ယူနန်ပြည်နယ် ဖိုရှန်းကန်တွင် ရေကြည်လင်ပြီး ငှက်များပျော်

2021-05-11 18:20:52 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီမြို့လက်အောက်ရှိ ချိန်ကျန်းမြို့အတွင်းရှိ ဖိုရှန်းကန် အမျိုးသား စိမ့်စိုမြေဥယျာဥ်သည် ဖိုရှန်းကန်၏မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး ဇီဝဂေဟစနစ် ကောင်းမွန်သော ကြောင့် ငှက်အမျိုးမျိုး နေထိုင်ရန် ကောင်းမွန်သော နယ်မြေဖြစ်နေပြီး သူတို့သည် ၎င်းနေရာတွင် ကျက်စားမျိုးပွားနေကြပါသည်။

 

ယူရှီမြို့ပြည်သူ့အစိုးရ၏ စုံစမ်းလေ့လာခြင်းအရ၊ အဆိုပါနေရာတွင် ငှက်အမျိုးအစား ၂၃ မျိုး ကျက်စားနေထိုင်ပြီး ၎င်းအနက် ရေငှက် ၁၆ မျိုးရှိကာ စုစုပေါင်းကောင်ရေ ၆၃၀၀ ကျော် ရှိပါသည်။

ယခုနှစ်ပိုင်းတွင် ဒေသအစိုးရ၏ ကြိုးစားမှုကြောင့် အဆိုပါနေရာတွင် အမျိုးမျိုးသော ပန်းများ၊ သစ်ပင်များ စိုက်ပျိုးထားပြီး ပြည့်စုံသော ဇီဝဂေဟစနစ်တစ်ခုကို ဖန်တီးထားပါသည်။ ထို့ကြောင့် ပိုများသော ဆောင်းခိုငှက်များသည် တစ်နှစ်ပတ်လုံးတွင် ဖိုရှန်းကန် အနီးဝန်းကျင်၌ ကျက်စား လေ့ရှိသည်ကို တွေ့မြင်နိုင်ပါသည်။