တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်နှင့် အာဆီယံအတွက် အရေးကြီး‌သော တံခါးဖွင့်ပေးသော ပလက်ဖောင်းတစ်ခုဖြစ်လာ

2021-09-14 15:34:35 |သတင်းအရင်းအမြစ် CRI

၁၈ကြိမ်မြောက်တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၁၀ရက်နေ့မှ ၁၃ရက်နေ့အထိ တရုတ်နိုင်ငံကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့မှာ ကျင်းပ ခဲ့ပါတယ်။ ၁၁ရက်နေ့အထိ လုပ်ငန်းစဉ် ၁၇၉ ခုစာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ တရုတ်ယွမ် ဘီလီယံ ၃၀၀ ကျော် ရှိပါတယ်။

ဒီအကြိမ် ကုန်စည်ပြပွဲနှင့် မြန်မာနိုင်ငံမှ ထုတ်ကုန်များ ပါဝင်ပြသမှုအကြောင်းကို China Media Group မြန်မာဘာသာဌာနမှ သတင်းထောက်က နန်နင်းမြို့ရှိ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ စီးပွားရေးသံမှူး ဒေါက်တာ ရွှေစင်ကို အင်တာဗျူး မေးမြန်းခဲ့ပါတယ်ရှင်။(CRI Myanmar)