သီချင်း။ ။ဆင်ကလေးချစ်ရင်သွေး

2021-09-03 14:46:48 |သတင်းအရင်းအမြစ် COP15云南省筹备办新闻宣传部

သြဂုတ်လ လလယ်ပိုင်းက ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားမှ မြောက်ပိုင်းသို့ ဦးတည်ပြီး ယူနန်ပြည်နယ် ကူမင်းမြို့ထိ ရွေ့လျားခဲ့သော တောရိုင်းဆင်အုပ်စု “နှာခေါင်းကွဲမိသားစု”သည် အချိန်(၁၇)လ လည်ပတ်ပြီးနောက် ကျက်စားရာနေရာသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ကီလိုမီတာ(၁၀၀၀)ကျော်ခရီးအတွင်း ဆင်အုပ်စုထဲမှ ဆင်ကလေး(၄)ကောင်အတွက် ခက်ခဲမှုများရှိခဲ့သော်လည်း ပုံမှန်ကြီးထွားလာခဲ့သည်။ လွန်ခဲ့သော (၁၇)လအတွင်း ဆင်ကလေးများ၏အခြေအနေကို လူအများက လိုက်လံကြည့်ရှုဂရုစိုက်ခဲ့ကြသည်။ ဆင်ကလေးများ စားကောင်းခြင်းရှိမရှိ၊ အိပ်ကောင်းခြင်းရှိမရှိကို အားလုံးက အထူးဂရုစိုက်ကြသည်။ ချစ်စရာကောင်းသော ဆင်ကလေးများသည်လည်း လူများ၏ရင်ခွင်ကို နွေးထွေးစေနိုင်ခဲ့သည်။

ဆင်အုပ်စုသည် ကျက်စားရာနေရာသို့ ပြန်လည်ရောက်ရှိပြီးနောက် ယူနန်မှ တေးရေးဆရာများသည် ဆင်ကလေးများအတွက် သီချင်းရေးဖွဲ့ခဲ့ကြသည်။ ဆင်ကလေးများမှ သယ်ဆောင်ပေးသော ပျော်ရွှင်မှုများကို ပြန်လည်သတိရစေပြီး တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းရန်အတွက်လည်း ဆော်သြလိုက်ပါသည်။ အဆိုပါသီချင်းကို နားဆင်ကြည့်ကြပါစို့။