အလွန်စိတ်ဓာတ်တက်ကြွစေသော တရုတ်နိုင်ငံအာကာသယာဉ်မှူးများ ရေအောက်လေ့ကျင့်ရေးဗီဒီယို

2021-06-23 17:42:43 |သတင်းအရင်းအမြစ် 央视新闻

ဇွန်လ(၁၇)ရက်နေ့ စိန်ကျိုးအမှတ်(၁၂)လူစီးအာကာသယာဉ်နှင့် ထျန်ဟော် Core module သည် အောင်မြင်စွာ ချိတ်ဆက်မိခဲ့သည်။ အာကာသယာဉ်မှူး နေဟိုက်စိန်၊ လျောပေါမင်း၊ ရန်ဟုန်ပေါတို့သည် ထျန်ဟော်Core module အတွင်းသို့ ချောမွေ့စွာ ပြောင်းရွှေ့အခြေစိုက်နိုင်ခဲ့သည်။ အာကာသယာဉ်မှူးသုံးဦးတို့သည် အခြေစိုက်သည့်ကာလအတွင်း၌ အာကာသယာဉ်အပြင်သို့ (၂)ကြိမ်ထွက်ကာ လှုပ်ရှားမှုနှင့် အာကာသယာဉ် အပြင်အလုပ်ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် အာကာသယာဉ်အပြင်သို့ထွက်ပြီး လှုပ်ရှားမှုလေ့ကျင့်ရေးမှာ အာကာသယာဉ်မှူးများအတွက် မဖြစ်မနေလေ့ကျင့်ရမည့် သင်ခန်းစာ ဖြစ်လာပါတော့သည်။

အာကာသယာဉ်အပြင်အလုပ်ကို လိုက်လျောညီထွေ လုပ်ဆောင်နိုင်ရန် ယခင်က သူတို့သည် မြေပြင်ပေါ်တွင် အလေးချိန်မဲ့ပတ်ဝန်းကျင်တုပသည့် ရေအောက်လေ့ကျင့်ခန်းကို အချိန်ကြာစွာလေ့ကျင့်ခဲ့ရသည်။ ရေအောက်တစ်ကြိမ်ဆင်းတိုင်း အချိန်(၆)နာရီနှင့်အထက် လေ့ကျင့်ခဲ့ရပါသည်။