【COP15】သဘာဝဂေဟမှတ်တမ်းရုပ်ရှင် နိုင်ငံခြားဒါရိုက်တာ၏ မျက်လုံးထဲက တယ်ဟုန်ပြည်နယ်ခွဲ

2021-05-28 19:50:43 |သတင်းအရင်းအမြစ် 德宏发布

 

ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ပေါများကြွယ်၀သော တိရစ္ဆာန်နှင့် ရုက္ခပင်အရင်းအမြစ်နှင့် သာလွန်သော သဘာဝပတ်ဝန်းကျင်တို့သည် ပြည်တွင်းပြည်ပမှ သဘာ၀ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးလူပုဂ္ဂိုလ်များအား လာရောက်လေ့လာ ကြည့်ရှုရန် ဆွဲဆောင်နေပါသည်။ ဒစ္စနေးရုပ်ရှင်ဖြစ်သော “ကျွန်တော်တို့ တရုတ်တွင် မွေးဖွားသည် (Born in China)”၏ ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာဖြစ်သူ Ben Wallis သည် လာရောက်လေ့လာသူများအနက် တစ်ဦးဖြစ်ပါသည်။ သူက နာမည်ကြီး ဗြိတိန်နိုင်ငံမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး တယ်ဟုန်ပြည် နယ်ခွဲသို့ အကြိမ်ပေါင်းများစွာ လာရောက်လည်ပတ်လေ့လာခဲ့သည်။

“တယ်ဟုန်ပြည်နယ်ခွဲဟာ ထူးခြားတဲ့ မိုးသစ်တောရှုခင်းအလှတရား ပိုင်ဆိုင်ထားပါတယ်။ ငှက်များစွာရဲ့ အိမ်ရာဖြစ်ပါတယ်။ ဒေသအစိုးရဟာ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းကို တစိုက်မတ်မတ် လုပ်ကိုင်ကြပါတယ်။ ကျွန်တော့်အတွက် တယ်ဟုန်ပြည်နယ်ခွဲ လေ့လာရေးခရီးစဥ်က အရမ်းပျော်ခဲ့ရပါတယ်”ဟု Ben Wallisက ပြောပြပါသည်။ တယ်ဟုန်ပြည်နယ်ခွဲသည် တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေးတွင် အောင်မြင်မှုအသီးအပွင့်များစွာ လေ့လာခဲ့ရသည့်အတွက် တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်းများစွာတွင် တောရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေး လုပ်ကိုင်ခဲ့သော ကြိုးပမ်းမှုနှင့် အပြောင်းအလဲများကို သူကို လေးနက်စွာ ခံစားမိစေကြောင်း သူက ဆက်လက်ပြောပြပါသည်။ ဒေသအစိုးရသည် အလွန်ထူးခြားသည့်အရာတစ်ခုကို လုပ်ကိုင်ခဲ့ကြောင်း Ben Wallis က သုံးသပ် ပြောဆိုပါသည်။

၂၀၁၈ ခုနှစ်တွင် Ben Wallis အထူးတလည်ဦးဆောင်သော ရိုက်ကူးရေးအဖွဲ့သည် တယ်ဟုန်ပြည်နယ်ခွဲတွင် သဘာ၀ဂေဟမှတ်တမ်းရုပ်ရှင် “မတို့ထိရသေးသော နက်နဲသည့်နေရာ”ကို ရိုက်ကူးခဲ့ပါသည်။ ယခုပင် ကျွန်တော်တို့အတူ ယင်းမှတ်တမ်းရုပ်ရှင်မှတစ်ဆင့် Ben Wallis မျက်လုံးထဲက တယ်ဟုန်ပြည်နယ်ခွဲ၏ သဘာ၀ဂေဟကို အတူလေ့လာကြရအောင်။