ယူနန်ပေါင်လုအမြန်လမ်းရှိ တိမ်ဖြူကောင်းကင်ပြာ ဥမင်လိုဏ်ခေါင်း

2021-07-28 18:51:33 |သတင်းအရင်းအမြစ် 新华网

ယူနန်ပေါင်ရှန်းမှလုရွှေသို့သွားသည့် အမြန်လမ်းမကြီး(ပေါင်လုအမြန်လမ်း)ပေါ်ရှိ ဥမင်လိုဏ်ခေါင်း တစ်ခုသည် “တိမ်ဖြူကောင်း ကင်ပြာ” ဖြင့် နာမည်ကျော်ကြားနေသည်။ ၎င်းသည် Laoying အထူး ရှည်လျားသော ဥမင်လိုဏ်ခေါင်း ဖြစ်ပါသည်။

Laoying အထူးရှည်လျားသောဥမင်လိုဏ်ခေါင်းသည် ၂၀၁၆ ခုနှစ် မတ်လ(၁၀)ရက်နေ့တွင် စတင်ဆောက်လုပ်ပြီး (၁၁.၅)ကီလိုမီတာ ရှည်လျားသည်။ ဥမင်လိုဏ်ခေါင်းသည် အထူး ရှည်လျားသောကြောင့် လူတို့၏အမြင်အာရုံတွင် မောပန်းစေနိုင်သည်။ ထို့ကြောင့် ပေါင်လုအမြန်လမ်းအား ရောင်စုံပန်းချီကားများဖြင့် ပေါင်ရှန်းမှနုကျန်း၏လှပသောရှုခင်းများကို ဥမင်လိုဏ်ခေါင်းနံရံပေါ်တွင် ရေးဆွဲထားရာ သက်တောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသော ယာဉ်မောင်းပတ်ဝန်းကျင်ကို ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်ပါသည်။