခြားထိုင်လေ့ရှိသည်။ လေဝင်လေထွက်အဆင်ပြေစေရန် ပြတင်းပေါက်ကိုလည်း များစွာဖွင့်ထားသကဲ့သို့ မကြာခဏ ပိုးသတ်ဆေးဖြင့် ပိုးသတ်လေ့ရှိသည်။

တိရစ္ဆာန်တွေက ဒေသခံတွေရဲ့အမြင်မှာ ဝက်၊ သိုး သက်သက်မျှသာမဟုတ်ပါဘူး။ အဲဒါတွေက အိမ်တစ်အိမ်ရဲ့ နေထိုင်မှု အသုံးစရိတ်လည်း ဖြစ်ပါတယ်။” ဝက်၊ သိုးစသည့်တိရစ္ဆာန်များ မီးရထားစီးလျှင် လက်မှတ်စျေးနှုန်း အနည်းငယ်သာ ပေးဆောင်ရသည်။